စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိမိကိုယ်ကို ကောင်းအောင်ကြိုးစားပါ

မင်္ဂလာပါ-
ပြီးခဲ့တဲ့ တနင်္ဂနွေနေ. ညနေ (မြန်မာစံတော်ချိန်) ၆ နာရီ ၄၀ တွင်
နေပြည်တ်ာမြန်မာ့အသံ ” လူငယ်မှတ်သား- သုတစကား” အစီအစဉ်မှ
အသံလွှင့်သွားတဲ့ “ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားပါ” ဆိုတဲ့
အကြောင်းလေးပါ -
အသံနားထောင်လို.မရတဲ့အတွက် စာသားပါ ထည့်သွင်းဖေါ်ပြပေးဖို.
ရေးသား တောင်းဆိုလာသူများအတွက် စာသားပါ ထည့်သွင်းဖေါ်ပြ
လိုက် ရခြင်းဖြစ်ပါတယ် ။
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး/////
မင်္ဂလာပါ ကလေးတို.ရေ---

ဒီနေ.တော့ တို.များ လူသားတွေရဲ့ အံ့သြစရာ ဓလေ့စရိုက်လေးတွေ ကို လေ့လာ
ကြည့်လိုက်ကြရအောင်နော် ။ “ပုထုဇနောဥမ္မတကော” လို.ပြောဆိုလေ့ရှိတဲ့- အဲ
ဆရာမတို.အပါအဝင် တို.များလူသားတွေဟာ အသိတရား လက်ကိုင်ထားတတ်သူ
တွေရှိသလို၊ တချို.ကလည်းပေါ့ပေါ့ဆဆနဲ.ဗဟုသုတနည်းပါးရှာကြတာကလားကွယ်။
တချို.ပညာတွေတတ်ကြတယ်၊ တချို.ကျတော့ ပညာသင်ချိန်မရရှိခဲ့ကြ ၊ ကျောင်း
တက်ပညာသင်ဖို.အခွင့်အလန်း မရှိခဲ့ကြရှာလို.အတန်းပညာတွေ မရှိကြရှာဘူးလေ။

တချို.ကျပြန်တော့ ကျောင်းမတက်နိုင်လို. အတန်းပညာမရှိပေမဲ့ အသိပညာအပြည့်
အဝရှိနေကြတာတွေ.ရတယ်။ အဲ-တချို.ကျတော့လည်း အတန်းပညာတွေ အပြည့်
အဝရှိနေကြပေမဲ့ အသိပညာကနည်းလှတယ်။ အသိတရားမရှိဘူးလို.ပဲပြောရမယ်။
ဒီလိုလူမျိုးတွေကတော့ မိမိကိုယ်ကိုအဟုတ်ကြီးထင်-ဘဝင်မြင့်ပြီး “ငါမှ ငါ”ဆိုတဲ့
သဘောကို လက်ကိုင်ထားကာ “ငါတကော သမား” တွေ ဖြစ်နေကြတာလေ-
တွေ.ဖူးကြုံဖူးကြလိမ့်မယ် ထင်ပါတယ် ။

အကြောင်းမကောင်းလို. အဆိုးတရားတွေနဲ. ကြုံတွေ.ရတဲ့အခါဆိုရင်လည်း “ ဒါ
ဘယ်သူ.ကြောင့်-ဘယ်ဝါ့ကြောင့်”ဆိုပြီး သူများကိုလက်ညှိုးထိုးတတ်ကြတာကလား။
ကိုယ့်အပြစ်ကိုယ်မမြင်-ကိုယ့်ကိုယ်ကိုပြန်ဆင်ချင်ရမှန်းမသိကြဘူးလေ။ ဗုဒ္ဓရဲ့ဆိုဆုံးမ
ထားတဲ့ တရားတော်တွေကို ပြန်လည်သုံးသပ် တွေးမှတ်ဆင်ချင်ဖို.ဆိုတာကတော့
ဝေလာဝေးပါပဲ။ တကယ်တော့ အဲဒီလိုမျိုး အဆိုးတရားတွေနဲ.ရင်ဆိုင်တိုး ကြုံတွေ.
လာမယ်ဆိုရင် ဘယ်သူ.ကိုမှ လက်ညှိုးထိုး အပြစ်ဖို.မနေပဲ မိမိကိုယ်ကို အသိ
တရားလေးနဲ.ထိန်းကာ အခြေခံအကြောင်းရင်းကိုရှာဖို.လိုပါတယ်။ အဓိကအရေး
အကြီးဆုံးကတော့ လူတိုင်းလူတိုင်းဟာ “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားကြဖို.”
လိုပါတယ် ။

