စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ဖာ” အကြောင်း(ထန်းခေါက်ဖာ)


သနပ်ခါးအကြောင်းပြောပြီးရင်...နောက်ဆက်တွဲအနေနဲ့ ပြောပါရစေ “ဖာ” အကြောင်း

“ဖာ” ဆိုတာ ထန်းခေါက်ဖာ (အသံထွက်- ဒဂေါက်ဖာ) ကို ပြောတာပါ။ အညာဒေသ ထွက်ကုန်စစ်စစ်ပေါ့။ နမ်းကြည့်ရင် ထန်းရွက်နံ့ကလေးမွှေးတယ်။ မြန်မာမှုပစ္စည်းကလေးတွေ မြတ်နိုးတတ်သူတွေအတွက် အကောင်းဆုံးလက်ဆောင်ကလေးတခုဖြစ်မှာပါ။

ညောင်ဦးကနေ ကျောက်ပန်းတောင်းကို ၁၅ မိနစ်လောက် ကားမောင်းပြီးတာနဲ့ သဲချောင်းကလေးတွေ တွေ့ရတယ်။ ဗျတ္တဈေးတို့ ဗျတ္တပန်းဆက်လမ်း တို့ နဲ့မနီးမဝေးမှာ ထန်းရည်တွေ၊ ထန်းလျက်တွေ၊ ထန်းခေါက်ဖာတွေ ရောင်းပါတယ်။ မနက်ပိုင်းဆို ထန်းရေချို (ထရေချို) ၊ညနေပိုင်းဆို ထန်းရေခါး (ထရေခါး) ရပါတယ်။ (အရင့်အရင် အခေါက်တွေကတော့ မိုးစက်ပွင့်တို့ အချိန်ရရင်ရသလို sky beer လို့ခေါ်တဲ့ ပင်ကျရည် ထရေချိုလေးတွေ သောက်ပါတယ်။ မူးလဲမမူးပါဘူး။ ဆီး ၀မ်း ကောင်းတယ် ဆိုလားပဲ။ ) ခရီးသည်တွေကို ဆွဲဆောင်ဖို့အတွက် ဆိုင်ရှေ့မှာ နွားနဲ့ ဆီဆုံကြိတ်ပြနေတယ်။ ဆီဆုံကို ဓါတ်ပုံ မရိုက်ခဲ့ရဘူး။

ဖာ ၀ယ်ဖို့စိတ်ကူးရတာကတော့ လမ်းမှာ ထန်းလျက်တွေ၊ ဖာတွေ ရောင်းတဲ့ ဆိုင်ကလေးကိုမြင်ပြီး သနပ်ခါးတုံးကလေးတွေ သိမ်းဖို့ လိုချင်လာလို့ပါ။ အသိတယောက်က ပြောဖူးတယ်။ သနပ်ခါးတုံးကို သေတ္တာတွေ၊ ဘီရိုတွေထဲသိမ်းရင် အမွှေးနံ့ ပြယ်သတဲ့။ ထန်းခေါက်ဖာထဲမှာထည့်ထားရင် အမြဲတမ်းမွှေးမွှေးလေး ဖြစ်နေတယ်တဲ့။


အရင်ဆုံးတွေ့ရာဆိုင်မှာ ရပ်ပြီး မေးလိုက်တော့ - သုံးထောင်၊ နှစ်ထောင်၊ တစ်ထောင် တဲ့။ အကြီးဆုံးက ကိုးလက်မ လောက်ပဲ ရှိမယ်။ နောက်နှစ်ခုက ခြောက်လက်မ၊ လေးလက်မလောက်ပေါ့။ အ၀တ်အစားထည့်တဲ့ တပေခွဲ ၂ပေဆိုက်တွေတော့ အသုံးနည်းလို့ ထင်ရဲ့ မတွေ့ခဲံဘူး။ ကိုယ့်ကို အချဉ်ဖမ်းတာ မကြိုက်တဲ့ စိတ်ကြောင့် ဘာမှ ပြောမနေတော့ဘဲ ထွက်လာခဲ့တယ်။
ကိုယ့်ကားမဟုတ်တဲ့ ကားကြီးကို ကြည့်ပြီး အထင်မှားသွားတာဖြစ်နိုင်တယ်။ ဘိုင့် ဘိုင်။
ကားဆရာက သူဝယ်နေကျဆိုင်မှာ ရပ်ပေးပါတယ်။ ခြောက်ရာ၊ ငါးရာ၊ သုံးရာ တဲ့ ။
ဘာမှမပြောတော့ဘဲ တစ်ဆက်ဝယ်ခဲ့တာပေါ့။

သူတို့ကို တခုထဲတခုစီထပ်လိုက်တော့ Russian Dolls တွေလို ဖြစ်သွားတယ်။ မြန်မာမှုလက်ရာလေးတွေဟာ ဒီ့ထက်ပိုပြီး လက်ရာသေသပ်၊ ဆန်းသစ် နိုင်ရင်ကောင်းမယ်လို့ မချင့်မရဲတွေးမိတယ်။ ကုန်ကြမ်းတွေရှိပါရက် အိမ်နီးချင်းနိုင်ငံလို ဈေးကွက်ဝင်မထုတ်လုပ်နိုင်တာ စိတ်မကောင်းစရာဘဲ။
သူငယ်ချင်းတို့ လိုချင်ရင်လည်း ပြောနော်။ ထန်းခေါက်ဖာကို Set လိုက် ပို့ပေးမယ်.. ..ဘယ်လောက်ကုန်ကုန် ကုန်ပစေ..အဟဲ ။
 
https://www.facebook.com/photo.php?fbid=168331446669983&set=a.131750700328058.2

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...