စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကံ၏အကျိုး ပေးပုံကို တိကျသော ပေတံဖြင့် တိုင်းတာခြင်း

          ကံ၊ ကံ၏အကျိုးကို ယုံကြည်သူတို့  လည်းရှိကြပါသည်၊ မယုံကြည်
သူတို့ လည်းရှိကြပါသည်။ ကိုယ်ပြုသောကံသည်၊ အဂတိမလိုက်စားသော တရားသူကြီး ဖြစ်ပါသည်။ ကံကိုယုံကြည်သူ ဖြစ်ဖြစ်၊ မယုံကြည်သူ ဖြစ်ဖြစ်၊ ကံ၏အကျိုးသည်၊ လွမ်းမိုးပါသည်။

          ကံကောင်းခြင်း၊ ကံဆိုးခြင်း၊ ဟူသည် ကိုယ်ပြုလုပ်သော အချက်
အပေါ် တည်မှီလျက် ရှိသည်။ ကံကောင်းလိုသော်၊ ကံဖြူစင် မြင့်မြတ်လိုသော် မည်သို့ ပြုရမည်နည်း။ ကံကောင်းလာစေရန် အဘယ်ပုဂ္ဂိုလ်များ၏ အစောင့်အရှောက်ကို ခံရမည်နည်း။ စင်စစ်သော် ကံ၏အဆိုး
အကောင်းကို ဖန်တီးနိုင်သူမှာ မည်သည့်တန်ခိုးရှင်မှမဟုတ်။ ဘိုးတော်မယ်တော်၊ ၀ိဇ္ဇာ၊ ဇော်ဂျီ တို့ လည်း မဟုတ်။ ကံကိုဖန်တီးရှင်မှာ မိမိ၏အတွင်း အဇ္ဈတ္တ၌ ကိန်းဝပ်နေသော မိမိ၏စေတနာ ဖြစ်သည်။
ကံ၏အကျိုးနှင့် ပတ်သတ်၍
 ကျေးဇူးတော်ရှင်တောင်တန်းသာသနာပြု ဆရာတော်ကြီး အရှင်ဦးဥတ္တမသာရ၏ အဆုံးအမတော်မှာ=

* စေတနာကောင်းရင် ကံကောင်းမယ်။
* စေတနာဆိုးရင် ကံဆိုးမယ်။
* စေတနာယုတ်လျှင် ကံယုတ်မယ်။
* စေတနာမြတ်လျှင် ကံမြတ်မယ်။
* စေတနာဖြောင့်လျှင် ကံဖြောင့်မယ်။
* စေတနာကောက်လျှင် ကံကောက်မယ်။
* စေတနာမွဲလျှင် ကံမွဲမယ်။
* စေတနာဌေးလျှင် ကံဌေးမယ်။
* စေတနာစင်ကြယ်လျှင် ကံစင်ကြယ်မယ်။
* စေတနာညစ်ပတ်လျှင် ကံညစ်ပတ်မယ်။
* စေတနာဖြူလျှင် ကံဖြူမယ်။
* စေတနာမည်းလျှင် ကံမည်းမယ်။
* စေတနာမြင့်လျှင် ကံမြင့်မယ်။
* စေတနာနိမ့်လျှင် ကံနိမ့်မယ်။
==အဲဒါ မြဲမြဲ မှတ်ထားကြပါ။ ။

{မင်းနန်(မော်ကျွန်း) ကျေးဇူးရှင် တောင်တန်းသာသနာပြု
ဆရာတော်ကြီး ဦးဥတ္တမသာရ၏ဩ၀ါဒ မှကိုးကားပါသည် ။ }

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...