စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူ ၂၀၀ ကျော်သတ်သော သူနာပြု လေးဦး


လူ ၂၀၀ ကျော်သတ်သော သူနာပြု လေးဦး သို့မဟုတ် Angels of Death

စုစုပေါင်း လူနာ ၂၀၀ ကျော်ကို သတ်ခဲ့တဲ့ သူနာပြုလေးဦးရဲ့  ရာဇဝတ်မှု ကြီး သမိုင်းမှာ တကယ်ဖြစ်ခဲ့ပါတယ်။ သိပ်မကြာသေးပါဘူး။ သြစတီးယားနိုင်ငံမှာ ဖြစ်ပြီး ၁၉၈၃ ခုနှစ်က စလို့ ၁၉ ရာစုတစ်ခုလုံး Angels of Death လုပ်ခဲ့သူများ ဖြစ်ပါတယ်။

ပုံမှာတော့ သုံးဦးပဲ မြင်တွေ့ရပါတယ်။ Maria Gruber, Irene Leidolf, Stephanija Meyer, and Waltraud Wagner တို့ ဖြစ်ပြီး ခေါင်းဆောင် ကတော့ မျက်မှန်တပ်ထားတဲ့ ညာဘက်ထောင့်က Wagner အမည်ရ အမျိုးသမီး ဖြစ်ပါတယ်။ သြစတီးယား နိုင်ငံ ရဲ့  မြို့ တော် Vienna မှ Lainz General Hospital အမည်ရ ဆေးရုံမှာ ဖြစ်ပြီး သူတို့ကို Lainz မရဏ နတ်သမီး လို့တောင် အမွမ်းတင်ခေါ်ဆိုပါတယ်။

ခေါင်းဆောင်ဖြစ်သူ Wagner မှ ၁၉၈၃ ခုနှစ်က လူနာတစ်ဦးကို မော်ဖင်း အကိုက်အခဲပျောက်ဆေး အလွန်အကျွံထိုးလို့ သတ်ခဲ့ပါတယ်။ အဲ့တုန်းက သူမဟာ အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။ ယင်းနောက် သူမနဲ့ အသက် ၁၉ နှစ်နဲ့ ၂၁ နှစ်အရွယ် သူငယ်ချင်း နှစ်ယောက် ထပ်တိုးလာပြီး အသက် အကြီးဆုံး (၄၃ နှစ်အရွယ် ) သူနာပြု Stephanija Meyer အထိပါဝင် လာပါတယ်။ သူမကပဲ ဦးစီးဦးဆောင်ပြုလုပ် သင်ကြားပေးခဲ့ တာ ဖြစ် ပါတယ်။

ယင်းလေးယောက် စလုံးမှာ စိတ်ရောဂါတစ်မျိုး ဝင်နေပါတယ်။ Playing God အလုပ်ကို နှစ်သက်ပြီး အသက်ရှင်စေသေစေ ဆိုတဲ့ စွမ်းအင်ပိုင်ဆိုင် တယ်လို့ ကိုယ့်ကိုယ့်ကို ထင်မှတ်နေသူများ ဖြစ်ပါတယ်။ Playing God ဆိုတာကတော့ ဘုရားသခင်ကဲ့သို့ လူသားတို့၏ အသက်ကို ချုပ်ကိုင်နိုင် တယ်လို့ ထင်မြင်ပြီး ယင်းကဲ့သို့ အလားတူလုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ အကြောင်းပြချက် မရှိပဲ လူပါင်းများစွာ သတ်ဖြတ်တဲ့ အလုပ်ကို Playing God လို့ခေါ်ပါတယ်။

သူတို့ကိုယ်တိုင်ပဲ သက်သေမပေါ်ပဲ လူသတ်တဲ နည်းလမ်းအသစ်များ ထွက်ရှိစေခဲ့ပါတယ်။

ပြီးတော့ သူမတို့ကိုလည်း Angels of Death လို့လည်း အမည်တွင်စေပါ တယ်။ ၁၉၉၀ နောင်းပိုင်းမှ ဆရာဝန်တစ်ဦးဟာ သူတို့ရဲ့  လုပ်ရပ်ကို လျှို့ ဝှက်ကြားသိရပြီး တိုင်ကြားရာမှ အဖမ်းဆီးခံခဲ့ရပါတယ်။ ခေါင်းဆောင် Wagner ဟာ လူသတ်မှု ၁၇ ခု ထွက်ဆိုချက်နဲ့ ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ခံခဲ့ရပြီး Leidolf လည်း တစ်သက်တစ်ကျွန်းပါပဲ။ ကျန်နှစ်ဦး ကတော့ ထောင်ဒဏ် ၁၉ နှစ်အချမှတ်ခံခဲ့ရပါတယ်။ အမှန်တကယ် သတ်ဖြတ်ခဲ့တဲ့ စာရင်းက အနည်းဆုံး ၂၀၀ ရှိပေမယ့် အမှုမပေါ်ခဲ့ပါဘူး။

ယနေ့အထိ သူတို့ရဲ့  လုပ်ရပ်ကြောင့် Lainz ဆေးရုံဆို လူတိုင်းကြောက်နေ ဆဲ ဖြစ်ပါတယ်။ သြစတီးယားနိုင်ငံရဲ့  ဆေးလောကကို ညစ်နွမ်းစေခဲ့ပြီး Angels of Death လို့အမည်တွင်တဲ့ ယင်းသြစတီးယား သူနာပြုများကို ဥရောပသားတို့ ယနေ့တိုင် ရွံ့ ရှာမုန်းတီးလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
ှုInternational news for myanmar

http://www.innewsmyanmar.com/2013/02/angels-of-death.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...