စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဦးနှောက် စကင်ဖတ် ခြင်းဖြင့် ချစ်သူ စုံတွဲများ အချိန် ကြာမြင့်စွာ ရွှေလက်တွဲနိုင် မတွဲနိုင်ကို ဖော်ထုတ်နိုင်

Like This Page · 8 hours ago


ဒိမ်း(ဇိုမီး)

ချစ်သူ စုံတွဲများ အချိန် ကြာမြင့်စွာ ရွှေလက်တွဲနိုင် မတွဲနိုင်ကို ဦးနှောက် ချစ်သူစုံတွဲ များအကြား၌ အချိန် ကြာမြင့်စွာ လက်တွဲနိုင်မည်၊ မတွဲနိုင်မည်ကို ကြိုတင် သိမြင်နိုင်ရန် ၄င်းတို့ ဦးနှောက်ကို စကင် ဖတ်ခြင်းဖြင့် ဖော်ထုတ်နိုင်ကြောင်း သုတေသီ များက ပြောကြားခဲ့ သည်ဟု အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြ ထားသည်။

မကြာသေး မီက ချစ်သူများ အဖြစ်သို့ ရောက်ရှိခဲ့ ကြသည့် စုံတွဲအသစ် စက်စက်များ၏ ဦးနှောက် လှုပ်ရှားပုံအား စကင်ဖတ်ခြင်းဖြင့် ၄င်းစုံတွဲ များသည် ချစ်သူသက်တမ်း သုံးနှစ်ကြာ ပြီးနောက်တွင် တစ်ဦးနှင့် တစ်ဦး ဆက်လက်၍ မေတ္တာ ရှိနိုင်မည် ဟုတ်၊ မဟုတ်ကို ခန့်မှန်းနိုင်ကြောင်း သိပ္ပံပညာရှင် များက ပြောကြားသည်။

ချစ်သူစုံတွဲ သစ်များ အနေဖြင့် ၎င်းတို့ နှစ်ဦးကြား၌ သက်တမ်းကြာကြာ ချစ်နိုင်မည်၊ မချစ်နိုင် မည်ကို သိရှိလို ပါက တစ်ဦးနှင့် တစ်ဦး မခွဲနိုင် မခွာရက်ဘဲ အလွန်အမင်း ချစ်နေသည်ဟု ယူဆရသော အချိန်တွင် ၎င်းတို့၏ ဦးနှောက်များကို စကင်ဖတ် ပါက ရေရှည် လက်တွဲရန် ၎င်းတို့၏ ချစ်ခြင်း မေတ္တာသည် ခိုင်ခံ့မှုရှိ၊ မရှိကို သိရှိနိုင်မည် ဖြစ်သည်။

       ဦးနှောက်ကို စကင်ဖတ် နေချိန်တွင် ချစ်သူ နှစ်ဦးသည် တစ်ဦး၏ ဓာတ်ပုံကို တစ်ဦးက ကြည့်ပြီး နှစ်ဦး စလုံး၏ ပျော်ရွှင် ကြည်နူးဖွယ် အချိန်များကို ပြန်လည် တွေးတော ရမည်ဟု ဆရာဝန်များက ပြောကြားသည်။ သိပ္ပံပညာ ရှင်များ အနေဖြင့် အထက်ပါ နည်းအတိုင်း ချစ်သူစုံတွဲ များ၏ ဦးနှောက်ကို စကင်ဖတ်၍ စစ်ဆေးခဲ့ ကြရာတွင် အတူတကွ နေထိုင်ကြသည့် ချစ်သူများ၏ ဦးနှောက်တွင် ပျော်ရွှင် ကျေနပ်မှုကို ခံစားဖော်ပြသည့် အစိတ် အပိုင်းသည် လှုပ်ရှားမှု အားနည်း နေကြောင်းကို တွေ့ရှိခဲ့ ကြသည်။ ၎င်း အစိတ် အပိုင်းတွင် လှုပ်ရှားမှု အားနည်းနေ ရခြင်းသည် အတူတကွ နေထိုင်ရ ခြင်းကို ရိုးအီ နေကြောင်းကို ပြသနေကြောင်း ဆရာဝန်များက ပြောသည်။ ဆရာဝန် များသည် ချစ်သူစုံတွဲ ၁၂ တွဲကို သုတေသနပြု ခဲ့ရာတွင် သုံးနှစ် နောက်ပိုင်းတွင် အဆိုပါ စုံတွဲများ၏ ထက်ဝက်ခန့်သည်။ ဆက်လက်၍ ချစ်ခြင်း မေတ္တာခိုင်မြဲ လျက်ရှိသည်ကို တွေ့ရှိခဲ့ ကြသည်။ 
 
          သုတေသန ပြုရာတွင် ပါဝင်ခဲ့သည့် စုံတွဲ အားလုံးသည် ၎င်းတို့၏ ချစ်သူကို အလွန်အမင်း ချစ်ခင်ကြ သူများ ဖြစ်သည်ဟု ယူဆ လျက်ရှိကြောင်း၊ သို့ရာတွင် ၎င်းတို့၏ ဦးနှောက်မှ တုံ့ပြန်မှုကို စက်အတွင်း၌ လေ့လာချက် အရ ၎င်းတို့၏ ချစ်ခြင်း မေတ္တာသည် မည်မျှလောက် ခိုင်မြဲမည် ဟူသော အချက်နှင့် စပ်လျဉ်း၍ စဉ်းစား တွေးတောစရာ သိမ်မွေ့လှသည့် အချက်များ ရှိနေသေးကြောင်း စတိုနီဘရွတ်ခ် တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ အာသာ အာရွန်က ပြောကြားသည်။ ယခု ပြုလုပ်သည့် သုတေ သန ပြုချက်သည် ဆက်ဆံရေးတွင် အခက် အခဲကြုံတွေ့ နေကြသော လူများအတွက် လက်တွေ့ဆန်သည့် ဖြေရှင်းမှု နည်းလမ်း တစ်ခုဖြစ်ကြောင်း အာရွန်က ထပ် လောင်း ပြောကြားသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...