စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူတွေက ကိုယ့်ကိုယ်ကို ဘာလို့ကလိထိုးလို့မရတာလဲ


ဦးနှောက်မှ အရေးကြီးသော အစိတ်အပိုင်း တစ်ခု -- ကြွက်သားမှတ်ဥာဏ်

လူတွေက ကိုယ့်ကိုယ်ကို ဘာလို့ကလိထိုးလို့မရတာလည်း ဆိုတာ ကလေးတွေ မေးလေ့ရှိပါတယ်။ ယင်းအတွက် အဖြေရှိပါတယ်။ ကိုယ့်ကိုယ် ကို ကလိထိုးလို့ မရယ်အောင် တားဆီး၊ သတိပေးနေတဲ့ အရာ ကတော့ ဦးနှောက်ထဲက cerebellum ဆိုတဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သူက မိမိရဲ့  လှုပ်ရှားမှုကို ပြန်လည်မှတ်သား ထားနိုင်တဲ့အတွက် ဘယ်လိုပဲ ကိုယ့်ကိုယ်ကို ကလိထိုးပါစေ ရယ်အောင် မလုပ်နိုင်ပါဘူး။

သူကို ကြွက်သွားမှတ်ဥာဏ်လို့လည်း ခေါ်ပါတယ်။ မိမိခန္ဓာကိုယ် ကြွက်သား ရဲ့  လုပ်ဆောင်ချက် အားလုံးကို မှတ်သားထားနိုင်ပြီး၊ ဦးနှောက်ရဲ့  အသိဥာဏ်နဲ့ ပြန်လည်ပေါင်းစပ်ပေးပါတယ်။ ဥပမာ ပစ်လွတ်လိုက် တဲ့ ဘောလုံး တစ်လုံး ကိုယ့်ဆီရောက်လာရင် လက်က ဖမ်းလိုက်တာဟာ cerebellum က အလုပ်လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ ကြွက်သားများရဲ့  အချက်ကျကျ လုပ်ဆောင်ချက်ကို crerbellum က ထိန်းကွတ်ပေးပါတယ်။

ဥပမာ ဂီတာတီးတဲ့အခါ ဂီတာအပေါ် အာရုံမစိုက်နေသော်ငြားလည်း လက်ကွက် များကို အလွယ်တကူ တီးသွားနိုင်ခြင်း cerebellum လို့ခေါ်တဲ့ ဦးနှောက် အစိတ်အပိုင်းက အလုပ်လုပ်သွားခြင်း ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကြွက်သားများရဲ့  လုပ်ရှားမှုတိုင်းကို မှတ်သားထားပြီး သင့်လျော်တဲ့ နေ ရာ တွေမှာ ပြန်လည် အသုံးချပေးပါတယ်။ သို့ပေမယ့် လေဖြတ်ခြင်းနဲ့ အခြားသော ဦးနှေက်နဲ့ဆက်စပ် ရောဂါများ ဖြစ်တဲ့အခါ၊ အသက်ကြီးလာတဲ့ အခါ Crebellum ရဲ့  လုပ်ဆောင်ချက်များ နှေးကွေးလာတတ်ပါတယ်။

ဒါကြောင့် Crebellum ဟာလည်း လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဦးနှောက် အစိတ်အပိုင်း တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: medic-facts
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_18.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...