စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံတွင် အခမဲ့ဝန်ဆောင်မှူပေးသည့် အွန်လိုင်း အရောင်းအ၀ယ် ၀က်ဆိုက်ဒ် www.ads.com.mm ပေါ်ထွက်လာ




 
       www.ads.com.mmသည် ယခုအချိန်တွင် ရောင်းလို ၀ယ်လိုသည့် ပစ္စည်းအမျိုးပေါင်း ၅၀၀၀၀ ကျော်တို့ဖြင့် မြန်မာနိုင်ငံ၏ နံပါတ်တစ်
အွန်လိုင်း ၀ယ်ရောင်း ၀က်ဆိုက်ဒ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပါသည်။

အရှိန်အဟုန်ဖြင့် အောင်မြင်မှူရရှိလာသော ကျွန်ုပ်တို့၏ ၀က်ဆိုက်ဒ် ကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ များပြားတိုးတက်လာခြင်းကိုလဲသိရှိနိုင်ပါသည်။ နိုင်ငံတစ်ကာ ၀က်ဆိုက်ဒ်များဖြစ်သော eBay ၊ Craigslist အစရှိသည့် ၀က်ဆိုက်ဒ်များ သကဲ့သို့ပင် ကျွန်ုပ်တို့၏ www.ads.com.mm တွင်လည်းတစ်ပတ်ရစ် ပစ္စည်းများနှင့် ပစ္စည်းအသစ်များကို သင့်တော်မှန်ကန်သောဈေးနှူန်းများဖြင့် အ၀ယ်အရောင်းစတင်၍ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အင်တာနက်သုံးစွဲသူတစ်ချို့သည် ကျွန်ုပ်တို့ ၀က်ဆိုက်ဒ်ကို အမှန်တစ်ကယ်ပင် စိတ်ဝင်စားလာကြပါသည်ဟု
www.ads.com.mm ၏ မန်နေးဂျင်းဒါရိုက်တာ Steven Jonker မှ ပြောကြားခဲ့ပါသည်။

ကျွန်ုပ်တို့ ၀က်ဆိုက်ဒ်က သုံးရတာလွယ်ကူပြီးအသုံးပြူသူများ အနေဖြင့်လည်း ၀န်ဆောင်ခပေးဆောင်ရန်မလိုသော အခမဲ့ ၀န်ဆောင်မှူ ၀က်ဆိုက်ဒ်တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံသားများအတွက် အဓိကရည်ရွယ်၍ www.ads.com.mm ကိုတည်ထောင်ခြင်း ဖြစ်ပါတယ်။ကျွန်ုပ်တို့ ၀က်ဆိုက်ဒ် ကိုအင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့်ရေးသားထားသောကြောင့် လူကြီးမင်းစိတ်ကြိုက်ဘာသာစကားဖြင့်လည်းအသုံးပြုနိုင်ပါတယ် ။ တရိပ်ရိပ်တိုးတက်လာသော ကျွန်ုပ်တို့ ၀က်ဆိုက်ဒ်ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ဆိုက်ဒ်ကိုအသုံးပြုသူနေကြသောရောင်းသူ ၀ယ်သူများ အားလုံးကို အခမဲ့အထူးဝန်ဆောင်မှူပေးနေလျက်ရှိပါတယ် ဆိုသည်မှာအလွန်သေ ချာပါတယ်။

ဝက်ဆိုက်ဒ်တွင် ရောင်းချလိုသည့် ပစ္စည်းများအားအခမဲ့ ကြော်ငြာ ထားခြင်းဖြင့် မိမိရောင်းချလိုသောပစ္စည်းအား ၀ယ်ယူရန်စိတ်ဝင်စား လျင် ရောင်းချလိုသူများကိုတိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။အထူးသဖြင့် မိုဘိုင်းဖုန်းဟန်းဆက်များနှင့် လပ်ပ်တော့ ကွန်ပြူတာများ ပိုပြီးအရောင်းအ၀ယ်ဖြစ်ကြပါတယ် ဟုလည်းMr-Jonker မှ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကျွန်ုပ်တို့ ၀က်ဆိုက်ဒ်ကို အသုံးပြု၍ အွန်လိုင်း အရောင်းအ၀ယ်များ ဖြစ်ထွန်းအောင်မြင်နေခြင်းသည် နည်းပညာ ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲလာခြင်း၏ အဓိကသော့ချက် တစ်ခု ဖြစ်သည့်အပြင် အွန်လိုင်းအသုံးပြုသူအရေ အတွက်များပြား လာခြင်းကြောင့်လည်း ဖြစ်ပါတယ် ဟုလည်းပြောကြားခဲ့ပါသည်။သို့ဖြစ်ပါ၍ အနာဂတ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှူများလည်းယခုထက်ပို၍ များပြားလာမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသည်။

