စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အကြီးဆုံးမိကျောင်းဘွဲ့ သြစတြေးလျနိုင်ငံမှရရှိ

Like This Page · 8 hours ago


Thursday, February 14, 2013
=================================
ကမ္ဘာ့အကြီးဆုံး မိကျောင်းဘွဲ့ရထားသည့် မိကျောင်းကြီး သေဆုံးသွားသဖြင့် ယခုအခါ သြစတြေးလျနိုင်ငံမှ မိကျောင်းကြီးအား ကမ္ဘာ့အကြီးဆုံး မိကျောင်းအဖြစ် သတ်မှတ်ခံလိုက်ရကြောင်း သိရသည်။

ယမန်နှစ်က ကမ္ဘာ့စံချိန်မှတ်တမ်းများကို ဖော်ထုတ်ပေးနေသည့်
Guinness Book မှတ်တမ်းဝင် အကြီးဆုံး မိကျောင်းကြီး “လိုလောင်း” သည် သေဆုံးသွားကြောင်း ဖိလစ်ပိုင်နိုင်ငံမှ သတင်းထုတ်ပြန်
ကြေညာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးဘွဲ့ရ မိကျောင်းကြီးသည် အလေးချိန် တစ်တန်ကျော်ရှိပြီး၊ အရှည်မှာ ၆ ဒသမ ၁၇ မီတာရှိ သည်။ လိုလောင်း
သေဆုံးသွားသဖြင့် အရှည် ၅ ဒသမ ၅ မီတာရှိသည့် ကက်ဆီးယပ်စ် မိကျောင်းကြီးမှာ ကမ္ဘာ့ အကြီးဆုံး စာရင်းဝင်ရန်ဖြစ်လာခဲ့သည်။

ကက်ဆီးယပ်စ်ကို သြစတြေးလျနိုင်ငံ မြောက်ပိုင်းတွင် ဖမ်းဆီး
ရမိခဲ့ခြင်းဖြစ်ပြီး၊ ရေငံ မိကျောင်းမျိုးဖြစ်သည်။ ကွင်းစလန်ရှိ မိကျောင်းဥယျာဉ်တွင် ၂၆ နှစ်ကြာ နေထိုင်ခဲ့သည့် မိကျောင်းကြီး
လည်းဖြစ်သည်။

ကက်ဆီးယပ်စ်ကို ကမ္ဘာ့အကြီးဆုံးမိကျောင်းဘွဲ့ ပေးလိုက်ခြင်းနှင့်
ပတ်သက်ပြီး မိကျောင်းပြခန်းမှလုပ်သား ဘေလီ ကရစ်က “ခုဆိုရင် ကက်ဆီးယပ်စ်က ဘုရင်ကြီးဖြစ်သွားပြီ၊ သူ့ပြိုင်ဖက်သေပြီး သူဘုရင်ဖြစ်သွား တယ်ဆိုတာ တစ်ဖက်ကကြည့်ရင် စိတ်မကောင်းစရာဖြစ်သလို၊ တစ်ဖက်ကကြည့်ရင် ဝမ်းသာစရာသတင်းပဲ” ဟုပြောကြားခဲ့သည်။

ဇင်မင်း
မောက္ခ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...