စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်

 

အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊
ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။

"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။

လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။

"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတု ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ် စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်း သက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ် စားတာများရင် ဆံပင် ကျွတ်တယ်လို့တော့ ကြားဘူးတယ်" ဟု စမ်းချောင်း မြို့နယ်နေ လူငယ် တစ်ဦးက ပြောသည်။

အသင့်စား ခေါက်ဆွဲခြောက် များကို ဂျပန်နိုင်ငံတွင် အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီ တည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခေါက်ဆွဲခြောက်ထုတ် ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက် အသင်း World Instant Noodles က ထုတ်ပြန် ထားသည်။

credit to နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...