www.ads.com.mmကို ၂၀၁၂ခုနှစ်၊ မေလအလယ်လောက်ကစပြီး Launch လုပ်ခဲ့တာပါ။ နိုင်ငံတကာနှင့်ယှဉ်ပြောရင်တော့ classifieds website တစ်ခုအနေနဲ့တည်ထောင်ခဲ့တာပါ။ မြန်မာမှုပြုရရင်တော့ ကဏ္ဍစုံအခမဲ့ကြော်ငြာလို့ ရတဲ့ website လို့ပြောရမှာပေါ့နော်။ website က German base ပါ။ Hosting ကဟိုမှာထိုင်တာပေါ့။ ကျွန်တော်တို့ အနေနဲ့ကို မြန်မာပြည်ကလူတွေ အင်တာနက်ပေါ်မှာရောင်းတာ ၀ယ်တာ ပိုပြီးတွင်ကျယ်စေချင်တယ်လေ။ ပစ္စည်းတစ်ခုရောင်းဖို့အတွက် အချိန်တွေ အများကြီးမကုန်စေချင်ဘူး။ အဲဒီလိုပဲပစ္စည်းတစ်ခု ၀ယ်ဖို့အတွက် အချိန်တွေအများကြီးမကုန်စေချင်ဘူး။

အင်တာနက်အသုံးပြူသူတော်တော်များများက ကျွန်တော်တို့ ၀က်ဆိုက်ဒ်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာသိပ်မသိကြသေးပါဘူး ။ တစ်ကယ်တမ်းတော့ ကျွန်တော်တို့ ၀က်ဆိုက်ဒ်က အလွန်ပင်ရိုးရှင်းပါတယ်ဟု www.ads.com.mm ၏ မန်နေဂျာ ဖြစ်သူကိုကျော်ဌေးမှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

မည်သူမဆို ကျွန်တော်တို့ ၀က်ဆိုက်ဒ်စာမျက်နှာကိုလေ့လာကြည့် ရှုနိုင်ပါတယ်။

မိမိဝယ်လိုသော ပစ္စည်းအမျိုးအစားအလိုက် ရှာဖွေနိုင်ပါတယ်။ထို့အပြင် မိမိဝယ်ယူလိုသော ပစ္စည်းနှင့် ဈေးနှူန်းကိုလည်းရောင်းချလိုသူဆီသို့ တိုက်ရိုက် ဖုန်းဖြင့်သော်လည်းကောင်း ၊ မေးလ်ပို့၍ သော် လည်းကောင်းစုံစမ်းမေးမြန်းနိုင်ပါတယ်။

မိမိရောင်းချလိုသောပစ္စည်းအားဓါတ်ပုံရိုက်၍ အချက်အလက် စုံလင်စွာဖြင့် ၀က်ဆိုက်ဒ်ပေါ်တင် ကြော်ငြာပါကလူများပို၍ စိတ်ဝင်စားကြောင်း ကျွန်ုပ်တို့ ၏ အတွေ့အကြုံ အရသိရှိရပါသည် ။

အထူးသဖြင့်တော့ ကျွန်တော်တို့ ၀က်ဆိုက်ဒ်ကို သုံးခြင်းအားဖြင့် အချိန်ကုန်လူပင်ပန်းသက်သာမယ်။ ပစ္စည်းအသစ်ဝယ်ဖို့ ပစ္စည်းဟောင်းကိုခြောင်ထိုးစရာမလိုတော့ဘူး။ အလွယ်တကူရောင်းလို့ရတယ်။
ပစ္စည်းအသစ်အဟောင်းဈေးနှုန်းတွေကိုချိန်ဆ ကြည့်လို့ရတယ်။ နှိုင်းယှဉ်ကြည့်လို့ရတယ်။ အခမဲ့ ဖြစ်တဲ့ အတွက် ကြိုက်သလောက်တင်ရောင်းလို့ရတယ်။ ၀ယ်လို့ရတယ်။ ရောင်းချင်တဲ့သူနဲ့ ၀ယ်ချင်တဲ့သူ တိုက်ရိုက် ချိတ်ပေးတာဖြစ်တဲ့ အတွက် ကြားခံမရှိဘူး။ ယုံကြည်စိတ်ချရတယ်။ တစ်ခုတော့ရှိတာပေါ့လေ။ တွေ့ဆုံရောင်းဝယ်ကြတဲ့အခါမှာတော့ Public Area လိုမျိုး၊ လက်ဖက်ရည်ဆိုင် လိုမျိုးမှာတွေ့ပြီးရောင်းဝယ်သင့်ပါတယ်။

အခုလောလောဆယ်တော့ ဖုန်းတွေ နဲ့ ကွန်ပြူတာပစ္စည်းတွေကတော့ တော်တော် အရောင်းအ၀ယ်ဖြစ်တယ်။ အလုပ်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ user တွေကနေပြန်ကြားရပါတယ်။ တခြားကဏ္ဍတွေအစုံရောင်းဝယ်လို့ရတယ်ဆိုတာ မသိသေးလို့လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်ဝမ်းသာပါတယ်။ ကျွန်တော် တို့ ရည်ရွယ်ချက်ကိုက ၀က်ဆိုဒ်ကို လူများများသုံးတယ် အလုပ်ဖြစ်တယ်ဆို ၀မ်းသာ ရတယ်ဆိုတာပါပဲ။
ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် Marketplace လေးတစ်ခု ဖန်တီးပေးထားတယ်။ အဲဒီ Marketplace ကို ၀င်ရောက်ရောင်းဝယ်တဲ့ သူတွေဆီက Feedback တွေကိုနားထောင်တယ်။ ပြီးရင် ပိုကောင်းအောင်ကြိုးစားတယ်။ ပြီးရင် လုပ်ငန်းရှင် တွေနဲ့ ချိတ်ပြီးတော့ သူတို့ဆီကပစ္စည်းတွေကိုလည်းတင်ပေးပါတယ်။

