စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်မှန်တပ်သူပျိုမေများအတွက် : ကိုယ်နဲ့လိုက်မယ့်မျက်မှန်



မျက်မှန် အမြဲ တပ်ရသူပျိုမေတွေ မျက်မှန်လေးတပ်ရင်း ပဲပေးလို့ရအောင် ဒီဆောင်းပါးလေးကို တင်ဆက်လိုက်ပါတယ်ရှင်။
နေကာပဲတပ်တပ်၊ ပါဝါပဲတပ်တပ် ကိုင်းပုံစံအမျိုးမျိုး ရှိတဲ့ထဲမှာ ကိုယ့်မျက်နှာနဲ့ ဘယ် မျက်မှန် လိုက်မယ်ဆိုတာ ရွေးချယ်တတ်ဖို့ လိုပါမယ်။ အခုပဲ ဒါလေးကို ဖတ်ပြီး ရွေးချယ်ကြည့်ကြပါစို့။

Cat eyed Frame
နားထင်နှစ်ခုကြား အကွာအဝေးက နှဖူးမှ မေးစေ့ အကွာအဝေးထက် နည်းနည်းလေးပိုကျယ်တဲ့ ပျိုမေတွေအတွက် သင့်တော် မှာက cat eye ကိုင်းလေးပါ။ ယခုနှစ် ရဲ့ ရာသီစာလေးလည်း ဖြစ်ပါတယ်။
Round Frames
လေးထောင့်ဆန်တဲ့ မျက်နှာကို ကိုင်းပြေပြေ လေးတွေ တပ်လိုက်ရင် ပြေပြစ်တဲ့ မျက်နှာအသွင် ရစေပါတယ်။ မျက်နှာ လေးထောင့်ကျမှန်း မသိသာတော့ပါဘူး။


Angular Frames
ထောင့်ချိုးလေးတွေထည့်ထားတဲ့ ကိုင်းလေးတွေ ကတော့ မျက်နှာဝိုင်းတဲ့ သူတွေနဲ့ လိုက်ပါတယ်။



မျက်နှာ ဘဲဥပုံ ရှိတဲ့ ပျိုမေတွေ က ဘုရားပေးတဲ့ ဆု ရထားတယ်လို့ဆိုရမှာပါ။ ဘယ်နေကာ ပဲ တပ်တပ် မျက်နှာနဲ့လိုက်ပြီးသားပါ။

Longer Lenses
ပျိုမေရဲ့ မျက်နှာကျက သွယ်တဲ့ အစားထဲမှာပါရင် ပါးထိ ကျနေတဲ့ မှန်ကိုင်းမျိုး နဲ့ အကိုက်ဆုံးပါပဲ။ မှန်တိုတဲ့ ကိုင်းသွားဝတ်မိရင် မျက်နှာရှည် မှန်း ပိုသိသာသွား မှာမို့လို့တတ်နိုင်ရင် ရှောင်စေချင်ပါတယ်။

Oversized Lenses
မှန် size အကြီးစားတွေက မျက်နှာအစိတ်အပိုင်း ထင်ရှားတဲ့သူ ဥပမာပြောရရင် နှာတံပေါ်၊ နှုတ်ခမ်းထူ တဲ့ ပျိုမေတွေ နဲ့ပို ကြည့်လို့ကောင်းပါတယ်။ အဲလို facial features မျိုးမရှိရင်၊ ကိုယ့်မျက်နှာက မျက်မှန်ကိုင်းကြားမှာ ပျောက်သွားမှာဖြစ်တာကြောင့် facial features သေးတဲ့သူတွေ ရှောင်သင့်ပါတယ်။။

Rimless Style
ပါးရိုးမြင့်မြင့်နဲ့ လှနေတဲ့ ပျိုမေတွေအတွက် ကိုင်းမပါတဲ့ မျက်မှန်လေးတွေက ပါးရိုးအလှကို ပိုပေါ်လွင်စေပါတယ်။


ဒီလောက်ဆို ပျိုမေတို့ နဲ့လိုက်မယ့် မျက်မှန်ကို ရှာတွေ့သွားလောက်ပြီ ထင်ပါတယ်နော်။ အခု တင်ဆက်ပေးတဲ့ဆောင်းပါးလေးကို glo.msn: The Perfect Pair မှ ရှာဖွေဖော်ပြပေးထားပါတယ်။
မျက်မှန်နဲ့လိုက်ဖက်ညီတဲ့ မျက်နှာပြင်နည်း အတိုအထွာလေးတွေ ကို ဒုတိယအပိုင်း မှာ တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးလို့။
ဖတ်ရှုအားပေးသူပျိုမေများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
အလှတွေပိုနိုင်ကြပါစေ။

Ref :By မြတ်ကြည် (သနပ်ခါးမေ)


https://www.facebook.com/photo.php?fbid=432352946862542&set=a.351047714993066.7

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...