စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်


“သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်”

           မိမိကိုယ်မိမိ လေးစားမှ လူအများက ကိုယ့်ကို လေးစားပါလိမ့်မယ်။ အပေါစားအင်္ကျီသုံးထည် ဝယ်မယ့်အစား အကောင်းစားအင်္ကျီတစ်ထည်ပဲ ဝယ် ဝတ်ပါ။ မိမိကိုယ်မိမိ ယုံကြည်မှုကို မိမိဘာသာပဲတည်ဆောက်ရပါတယ်။ သူများက ကိုယ့်ကိုလာပေးလို့ မရပါဘူး။ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်အောင် ကြိုးစားပါ။ ရှုပ်ပွညစ်ပတ်နေတဲ့အိမ်အကြီးကြီးနဲ့
နေတာထက်သန့်ရှင်းသပ်ရပ်တဲ့အခန်းနဲ့နေတာကပိုပြီးမိမိကိုယ်မိမိယုံကြည်မှုဖြစ်စေပါတယ်။
ကျွန်တော့်မှာတစ်ထောင်တန် တစ်ရွက်ပဲ ရှိတယ်။ကျွန်တော့်အိမ်ကို ဘယ်လို အလှဆင်ရမလဲလို့ မေးလာရင် ဇေယျာကတော့ “တံမြက်စည်း တစ်ချောင်းလောက် ဝယ်လိုက်ပါ” လို့ ပြောချင်ပါတယ်...။


“တစ်ခုပြီးတစ်ခု ဆက်လုပ်ပါ”

           တစ်ခါတစ်ရံကျ အောင်မြင်နေတဲ့ သူတွေရဲ့ဘဝကို ကြည့်ပြီး “ဘာကြောင့်သူတို့ဘဝတွေက ဒီလောက်လန်းနေရတာလဲ”လို့ တွေးမိကြမှာပါ။ အောင်မြင်သူတွေ ကို ပြန်လေ့လာကြည့်ရင် သူတို့လဲ “တစ်” နေရာကနေစခဲ့ကြရတာကို တွေ့ရပါလိမ့်မယ်။ စလုပ်လိုက်တာနဲ့တစ်ခုခုထပ်လုပ်ဖို့ ဖြစ်လာပါတယ်။ ထပ်လုပ်လိုက်တာနဲ့ နောက်ထပ်လုပ်ဖို့ ဖြစ်လာပါတယ်။
တစ်ခါတစ်လေကျရင် ကျွန်တော်တို့ဟာ စလုပ်ဖို့ကိုအကြောင်းအမျိးမျိုးပြပြီး အချိန်ဆွဲနေကြပါတယ်။ တစ်ခါတစ်လေကျရင် “ငါလုပ်ချင်တဲ့ အလုပ် မဟုတ်ဘူး” ဆိုပြီး အလုပ်အမျိုးမျိုးကို ရွေးချယ် နေတတ်ကြပါတယ်။ ရတဲ့အလုပ်ကိုယူလိုက်ပါ။ စလုပ်ပါ။ ကြိုးစားလုပ်ပါ။ ကျွမ်းကျင်အောင်လုပ်ပါ။ စလုပ်လိုက်တာနဲ့ တစ်ခုပြီးတစ်ခု ဆက်လုပ်စရာတွေ ပေါ်လာပါ
လိမ့်မယ်။ ပေါ်လာတဲ့ အလုပ်တွေကို တစ်ခုပြီး တစ်ခု ဆက်လုပ်ပါ။


               တစ်ခါတုန်းက အမေရိကားကို Nick ဆိုတဲ့ အီတာလျံလူမျိုးတစ်ယောက်ဟာ အခြေချ ပြောင်းရွှေ့နေထိုင်ဖို့ ရောက်လာပါတယ်။ နစ်ဟာ အင်္ဂလိပ် စကားလည်း မပြောတတ်ပါဘူး။ ငွေကြေး ကလည်းအလုံအလောက် မရှိတော့ စားသောက်ဆိုင်
တစ်ခုမှာ ပန်းကန်ဆေးတဲ့ အလုပ်လျှောက်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်ကို တွေ့ဖို့ စောင့်နေတုန်းမှာ စားသောက်ဆိုင်က သန့်စင်ခန်းထဲ ကို ဝင်သွားပြီး သန့်စင်ခန်း ကို ပြောင်နေအောင် တိုက် ပါတယ်။ ပါလာတဲ့ သွားပွတ်တံလေး ကိုသုံးပြီးကြွေပြားပေါ် က ဂျီး (ချေး)တွေကို ပြောင်နေအောင် တိုက်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင် က လူတွေ့စစ်ဆေးတဲ့ အခါ
“ဘာလုပ်တာလဲ” လို့ မေးပါတယ်။ နစ်က သူဌေးရဲ့ အချိန်မကုန်ပဲကျွန်တော့်ရဲ့ ပန်းကန်ဆေးနိုင်တဲ့ စွမ်းရည်ကို ပြတာပါလို့ ပြောလိုက်တဲ့ အတွက် အလုပ်ရသွားပါတယ်။ တစ်လကြာတဲ့အခါ စားဖိုမှူးအကူ ဖြစ်လာပါတယ်။

တစ်ခါတစ်လေ... “အလုပ်လုပ်ချင်ပါတယ်၊ အလုပ်ရှာဖို့ မလွယ်ဘူး” လို့ ပြောသံကြားရင် နစ် နဲ့ သွားပွတ်တံလေးကို တွေးမိပါတယ်....