သူတို့အတွက်လည်းရောင်းအားတတ်မယ်လို့ မျှော်လင့်ပါတယ်။ အသုံးပြုသူတွေအနေနဲ့လည်းအလွယ်တကူရှာတွေ့နိုင်တဲ့အတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည့်ပါတယ်။
ရောင်းချင်တယ်သူတွေကတော့ ပစ္စည်းကိုတင်ရောင်းဖို့အတွက် ဆိုင်တွေ ဘာတွေမလိုဘူး။ ကိုယ့်ပစ္စည်းကိုဓါတ်ပုံလေးရိုက်ပြီးလိုချင်တဲ့ဈေးနှုန်းလေးနဲ့ တင်ထားရုံပဲ။ အဲဒီတော့ အချိန်ကုန်သက်သာတယ်။ ပြီးတော့ အခမဲ့ဖြစ်တဲ့အတွက် ၀န်ဆောင်ခပေးစရာမလိုဘူး။ ရောင်းရတဲ့ငွေကကိုယ့်ငွေပဲပေါ့။ အသားတင် အမြတ်ပါပဲ။

နိုင်ငံတကာမှာခေတ်စားနေတဲ့ Online Shopping ဆိုတာကတော့ အားလုံးအွန်လိုင်းကပဲအလုပ်လုပ်သွားတာများတာပေါ့နော်။ ငွေပေးငွေချေကအစပေါ့။ လုပ်ငန်းရှင်တွေအတွက်လည်း Market တစ်ခုတိုးသလိုစားသုံးသူတွေအတွက်လည်းအလွယ်တကူအိမ်ကနေ ကြိုပြီးရှာသွားနိုင်တာပေါ့။ Shopping Center ရောက်မှ ဟိုဟာဝယ်ရမလိုလို ဒီဟာဝယ်ရမလိုလိုလည်း မဖြစ်တော့ဘူးပေါ့နော်။ ရွေးစရာ လည်းပိုစုံပြီးစိတ်ကြိုက်ရွေးလို့ရတာပေါ့။ ကောင်းပါတယ် အဲလိုအခြေနေထိဖြစ်လာမယ်ဆို။ ၀မ်းသာစရာပါပဲ။ ကျွန်တော်တို့ အနေနဲ့လည်းအဲဒီအဆင့်ထိရောက်အောင် လုပ်ဖို့ဆန္ဒရှိပါတယ်။ အခုလောလောဆယ်တော့ (၁၀၀) ကိုတန်းမသွားနိုင်သေးပေမယ့် ရောက်သလောက်ကိုတော့ အရင်သွားထားရမှာပါ။

ရာနှုန်းပြည့် အွန်လိုင်းဖြစ်ဖို့ဆိုတာကလည်းအဖက်ဖက် ကလိုအပ်ချက်လေးတွေရှိနေသေးတာကို။ ဖြစ်လာမှာပါ မကြာခင်မှာပဲ။
အသုံးပြုပုံကတော့ ၀က်ဆိုဒ်ကို ၀င်ကြည့်တဲ့သူတွေအတွက် ၀င်ကြည့်မယ်။ ပစ္စည်းတစ်ခုကို ကြိုက်တယ် ၀ယ်ချင်တယ်ဆို အဲဒီကျော်ငြာမှာပါတဲ့ ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်ကတစ်ဆင့် ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။
ရောင်းချင်တဲ့သူတွေအတွက်ကတော့ ၀က်ဆိုဒ်မှာ ကိုယ့်ရဲ့ အမြဲတမ်းသုံးနေတဲ့ အီးမေးလ် နဲ့ အကောင့်လုပ်လို့ရပါတယ်။ အဲဒီအကောင့်ကိုသုံးပြီးနောက်ပိုင်းကြော်ငြာတွေ အကန့်သက်မရှိတင်လို့ရပါတယ်။ ကြော်ငြာတစ်ခုကိုရက်(၅၀) သက်တမ်းသက်မှတ်ထားပေမယ့် အကန့်သက်မရှိကိုယ်တိုင် ထပ်တိုးလို့ရပါတယ်။ ပိုပြီးအသေးစိတ်ကိုတော့ ကျွန်တော်တို့ Facebook မှာတင်ပေးထားပါတယ်။ Facebook လိပ်စာကတော့ www.facebook.com/ads.com.mm ပါ။

သိလိုသည်များကို အောက်ဖေါ်ပြပါ ပုဂ္ဂ္ဂိုလ်များထံသို့ မေးမြန်းစုံ စမ်းနိုင်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...