စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပွင့်တော်မူပြီးသော ဘုရားအဆူဆူတို့၏ တူညီသော ဆုံးမစကား။


••••••••••••••••••••••••••••••••••••••••••••••••••••••
ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာမေးလျှောက်သည်ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

တစ်နေ့သောအခါ အရှင်အာနန္ဒာသည် ဘုရားရှင်ထံချဉ်းကပ်လျက် "အရှင်ဘုရား - ၀ိပဿီ စသော ရှေးဘုရားရှင်တို့သည် ဤဥပုသ်ကိုပင် ပြုကြလေသလော"ဟု မေးလျှောက်၏။

ဘုရားရှင်က . .
"အာနန္ဒာ - ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်တစ်ကြိမ် ဥပုသ်ပြုတော်မူ၏။

သိခီမြတ်စွာဘုရားနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်တစ်ကြိမ် ဥပုသ်ပြုတော်မူကြ၏။

ကကုသန်မြတ်စွာဘုရားနှင့် ကောဏာဂုဏ်မြတ်စွာဘုရားတို့သည် ၁-နှစ်တစ်ကြိမ် ဥပုသ်ပြုတော်မူကြ၏။

ကဿပမြတ်စွာဘုရားသည် ၆-လတစ်ကြိမ် ဥပုသ်ပြုတော်မူ၏။

ဤသို့ ရှေးဘုရားရှင်တို့၏ ဥပုသ်ပြုရာ အချိန်ကာလက ကွာခြားကြသော်လည်း သြ၀ါဒဂါထာ စကားတော်တို့ကား ဤဂါထာတို့သာတည်း"ဟု မိန့်ကြားတော်မူပြီး အောက်ပါဒေသနာတော်ကို ဟောကြားတော် မူလေသတည်း။

• မကောင်းမှု ဟူသမျှကို မပြုလုပ်ခြင်း၊
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေခြင်း၊
မိမိစိတ်ကို ဖြူစင်စေခြင်း၊
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

• တိတိက္ခာဟု ဆိုအပ်သော သည်းခံခြင်းသည် မြတ်သောအကျင့်တည်း။ နိဗ္ဗာန်ကို အလွန်မြတ်၏ဟု ဘုရားရှင်တို့ ဟောတော်မူ၏။
ရဟန်းဟူသည် သူတစ်ပါးကို မညှင်းဆဲပေ။
သူတစ်ပါးကို ညှင်းဆဲသောသူသည် ရဟန်းမဟုတ်ပေ။

• သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲခြင်း၊
ပါတိမောက္ခသံဝရ သီလကို စောင့်ရှောက်ခြင်း၊
စားသောက်ဖွယ်တို့နှင့် အတိုင်းအရှည်ကို သိခြင်း၊
ဆိပ်ငြိမ်သော ကျောင်း အိပ်ရာ နေရာတို့၌ စောင့်ရှောက်နေထိုင်ခြင်း၊ သမာပတ်ရှစ်ပါးဟူသော အဓိစိတ္တသိက္ခာကို ပွားများအားထုတ်ခြင်း၊
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

( ဓမ္မပဒ။ ဗုဒ္ဓ၀ဂ် )


https://www.facebook.com/photo.php?fbid=319005784897202&set=a.273551502775964.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...