ကမ္ဘာ့အမြင့်ဆုံးတောင် (၁) မှ (၁၀)အထိကိုတင်ပေးပါမယ်...
( ၁ ) Mount Everest – Nepal/Tibet
နီပေါနိုင်ငံနှင့် တိဘတ်နယ်စပ်မှာ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးတောင်ပါ။
ဒီတောင်ကြီးဟာ 8,848 meter (သို့) 29,029 ပေ မြင့်ပါတယ်။
မှတ်တမ်းအရ ၁၉၅၃ ခုမှာ တောင်တက်သူများ ပထမဆုံး တက်ရောက်နိုင်ခဲ့ပါတယ်။
( ၂ )K2– Pakistan
ပါကစ္စတန်နိုင်ငံ မှ K2 တောင်ကြီးကတော့ 8,611m (သို့) 28,251 ပေမြင့်ပါတယ်။
1954 ခုမှာ စတင်တက်ရောက်နိုင်ခဲ့ပါတယ်။
(၃) Kangchenjunga Mountain – Nepal/India
ဒီတောင်ကြီးကတော့ နီပေါနှင့် အိန္ဒိယ နိုင်ငံကြားမှာ တည်ရှိပြီး
8,586 meters (သို့) 28,169 ပေမြင့်ပါတယ်။ပထမဆုံးတောင်ပေါ်ကို
1955 ခုမှာ တက်နိုင်ခဲ့ကြပါတယ်။
(၄) Lhotse Mountain – Nepal
ဒီတောင်ကလည်း နီပေါနိုင်ငံ မှာတည်ရှိပြီး တရုတ်လူမျိုးတွေကတော့ Lhoze လို့
ခေါ်ကြပါတယ်။ 8,511m (သို့) 27,940 ပေမြင့်ပါတယ်။ 1956 ခုမှာတက်ရောက်နိုင်ခဲ့ပါတယ်။
(၅) Makalu Mountain – Nepal/Tibet
နီပေါ နှင့် တိဘတ်နယ်စပ်မှာပဲ တည်ရှိတဲ့ တောင်ပါ။ 8,463m (သို့) 27,765 ပေ
မြင့်ပါတယ်။
(၆) Cho Oyu Mountain – Nepal/Tibet
နီပေါ နှင့် တိဘတ်နယ်စပ်မှာပဲ တည်ရှိတဲ့ တောင်ပါ။ 8,201 meters (သို့) 26,906 ပေ
မြင့်ပါတယ်။
(၇) Dhaulagiri Mountain – Nepal
နီပေါနိုင်ငံမှာတည်ရှိပြီး 8,167 meters (သို့) 26,794 ပေ မြင့်ပါတယ်။
(၈) Manaslu Mountain – Nepal
နီပေါနိုင်ငံမှာတည်ရှိပြီး 26,758 ပေ (သို့) 8,163m မြင့်ပါတယ်။
(၉) Nanga Parbat – Pakistan
ပါကစ္စတန်နိုင်ငံ မှာတည်ရှိပြီး 8,125 meter (သို့) 26,758 ပေ မြင့်ပါတယ်။
ဒီတောင်နှင့် ပတ်သက်ပြီး သတိပေးချက်ရှိပါတယ်။ ဒါကတော့ ဒီတောင်ပေါ်ကို
တက်ရောက်ဖို့အတွက် မလွယ်ပါဘူး။ သဘာဝ အန္တရယ်တွေများလို့ပါ။
တက်ရလည်းခက်ပါတယ်တဲ့။
(၁၀) Annapurna Mountain – Nepal
နီပေါမှာပဲ ရှိတာပါ။ 8.091 meters (သို့) 26,545 ပေ မြင့်ပါတယ်။
သူငယ်ချင်းတို့ကို ပြောချင်တာကတော့ ဒီတောင်တွေ အများစု ဟာ
နီပေါနိုင်ငံ မှာတည်ရှိတာပါပဲ။ ဒါကလည်း မထူးဆန်းပါဘူး။ ဒီတောင် ၁၀ လုံး
က တစ်တောင်နှင့် တစ်တောင် ဆက်စပ်နေပါတယ်။ တောင်ကြောဆက်နေတာပေါ့။
မြန်မာ ပြည်ကတောင်တွေဖြစ်တဲ့ ခါကာဘိုရာဇီတောင်လည်း တစ်ဆက်တည်း
ဖြစ်မှာပါ။ ဒီမှာတော့ ခါကာဘိုရာဇီအကြောင်း ထပ်မတင်တော့ပါဘူး။
ခါကာဘိုရာဇီအကြောင်း ဓာတ်ပုံများနှင့် စာများ ၊ သမိုင်းကြောင်းအပါအ၀င်
ကို အရှေ့တောင်အာရှတွင် အမြင့်ဆုံး ခါကာဘိုရာဇီတောင်
ပိုစ့် တွင် ကြည့်နိုင်ပါသည်။
သူငယ်ချင်းများ ပျော်ရွှင်ချမ်းမြေ့ပါစေ................ နေခရမ်း
မူရင်း ။ ။ နေခရမ်း ( ထူးဆန်းထွေလာ )

No comments:
Post a Comment