စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မမြင်နိုင်သော စက်ဘီး ဦးထုပ် Hovding


Sunday June. 16, 2013

ဆွီဒင်နိုင်ငံသား နှစ်ဦး တီထွင်ခဲ့တာ ဖြစ်ပြီး Hövding လို့အမည်ပေးထားတဲ့ စက်ဘီးဦးထုပ် ဖြစ်ပါတယ်။

သူ့ရဲ့ အလုပ်လုပ်ပုံက မော်တော်ကားမှာ ပါဝင်တဲ့ လေအိတ်နဲ့ သိပ်မကွာပါဘူး။ လည်ပင်မှာကောလန်လို ပတ်ထားရပြီး မမျော်လင့်နဲ့ အရှိန်ကြောင့် လှဲကျတာမျိုးဆိုရင် အလို အလျောက် ကာကွယ်ပေးဖို့ သာမန်ထက် မာကျောသော နိုင်လွန်ဖိုက်ဘာလေအိတ်က ထွက်လာ မှာ ဖြစ်ပါတယ်။ သူက ခေါင်းရော၊ လည်ပင်းကိုပါ ဖုံးအုပ် လိုက်မှာ ဖြစ်ပါတယ်။

စက်ဘီးရဲ့ ရွေ့ ရှားမှု၊ လေတိုက်နှုန်း၊ အစရှိသဖြင့် လှဲကျတဲ့ အခါ ရရှိတဲ့ အချက်အလက်အားလုံးကို တွက်ချက်ပြီး စနစ်တကျ ထုတ်လုပ်ထား တာ ဖြစ်ပါတယ်။ ဥပမာ- ဘရိတ်ဆောင့် အုပ်လိုက်လို့ လေအိတ်ထွက်မလာပါဘူး။ တကယ် Accident ကြုံလာတဲ့အခါမှာတော့ အလိုအလျောက် အချိန်မှီထွက် လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားမှာ ပါဝင်တဲ့ လေအိတ် များမှာ Sensor များထက်ပိုပြီး အာရုံခံနိုင်စွမ်းများပါတယ်

http://static.guim.co.uk/sys-images/Environment/Pix/columnists/2012/5/22/1337685691574/Bike-Blog--Hovding-invisi-007.jpg 
 လည်ပတ်လို ပတ်ထားရမယ့် ယင်းလေအိတ်က ၁.၅ ပေါင် ပဲလေးပြီး သာမန် စက်ဘီးဦးထုပ် စောင်းတာနဲ့စာ ရင် ပိုပေါ့မှာ ဖြစ်ပါတယ်။ နိုင်လွန်ဖိုက်ဘာကို Helium Gas နဲ့ ကော်လန်ထဲမှာ သိပ်ထည့်ထားပါတယ်။ သူ့ကို အလုပ် လုပ်စေဖို့ ဘက်ထရီလည်း ပါဝင်ပါတယ်။ LED မီးလုံးလည်း ပါပြီး လေအိတ်ပွင့်ခါနီးဆိုရင် အသံနဲ့အတူ အချက်ပြမှာ ဖြစ်ပါ တယ်။ သာမန် စက်ဘီးဦးထုပ်ဆောင်းတာထက် စာရင် စတိုင် ကျပြီး ပေါ့ပါးတဲ့ နည်းပညာလို့ ဆိုပါတယ်။

Hovding ရဲ့ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ်ဝင်ရောက် လေ့လာနိုင်ပါတယ်။

http://www.hovding.com/en/how/
---
ရိုးရာလေး နည်းပညာ

https://www.facebook.com/photo.php?fbid=430885410342629&set=a.35104771499306

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...