စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာကြောင့် သွေးက အနီရောင် ဖြစ်နေတာလဲ?

ခန္ဓာကိုယ်ရှိ သွေးလွှတ်ကြော၊ ဆံခြည်မျှင် သွေးကြောနဲ့ သွေးပြန်ကြောတွေမှာ စီးဆင်းနေတဲ့ သွေးထဲမှာ ဆဲလ်နဲ့ အရာ
ဝတ္ထုမျိုးစုံ ပါရှိနေပါတယ်။သွေးထဲ ပါရှိနေတဲ့ အရာတိုင်းက သူ့ဟာနဲ့သူ အရေးကြီးတာချည်းပါပဲ။ ပထမဆုံး အနေနဲ့ ပြော
ရမယ်ဆိုရင် သွေးရဲ့ အရည်ကြည် အပိုင်းကို စပြောရမှာပေါ့။

 

အဲဒီ အပိုင်းကို သွေးရည်ကြည်    (Plasma)   လို့ ခေါ်ပြီး သွေးရဲ့ တစ်ဝက်ကျော်ကျော်က သူနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါ
တယ်။အဝါရောင် ဖျော့ဖျော့ရှိကာတချို့ဓာတ်တွေ ပျော်ဝင်နေတာကြောင့် ရေထက်မဆိုစလောက်လေး ပိုပျစ်နေပါတယ်။
ပျော်ဝင်နေတဲ့ အရာတွေကတော့ပရိုတင်းတွေ၊ ရောဂါ တိုက်ဖျက်ပေးနိုင်တဲ့Antibody တွေ၊ သွေးခဲစေနိုင်တဲ့ Fibrinogen
ဓာတ်၊ ကာဗိုဟိုက်ဒရိတ်တွေ၊ အဆီတွေ၊ ဆားတွေနဲ့ တခြား ပစ္စည်းတွေ ဖြစ်ပြီး သွေးဆဲလ်တွေနဲ့အတူ ရှိနေပါတယ်။



   သွေးကို အနီရောင် ဖြစ်စေခြင်းက သွေးနီဥတွေကြောင့်ပါ။ သွေးထဲမှာ သွေးနီဥတွေ အများကြီး ပါရှိနေတာကြောင့်သွေး
ကနီနေတာပဲ ဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာသွေးနီဥလေးတွေပေါင်းသန်းပေါင်း ၃၅  သန်းကတစ်ချိန်တည်းမှာလှည့်လည်
သွားလာနေကာ သွေးနီဥတွေဟာ သွေးကြောထဲမှာပဲ နေတတ်ကြပါတယ်။သွေးနီဥထဲက  အနီရောင်ခြယ်ဓာတ် ဟေမိုဂ
လိုဘင်က အနီရောင်ကို ဖြစ်စေပြီး ပရိုတင်းနဲ့ တွဲနေတဲ့ သံဓာတ်ပါရှိပါတယ်။ သွေးဟာ သွေးလွှတ်ကြောကတစ်ဆင့် အ
ဆုတ်ထဲ ရောက်တဲ့အခါ အဆုတ်ထဲရှိ အောက်ဆီဂျင်ဓာတ်က ဟေမိုဂလိုဘင်နဲ့ ပူးပေါင်းသွားပါတယ်

      သွေးနီဥတွေက အောက်ဆီဂျင်ကို သွေးလွှတ်ကြောနဲ့ ဆံခြည်မျှင်  သွေးကြောတွေက တစ်ဆင့် ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးဆီ ပို့ပေးပါတယ်။ ဒါ့အပြင် ထိုဆဲလ်တွေဆီက  ပြန်ပေးတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို  သွေးပြန်ကြောကတစ်
ဆင့် အဆုတ်ဆီ ပြန်သယ်လာပေးပါတယ်။သွေးနီဥတွေဟ လေးလလောက်သာ အသက်ရှည်ကာ သက်တမ်းပြည့်တာ
နဲ့ သရက်ရွက် (Spleen) ထဲမှာပျက်စီးကြပါတယ်။ ပြိုကွဲပျက်စီးသွားတဲ့ သွေးနီဥတွေ နေရာမှာ အစားထိုးဖို့ သွေးနီဥအ
သစ်တွေ အမြဲ ဖြစ်ပေါ်လေ့ ရှိပါတယ်။ သွေးထဲမှာ သွေးနီဥအပြင် သွေးဖြူဥ မျိုးစုံလည်း ရှိနေပါသေးတယ်။

ဖတ်ကြားပေးတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူုးတင်ပါတယ်......


ဒေါက်တာနုမြတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...