မှတ်သားစရာ။    ။ဘယ်နေရာကပဲ ဖြစ်ဖြစ် စလုပ်ပါ။ လုပ်ရတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ပါ။ အခွင့်
အရေးဆိုတာ ရောက်လာမှာပါ။ တစ်ခုခုကို စလုပ်လိုက်တာနဲ့ လုပ်စရာတွေ တစ်ခုပြီး တစ်ခု ဆက်လုပ်ဖို့ ဖြစ်လာမှာပါ။

#############################################

“အားစိုက်မှုတိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်ပါဘူး...”

       ရေခဲတုံးကြီးတစ်တုံးကို အိုးထဲမှာထည့်ပြီး အပူပေးကြည့်ပါ။ အချိန်အတော်ကြာသည့်တိုင် ရေခဲတုံးက ဒီအတိုင်းပဲ နေ ပါလိမ့်မယ်။ အပူစွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားပေမယ့်အကျိုးကျေးဇူးကိုတော့ မျက်စိနဲ့ မတွေ့ရပါဘူး။ အချိန် ကြာလာတဲ့အခါမှာတော့ ရေခဲ က စ အရည်ပျော်လာပြီး နောက်ဆုံးမှာအားလုံး ရေ ဖြစ်သွားပါလိမ့်မယ်။ ဆက်ပြီး အပူပေးပါ။
အပူစွမ်းအင်တွေသာ အများကြီးကုန်သွားတယ်။ ထူးခြားမှုကို တွေ့ရမှာ မဟုတ်ပါဘူး။ ရေအပူချိန်၁ဝဝဒီဂရီစင်တီဂရိတ်လောက် ဖြစ်လာရင်တော့ ရေနွေးဆူတာကို တွေ့ရပြီး မကြာခင် ရေနွေးငွေ့တွေကို တွေ့ရပါလိမ့်မယ်။

        ကျွန်တော်တို့ ဘာကို သင်ခန်းစာ ရပါသလဲ။ ဘာနိယာမကိုသိရပါသလဲ။ ကျွန်တော်တို့ စွမ်းအင်တွေ၊ အားစိုက်မှုတွေထည့်ပေမယ့်၊ ချက်ချင်း ဘာထူးခြားမှု မှ မဖြစ်နိုင်ပါဘူး။ ရေခဲကိုအပူပေးမယ်၊ ရင်းနှီးမြုပ်နှံမှု တစ်ခုလုပ်မယ်။ အလုပ်မှာ ကြိုးစားအားထုတ်ပြီး အလုပ်လုပ်မယ်။ ဒါတွေအကုန်လုံး စွမ်းအင်တွေသုံးရပါတယ်။ ထည့်လိုက်တဲ့ စွမ်းအင်တွေက ပြောင်းလဲခြင်း
တွေ ဖြစ်လာဖို့ကို လှုပ်ရှားနေပေမယ့် ချက်ချင်းတော့ မတွေ့နိုင်သေးပါဘူး။ ကိုယ်က ဇွဲ မလျှော့ပဲ ဆက်ပြီးတော့ ကြိုးစားဖို့လိုပါတယ်။ စွမ်းအင်တွေ ဆက်ထည့်ရပါမယ်။ အားစိုက်ထုတ်မှုတွေ ဆက်လုပ် ရပါမယ်။ မကြာခင်မှာတော့ သေချာပေါက်ပြောင်းလဲမှုကို ကြုံတွေ့ရမှာပါ။ နိယာမကို နားလည်ရင် စိတ်မရှည်တာတို့၊ စိတ်ပျက်တာတို့ကို ဖြေသိမ့်နိုင်ပါလိမ့်မယ်။

          နေ့စဉ်ကိုယ်လုပ်ရမယ့် အလုပ်တွေကိုသာ ဦးစားပေး အစီအစဉ်အတိုင်းအကောင်းဆုံးဖြစ်အောင် အားစိုက်ထုတ်ပြီး လုပ်ပါ။ထုတ်လိုက်တဲ့ စွမ်းအင်တွေ က ဘယ်တော့မှအလဟဿ မဖြစ်ပါဘူး။ ထုတ် လိုက်တဲ့ စွမ်းအင်တွေက “လောက စွမ်းအင်ဘဏ်” ထဲမှာ စုထားသလို ဖြစ်ပြီး စွမ်းအင်တွေကိုအားစိုက်ထုတ်တိုင်း အမှတ်ရနေတယ်လို့ သဘောထားပါ။ ဒီလိုသဘော
ထားနိုင်ရင်ချက်ချင်းအကျိုးကျေးဇူးကိုမခံစားရပေမယ့် နေ့စဉ်အားစိုက်ထုတ်နေရတာကို
ပျော်နေပါလိမ့်မယ်။အမှတ်ဘယ်လာက်ရရင် အကျိုးကျေးဇူးရမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့်အကျိုးကျေးဇူးရဖို့ အမှတ်များရန်တော့လို ပါတယ်။
မကြာခဏဆိုသလို၊ ကိုယ်မျှော်လင့်မထားတဲ့ အချိန်မှာ အမှတ်ပြည့်သွားပြီး၊ အခွင့်အရေးတွေ၊အကျိုးကျေးဇူးတွေကို ရရှိခံစားရပါလိမ့်မယ်။

ဇေယျာဟိဏ်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...