--------------------------
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
အွန်လိုင်းက စာဖတ်ပရိတ်သတ် ဒကာမတစ်ဦးက ဘုန်းဘုန်းကို တောင်းဆိုထားတာလေး တစ်ခုရှိပါတယ်။ “အရှင်ဘုရား အချိန်ပေးနိုင်တဲ့အခါ တရားထိုင်ခြင်းရဲ့ အနက် အဓိပ္ဗါယ်ကို ရှင်းပြပေးစေချင်ပါတယ်။ တပည့်တော်မ စိတ်ထဲမှာ အမြဲနားလည်မှတ်သားထားတာက အသေတတ်အောင် သည်းညည်းခံစိတ်ကို ထားနိုင်အောင် လေ့ကျင့်ယူတယ် ဆိုတဲ့သဘောဆိုပြီးတော့ နားလည်မိပါတယ်။ လွဲနေတယ်လို့ ထင်မိပါတယ်။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား” တဲ့။ ဒါက အဲဒီဒကာမရဲ့ တောင်းဆိုချက် မူရင်းပဲ ဖြစ်ပါတယ်။ မေးသင့် သိသင့်တဲ့ အမေးလေးပဲ ဖြစ်ပါတယ်။
တရားထိုင်တာနဲ့ ပတ်သက်ပြီး အဲဒီဝေါဟာရလေးကိုပဲ အလွယ်နားလည်အောင် ပြောရရင် ကိုယ့်သန္တာန်မှာ သတိကပ်ပြီး တရားတာတွေနဲ့ အထိုင်ချတာကို တရားထိုင်တာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တရားဘာကြောင့် အားထုတ်တာလဲဆိုရင် မတရားတဲ့ အားတွေများနေတဲ့အတွက် တရားတဲ့အားတွေ ထုတ်တာကို တရားအားထုတ်တာလို့ ဝေါဟာပညတ် အနေနဲ့ အဓိပ္ဗါယ်ဖွင့်ဆိုပြီး ပြောဆိုနိုင်တာ ဖြစ်ပါတယ်။ တိကျခိုင်မာတဲ့ ဘုရားရှင်ရဲ့ စကားကို ကိုးကားပြီး ပြောရရင် မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာန သုတ်မှာ “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်း သော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း
ဘုရားရှင်ရဲ့ စကားတော်မှာ တရားအားထုတ်ရခြင်း၊ တရားထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးသက်ရောက်မှုကို အခိုင်အမာ ရှင်းပြထားတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ တရားထိုင်တယ်၊ တရားအားထုတ်တယ်ဆိုတာ သတိပဋ္ဌာန်အလုပ်ကို ပွားများအားထုတ်တာပဲ ဖြစ်ပါတယ်။ သတိပဋ္ဌာန် အကျင့်ဟာ စိတ်စင်ကြယ်ဖို့၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတွေ လွန်မြောက်ဖို့၊ ကိုယ်စိတ်ဆင်းရဲခြင်းတွေ ချုပ်ငြိမ်းဖို့နဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အရိယာမဂ်ကို ရပြီး နိဗ္ဗာန်ကို ဝင်ရောက်ဖို့ စတာတွေအတွက် တရားထိုင်ကြရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သတိပဋ္ဌာန်အလုပ် တရားအားထုတ်တဲ့ သူဟာ ဒီအကျိုးတရားတွေကို လက်တွေ့ခံစားနိုင်ခြင်းဆိုတ
ဘုရားရှင်ရဲ့ မိန့်တော်မူချက်ကိုကြည့်ရင်
မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာနသုတ်မှာ “တရားအားထုတ်တဲ့ သူတွေအနေနဲ့ သတိကိုအထူးပြုပြီး ရုပ်တရားရဲ့ လှုပ်ရှားမှုတွေမှာ၊ ခံစားမှု မှန်သမျှတွေမှာ၊ စိတ်ရဲ့ဖြစ်ပေါ်မှု မှန်သမျှတွေမှာ၊ သဘာဝဓာတ် သဘောတရား မှန်သမျှတွေမှာ သိရှိမှတ်သားဖို့လိုကြောင်း
တကယ်တော့ သတ္တဝါတွေ ကိုယ်စိတ်ဒုက္ခဖြစ်ရတယ်၊ သံသရာလည်ရတယ်၊ ဘဝသစ်တစ်ဖန်ဖြစ်ရတယ် ဆိုတာဟာ သတိမရှိကြလို့ပဲ ဖြစ်ပါတယ်။ သတိမရှိတဲ့ အတွက် အမှန်ကို မသိဖြစ်ကာ အစွဲတရားနောက် တကောက်ကောက်လိုက်ရင်း အဲဒီအစွဲကြောင့် အကျိုးဆက်တွေ ဆက်ဆက်ဖြစ်ကာ ဆင်းရဲကြရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သတိကို အထူးပြုပြီး ရှုမှတ်ရတဲ့ ဒီတရားအားထုတ်မှု၊ တရားထိုင်မှုကို နည်းပေးလမ်းပြ ဟောညွန်ပြသရခြင်း ဖြစ်ပါတယ်။ အဲဒီလို ဘုရားဟောတဲ့အတိုင်း နည်းမှန်လမ်းမှန်နဲ့ လိုက်နာကျင့်ကြံသူများအတွက်
ဆိုလိုတာက တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းဆိုတာ သတိကိုအထူးပြုပြီး ဝိပဿနာ အလုပ်ကို အားထုတ်ခြင်းဖြစ်တဲ့အတွက် ဒီအလုပ်ဟာ နည်းမှန်လမ်းမှန်နဲ့ ကျင့်ကြံအားထုတ်နိုင်တဲ့ သူတွေအတွက် မျက်မှောက်ဘဝမှာပဲ စိတ်စင်ကြယ်ခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းနိုင်းခြင်းအပြင
ဒါကြောင့် တရားဘာကြောင့် ထိုင်ရတယ်၊ တရားဘာကြောင့် အားထုတ်ရတယ်ဆိုတဲ့ သဘောသဘာဝ အနှစ်သာရ အမှန်ကို မသိသူတွေအနေနဲ့ မဟာသတိပဋ္ဌာသုတ်မှာ ဘုရားရှင် မိန့်တော်မူတဲ့အတိုင်း တရားအားထုတ်တယ်ဆိုတာ သတိကို အထူးပြုပြီး ရုပ်နာမ်တွေရဲ့ သဘောသဘာဝကို အမှန်အတိုင်း သိရှိရှုမှတ်ရင်း ဒုက္ခအစု ပူလောင်မှုကို ဖြစ်စေတဲ့ ကိလေသာမှန်သမျှကို ပယ်ခွါကာ ပစ္စုပ္ဗန် သံသရာမှသည် နိဗ္ဗာန်အထိ ချမ်းသာမှုကို ဖြစ်စေဖို့၊ သန္တိသုခ ငြိမ်းအေးမှုကို ရစေဖို့၊ တဏှာကို အကြောင်းပြုပြီး ဘဝအသစ်ကို ဖြစ်စေမှုတွေကို ရပ်တန့်စေဖို့၊ ကိုယ်စိတ်ဆင်းရဲမှုတွေကို ချုပ်စေဖို့ စတာတွေကြောင့် အားထုတ်ရတာ ဖြစ်ကြောင်း သဘောပေါက် သိမြင်ကာ ယခုမျက်မှောက်ဘဝမှာပဲ တရားတစ်ခုခုကို ရရှိအောင် အနှစ်သာရရှိတဲ့ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်း အလုပ်ကို ပြုလုပ်သင့်ပါကြောင်း အသိပေးစကား ပြောကြားရင်း တရားဘာကြောင့် ထိုင်ရတယ်ဆိုတဲ့အကြောင်း တစောင်းတစောင်း တင်ပြလိုက်ရပါတယ်။
မြတ်ဗုဒ္ဓအလင်း
https://www.facebook.com/photo.php?fbid=429191403845363&set=a.351047714
No comments:
Post a Comment