ကလေးတို.ရေ -
ဒီကိစ္စနဲ.ပတ်သက်ပြီး ဆရာမတို.ငယ်ငယ်က သက်ကြီးစကား တဆင့်ကြားခဲ့ရတဲ့
ပုံပြင်လေးကိုပြောပြချင်ပါတယ်။
ဟိုး -ရှေးရှေးတုံးက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး အုပ်ချုပ် မင်းလုပ်နေ
တဲ့အချိန်ပေါ့ ။

တစ်ချိန်တော့ တိုင်းပြည်မှာ ရာသီဥတုက ဖေါက်ပြန် ရွာချိန်တန်လို.မိုးမရွာ၊ မိုးမ
ရွာတော့ လယ်သမားတွေက စပါးစိုက်လို.မရ ။ တောင်သူလယ်သမားတွေလည်း
သစ်သီးဝလံ စိုက်ပျိုးတာ မအောင်မြင်ဘူးပေါ့ ။ ဒီတော့ တိုင်းသူပြည်သားတွေမှာ
စားစရာဆန်မရှိ ။ ဟင်းသီးဟင်း ရွက်ဆိုတာဗလာနတ္ထိဖြစ်ပြီး ငတ်မွတ်ခြင်းဘေး
ကြီးနဲ.ရင်ဆိုင်ကြုံတွေ.ကြရပါရောကွယ် ။

ဒီလို လူတွေငတ်မွတ်လာကြတော့ တိုင်းပြည်မှာလည်း သူခိုးသူဝှက်တွေ ပေါလာ
တော့တာပေါ့ ။ ဒီအခါ လူများဟာ အဲဒီဒဏ်ကို မခံမရပ်နိုင်ဖြစ်ပြီး ဆူဆူပူပူဖြစ်
လာကြတယ်။ နောက်ဆုံးတော့ “ဒီလိုတိုင်းပြည်မှာ ငတ်မွတ်ခေါင်းပါးတဲ့ဘေးကြီး
ဆိုက်ရောက်လာတာ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်နေတဲ့ဘုရင် ကိုယ်ကျင့်တရား
မကောင်းလို.” ဆိုပြီး ပြစ်တင် လက်ညှိုးထိုးကာ နန်းရင်ပြင်မှာဆန္ဒပြကြသတဲ့။
ဒီအခါ ဘုရင်ကြီးလည်း နန်းရင်ပြင်ကိုထွက်ပြီး “ ကောင်းပြီ ဒီပြဿနာကို ရှင်း
ပေးမယ်၊ အခုလာမယ့် လကွယ်နေ.ညရောက်ရင် နန်းဥယျာဉ်အတွင်းမှာ အုတ်
ကန်ကြီးလုပ်ထားမယ်။ အဲဒီ ကန်ကြီးထဲကို တစ်အိမ်တစ်ယောက် နွားနို.တစ်ခွက်
စီ လာထည့်ကြရမယ် ” လို.အမိန်.ချ မှတ်လိုက်တယ် ။

ကလေးတို.ရေ - လကွယ်နေ.ညဆိုတော့လည်း မှောင်နဲ.မဲမဲပေါ့ကွယ်။ ကန်ကြီး
ထဲကိုနွားနို. လောင်းထည့်တဲ့အခါ ဘယ်သူမှ မမြင်ရအောင် အဝတ်မည်းကြီးနဲ.ဖုံး
အုပ်ထားတယ်။ အဲ - ဒီလိုနဲ.မနက်မိုးလင်းတော့-“ နို.ကန်ကိုဖွင့်မယ်၊ တိုင်းသူ
ပြည်သားတွေ အားလုံး လာကြည့်ကြရမယ်” လို.ဘုရင်ကြီးက မိန်.တော်မူလိုက်
သတဲ့။ ဒါ့ကြောင့် နို.ကန်ကြီးအနီးမှာ တိုင်းသူပြည်သားတွေ ဝိုင်းအုံရောက်လာကြ
ပါရော ၊

