စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေဖိနပ်ကြီး ရှပ်တိုက်စီး ၊

by Thida Swe on Friday, February 8, 2013 at 5:48am ·

       မန္တလေးမြို့  ဆရာတော် ဓမ္မဓရ အရှင်ကုမာရ ၏ကျောင်းတော်သို့ေ၇ာက်ရှိခဲ့စဉ်က ကြည်နူးစွာတွေ့ မြင်ခဲ့ရသောစည်းစံနစ်ရှိပုံမြင်ကွင်းလေးအား ဓါတ်ပုံရိုက်ခဲ့ပါသည် ။ထိုမှတဆင့် ဘုရားရှင်လက်ထက် အရှင်သောဏမထေရ်ကြောင့်သာသနာတော်တွင် ဖိနပ်စီးခွင့် ရ ရှိပုံကို အမှတ်ရရှိမိပါသည် ။


            ရာဇဂြိုလ်ပြည်၊စမ္ပာမြို့ မှကျိကျိတက်သူဋ္ဌေးသားကလေးသောဏသတို့ သားသည်
 စောင်းတော်ရှင်အဖြစ်သာထင်ရှားသည်မဟုတ်၊
ဘ၀ပါရမီအရ နုနယ်မှု၌ခြေဖ၀ါးတို့ တွင်မွေးနုလေးများပေါက်သူအဖြစ်ကျော်ကြားသူဖြစ်သည်။
သာသနာတော်ကိုကြည်ညိုသောဗိမ္ဗိသာရမင်းသည် သောဏကို အကြောင်းပြု၍ တိုင်းသားပြည်သူတို့ အား ဘုရားရှင်၏တရားများနာကြား၇န်စေလွှတ်ခဲ့သည် ။ သောဏသတို့ သားသည် ဘုရားရှင်ထံတွင် ရဟန်းပြု၍ စရိုက်နှင့်လျော်သောကမ္မဠာန်းကိုယူ၍ ရင်းတိုက်တောကျောင်းတွင် ၀ီ၇ိယများများမနားမနေစင်္ကြံလျှောက်အားထုတ်မှုကြောင့်နုနယ်သောခြေထောက်
ဖူးယောင်ပေါက်ကွဲကာသွေးချင်းချင်းလုးပေခဲ့တော့သည်။သို့ ပါလျက်တရားထူးမရရှိပါ ။ဝီရိယဓါတ်အင်အားများလျော့ကျပြီး မိဘများထံပြန်ရန် ကြံစည်မိတော့သည်။ဤအဖြစ်ကိုသိသောဘုရားရှင်သည် ကြွရောက်လာပြီး "၀ီ၇ိယဓါတ်အားများပြီးလွန်ကဲနေ၍အံချော်နေခြင်းဖြစ်သည်။ တရားဟူသည်
စောင်းကိုပင်ဥပမာထား၍ပွါးရမည်။စောင်းကြိုးကိုတင်းလွန်းလျှင်ပြတ် ၊လျှော့လွန်းလျှင်ပတ်သည်မဟုတ်လော။တရားဟူသည်လည်း
သဒ္ဒါ၊သမာဓိ၊၀ီရိယ၊ပညာတို့ ကိုမလိုစေမပိုစေရ၊ မဇ္စျိမပဋိပဒါမျှတစွာထားမှလိုအပ်သောတရားသို့ ရောက်ရှိပေမည်။ " ကိလေသာတို့ မှထွက်မြောက်သောလမ်းသွယ်များဖြစ်သော နိဗ္ဗာန်ရောက် အဓိမုတ္တတရား(၆)ပါးက်ုလည်းဟောတော်မူသည်။ ထို့ နောက် သောဏအရှင်အားလွှာချင်းဖိနပ်စီးခွင့်ပြုတော်မူသည်။
သောဏအရျင်၏လျှောက်ထားချက်ကြောင့်ရဟန်းအားလုံး လွှာချင်းဖိနပ်စီးခွင့်ရရှိပါသည်။

ထိုမှတဆင့် အထပ်ထပ် အလွှာလွှာသောဖိနပ်ဟောင်းကို အနုပညတ်အဖြစ်ထပ်မံခွင့် ပြုတော်မူခဲ့သည်။
နောင်တွင်သောဏသတို့ သားသည်ဘုရားရှင်သာသနာတော်၌ ဘ၀ပါရမီရှင် ဧတဒဂ်အရှင် ၊လက်ယာတော်ရံ သာဝကတစ်ပါးဖြစ်ခဲ့ပါသည်။

သောဏထေရ် အရှင်မြတ်၏ကျေးဇူးတရားများကြောင့် သံဃာတော်များဖိနပ်စီးခွင့်ရရှိခဲ့ပါသည် ။ထိုမှဆင့်၍ တပည့်တော် တို့ သည်လဲဖိနပ်များလှုဒါန်းခွင့်ရရှိပါသည် ။

ကျေးဇူးကြီးများသော သောဏထေရ်အရှင် ၏၈ုဏ်ကျေးဇူးတရားများအားရည်မှန်း၍ရှစ်ခိုးကန်တော့ပါ၏။
Dr.အရှင်ဣန္ဒက ,ပို့ ဆောင်ပေးမှုကြောင့်ဆက်စပ်လာသော တရားများ၊
Dr.ဓမ္မဓရ ကုမာရ အရှင် ၏ကျောင်း၌မြင်တွေ့ ရသော ပုံရိပ်များကြောင့်ဖြစ်ပေါ်၇သောတရားများ၊
အကြောင်းကြောင်းတို့ အားရည် မှန်း၍ အရှင်တို့ အားလဲ ရှစ်ခိုးကန်တော့ပါ၏ ။
သာဓု ၊သာဓု၊သာဓု။
ချမ်းမြေ့ကြပါစေ။
ဆရာကြီးငွေဥဒေါင်း၏ ဗုဒ္ဓစာပန်းချီ -" ရွှေဖိနပ်ကြီးရှပ်တိုက်စီး" မှ -
 မူရင်း=ရွှေဖိနပ်ကြီး ရှပ်တိုက်စီး ၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...