စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပညာ အရောင်ဖြင့် လောက အကျိုး သယ်ပိုး ကြပါစို့



ဤလောက၌ ရတနာ မျိုးစုံ ရှိသည်။ ထိုရတနာ များထဲမှ မပျောက်ပျက် မပျက်စီးဘဲ ပိုင်ဆိုင်သူ၏ လက်ထဲတွင် တစ်သက်တာ တည်မြဲနေသော ရတနာကို ညွှန်ပြပါဆိုလျှင် ''ပညာ''ဟူသော ရတနာကို ညွှန်ပြ ရပေမည်။

အကြောင်းမူကား ပညာသည် လူသား တို့၏ အနာဂတ်ကို မည်သည့်မီးမှ ထွန်းညှိစရာ မလိုဘဲ ထင်ထင်ရှားရှား ပြသ ပေးနိုင် သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ''ပညာသမာ အာဘာနတ္ထိ၊ ပညာနှင့် တူသော အလင်းရောင်သည် မရှိ'' ဟူ၍ သုံးလူ ထွတ်ထား မြတ်စွာ ဘုရားရှင်က ပညာ၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးထားခြင်း ဖြစ်သည်။

''ပညာ'' ဟူသည် တန်ဖိုး မဖြတ်နိုင်သော အရာ ဖြစ်သည်။ ပညာ ရှာမှီးခြင်းဖြင့် ဥာဏ်ပညာ ထက်မြက် ရုံသာမက ကြီးပွား တိုးတက် စေသည့် အပြင် ယဉ်ကျေး သိမ်မွေ့ စေသည်။ လူသားတို့သည် မိမိဘဝ အစ ဖွားမြင်ချိန် လူ့ဘောင် အတွင်း ဝင်ရောက် ချိန်မှစ၍ မိမိတို့ အသက်အရွယ် အလိုက် ပညာကို သင်ယူ လေ့လာ ကြရသည်။ ပညာ အထောက်အပံ့ ဖြင့်သာ လောက အကျိုး သယ်ပိုး နိုင်သော လောကကိုအကျိုး ပြုသော သားကောင်း ရတနာ၊ သမီးကောင်း ရတနာများ ပေါ်ထွက် လာရခြင်း ဖြစ်သည်။

ပညာသည် လူတို့၏ အသိ ဉာဏ်ကို ဖွင့်ပေးသောကြောင့် အမှားနှင့် အမှန်ကို ပညာ မျက်စိဖြင့် ပိုင်းခြား ဝေဖန်နိုင်စွမ်း ရှိသည်။ အသိပညာ၊ အတတ်ပညာ ဟူသည် နည်းသည်၊ များသည် ဟူ၍ မရှိဘဲ သူ့နေရာနှင့်သူ တန်ဖိုး ရှိသည်။ ယနေ့ အချိန်အခါတွင် ပညာ ရှာမှီးရန် ပိုမိုလွယ်ကူ လာပြီဖြစ်သည်။ စာအုပ်ကောင်း မြောက်မြားစွာ ရှာဖွေမည်လား။ ဆရာပေါင်း မြောက်မြားစွာ ထံမှ သင်ယူမည်လား။ ရှာဖွေနိုင်သည်။ သင်ယူ နိုင်သည်။ မိမိအား တစ်စုံ တစ်ဦးသော သူက သုံးစွဲရန် ငွေအသပြာနှင့် ပညာတည်း ဟူသော အသိပညာ၊ အတတ်ပညာကို ရွေးချယ်ပါ ဆိုလျှင် သင်မည်သည့် အရာကို ရွေးချယ်ရ ပါမည်နည်း။ ''ပစ္စည်း သင်္ခါရ၊ လူသင်္ခါရ'' ဟူသော စကားပုံ ရှိပါသည်။ ပစ္စည်း တို့သည် ပျက်စီးတတ် သကဲ့သို့ လူသည်လည်း သေခြင်းကို မလွန်ဆန် နိုင်ပေ။ ဥစ္စာ ပစ္စည်းသည် ပျက်စီး ပျောက်ရှ သွားနိုင်သော်လည်း အသိပညာ၊ အတတ် ပညာသည် မပျောက်ပျက်ဘဲ မိမိဘဝ တစ်သက်တာ အသုံးပြု သွားနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ ထူးခြားသည့် ဂုဏ်ရည် ရှိခြင်းကြောင့် သား၊သမီး တို့ကို မိဘများက အမွေ ပစ္စည်းထက် အစဉ်အမြဲ အသုံးပြု နိုင်ရန် အတွက် အသိပညာ၊ အတတ်ပညာ များကို ငယ်စဉ်မှ စ၍ သင်ယူ စေခဲ့သည်။ ''ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး ''ဟု ပေါက္ကံ မောင်ချိုက ရေးသား ဖော်ကျူး ခဲ့သည်ကို မှတ်သား ရပါသည်။

လူတို့သည် မိမိ လုပ်ဆောင်မည့် အလုပ်ကို လုပ်ကို လုပ်နိုင် ရမည်ဟု ယုံ ကြည်စိတ် အပြည့်အဝ ရှိရမည်။ ထိုသို့ ယုံကြည် စိတ်ချရန် အတွက် အလုပ်နှင့် ပတ်သက်သော ပညာ၊ ဗဟုသုတ၊ ကာယစွမ်းရည်၊ လုံလောက်သော ပစ္စည်း ဝတ္ထုနှင့် သင့်လျော်သော အခြေအနေများ ရှိရမည် ဖြစ်သည်။ အလုပ်တွင် မိမိ၏ ဦးဆောင်မှုဖြင့် ဖြစ်စေ၊ တခြားသူ များ၏ ဦးဆောင်မှု အောက်တွင် အလုပ် လုပ်ကိုင်ရသည် ဖြစ်စေ အလုပ်နှင့် ပတ်သက်သော ပညာ ဗဟုသုတ ရှိရန် လိုအပ်သည်။

ထို့ကြောင့် လူတိုင်းသည် ပညာ ရှာရာတွင် သူဖုန်းစားသည် မိမိ အသက် ရှင်သန်ရေး အတွက် မိမိကိုယ်ကို

Read More >> http://bit.ly/11M0oWt

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...