“ ကဲ- အားလုံးကြည့်ကြ” လို. ဘုရင်ကြီးကပြောပြောဆိုဆိုနဲ. အဝတ်မည်းကြီး
ကို ဆွဲဖွင့် လိုက်တဲ့အခါမှာ--ကန်ကြီးထဲမှာ နို.ရောင်ဆိုလို.တစ်စက်တောင်မှ မ
တွေ.ရပဲ ပကတိ ကြည်လင်နေတဲ့ ရေတွေကိုသာ မြင်တွေ.ကြရသတဲ့ကွယ်။
ဒီအခါ ဘုရင်ကြီးက -“ တိုင်းသူပြည်သားတို.သင်တို. အားလုံးဟာ တစ်ဦးစီ
မှာရှိကြရမယ့် ကိုယ်ကျင့်တရားတွေ ပျက်ပြားနေကြတယ်။

အခုလက်တွေ.မြင်
ကြရပြီမဟုတ်လား၊ “အိမ်တိုင်းအိမ်တိုင်းက နွားနို.တစ်ခွက်စီ ထည့်ကြမှာငါတစ်
ယောက်ထည်း ရေတစ်ခွက်သွားထည့်တာ ဘယ်သူမှသိကြမှာမဟုတ်ဘူး”- လို.
တွေးကြတယ် ။ အေး - ဒါပေမဲ့ ဒီလိုအတွေးက လူတိုင်း လူတိုင်းမှာ ကိုယ်စီ
ရှိနေကြတာဆိုတော့အခုမြင်ကြရတဲ့အတိုင်း နွားနို.ဆိုလို. အရိပ်အရောင်တောင်
မမြင်ကြရပဲရေကြည်ကြည်လင်လင်တွေကိုသာ မြင်တွေ.ကြရတာ သက်သေပဲ” -
---လို.မိန်.တော်မူလိုက်သတဲ့ ကွယ် ။

အဲ- ဆိုလိုတာကတော့ တိုင်းပြည်တစ်ပြည်-နိုင်ငံတစ်နိုင်ငံရဲ. အေးချမ်းသာယာ
ဝပြောဖို.ဆိုတာ အုပ်ချုပ်သူ လူတန်းစားတွေကချည်း မင်းကျင့်တရားနဲ. အညီ
ကျင့်ကြံ အုပ်ချုပ်နေရုံနဲ. မလုံလောက်သေးဘူး ၊ တိုင်းသူပြည်သား လူအများ
အနေနဲ.ကလည်း တစ်ဦးစီ တစ်ဦိးစီမှာရှိကြရမယ့် ကိုယ်ကျင့် တရားတွေရှိပါမှ
အဲဒီ နိုင်ငံတော်ဟာလည်း အေးချမ်းသာယာပြီး စည်ပင် ဝပြော လာလိမ့်မယ်
လို.ဆိုလိုခြင်းပဲ ဖြစ်ပါတယ်ကွယ် ။

ကလေးတို.ရေ-- - -တို.များ လူသားတွေ အနေနဲ. ဘယ်လို အခက်အခဲ
အကျဉ်းအကြပ် ဘေးအန္တရာယ်တွေနဲ.ရင်ဆိုင်ကြုံတွေ.ရပါစေ တစ်ယောက်ကို
တစ်ယောက်လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်ပုံမချကြဖို.၊ အဲ- အဓိကအနေ
နဲ.ကတော့ မိမိကိုယ်ကို မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ကာ မိမိတို. ဘာတွေ
လွဲမှားနေသလဲ၊ မိမိတို.အနေနဲ.ဘာတွေလုပ်ဖို.လိုသလဲလို.ပြန်လည်စဉ်းစားပြီး
ညှိနှိုင်းယူတတ်ကြဖို. လိုတယ်လို.ဆိုလိုခြင်းပဲဖြစ်ပါတယ်။
ကဲ - ကလေးတို.အားလုံးလည်း သူများယောင်လို.လိုက်ယောင်ရတဲ့ အဖြစ်မျိုး
နဲ.မတိုးမိအောင်သတိဆောင်ကာမင်းဘေး ၊ မီးဘေးနဲ.ရေဘေး လေဘေးစတဲ့
သဘာဝဘေးများမလွတ်မြောက်ပြီးအနာဂါတ်ရဲ့ ခေါင်းဆောင်ကောင်းလေးတွေ
ဖြစ်ကြပါစေကွယ် ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...