ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် လူရွှင်တော်တစ်ဦးဖြစ်သူ အကယ်ဒမီမော့စ်နာရေးကို မူလသတ်မှတ်ထားသည့် အချိန်ထက် နာရီဝက်ကျော်စော၍ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ရေဝေးသုဿန်၌ မီးရှို့သင်္ဂြုဟ်ခဲ့သည်။ လာရောက်ကြည့်ရှုသူသူ ပရိသတ်များသဖြင့် မူလသတ်မှတ်ထားသည့် အချိန် ညနေ ၄ နာရီထက် စောစီးစွာ သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။ သရုပ်ဆောင် မော့စ်သည် အကယ်ဒမီဆု ဆွတ်ခူးရရှိပြီး ၄၅ ရက်အကြာတွင် အသည်းနှင့်အဆုတ်ရောဂါဖြင့် SSC ဆေးရုံတွင် ဖေဖော်ဝါရီ ၁၃ ရက်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
7Day News Journalတွင် ဖော်ပြထားပါသည်။
ဓါတ်ပုံနှင့်သတင်းများကို facebookရှိ -
Myanmar Online News ၊
Aye Chan Mon ၊
အမေ့အိမ် ၊ တို့မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။










စိတ်မကောင်းဖြစ်မိတာကလွဲလို့ ကျနော်တို့လဲဘာမှမတက်နိုင်ဘူးဗျာ။ သေခြင်းတရားကို ရှောင်လွှဲလို့ရတာမှမဟုတ်ပဲကို။ ကျနော်တို့တွေလဲ တစ်နေ့ဒီလမ်းကိုလျှောက်ကြရဦးမှာပဲဆိုတာ အမှန်ပါပဲ။ မြောက်များစွာသော လူတို့ကို ဟာသရွှင်ဆေးတိုက်ကျွေးနေတဲ့ အကယ်ဒမီ မော့စ် ကိုတော့ နှမျှောမိတာ အမှန်ပါ။ ဦးမော့စ်ရဲ့ နောက်ဆုံးခရီးလမ်းလေးဟာ ခုလိုစည်ကားသွားခဲ့တာကိပဲ ကျနော်တို့ဝမ်းသာရမှာပါ။
ဦးမော့စ် ကောင်းရာသုဂတိ လားပါစေ........
ဦးမော့စ် ကောင်းရာဘုံဌာနသို့ လားပါစေ.......
ဝမ်းနည်းခြင်းများစွာဖြင့်-
ကျန်ရစ်သူမိသားစုနှင့်ပိရိသတ်များ-
No comments:
Post a Comment