ဒီနေ့
( ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ ) တနင်္ဂနွေနေ့မှာ အိန္ဒိယနိုင်ငံ၊ ဘုံဘေ၊ ယခု (
မွန်ဘိုင်း ) မြို့ ကလျန်း Kalyan ဒေသမှာ ဟိန္ဒူဘာသာဝင်
အိန္ဒိယနိုင်ငံသားများမှ ထေရ၀ါဒဗုဒ္ဓဘာသာ သို့ ဘာသာရေး ကူးပြောင်း
ပွဲတော်ကြီးကို စနေ၊ တနင်္ဂနွေနှစ်ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပတာကို
ကြုံခဲ့ရတယ်၊ မိမိတစ်သက် တာတွင် တခါမျှ မကြုံခဲ့ဖူးသော
ဘာသာရေးကူးပြောင်းပွဲတော်ကို ကြုံဖူးခြင်းပါပဲ။

တကယ် ကိုအံ သြ ဖို့ ကောင်း လိုက် တာ...

ဘုရားရှိခိုးစာများ ရွတ်ဖတ်နေကြစဉ်.

ဟုတ်တယ်၊
အံ့သြစရာ ကောင်းတာက ဘာသာပြောင်းလာသူ မှန်သမျှဟာ ဦးဂိုအင်ကာရဲ့ ရိပ်သာမှာ
အနည်းဆုံး (၁၀) ရက် ၀ိပဿနာတရားစခန်းကို ကလေးရော လူကြီးများပါ ၂ ကြိမ် ၊ ၃
ကြိမ် ၀င်ရောက်အားထုတ်ဖူးသူတွေချည်းပဲ..

ဘာသာပြောင်းလာသူများကို ရှေးဦးစွာ ဘုရားရှင်အား ရှိခိုးပူဇော်စေပါတယ်.. ပြီးမှ သရဏဂုံပေး၊ သီလယူစေတယ်..

ယခုဘာသာရေးကူးပြောင်းပွဲတော်ကို ဦးဆောင်သော ကုလားလူမျိုး ၀ိနည်းဓိုရ် ပံသုကူဓုတင်ဆောင် ဆရာတော်ပါ..ကုလားလူမျိုးဗုဒ္ဓဘာသာများက အထူးကြည်ညိုလေးစားကြသော ဆရာတော်ကြီးဖြစ်ပါတယ်..သွား လေရာရာ ဖိနပ်မစီး၊ သင်္ကန်းသုံးထည်၊ သပိတ်ပရိက္ခာများနှင့် ကြည်ညိုစရာကောင်းလှသလို ဘာသာရေးစိတ်ဓာတ်ပြင်းပြထက်သ န်လှတာကို တရားဟောရင်း သတိထားမိတယ်၊ အိန္ဒိယသာသနာရေးအတွက် အားတက်စရာများပါ.

သရဏဂုံသုံးပါး၊ ငါးပါးသီလရွတ်ဆိုအပြီး အဓိပ္ပါယ်ရှင်းလင်းဟောပြီးတာ နဲ့ ကိုးကွယ်နိုင်စေရန် ဘုရားဆင်းတုတော်လေးများ၊နှင့် ပန်းစည်းများ လက်ဆောင်ပေးကြတယ်..

မနက်ပိုင်းမှာ
ဗုဒ္ဓဘာသာဝင်များက ရွတ်ဖတ်ကြပြီး လူစုနေကြတယ်၊ နေ့လည်ပိုင်းမှာ
ကူးပြောင်းမယ့်သူ တွေကို ပရိသတ်ရဲ့ ရှေ့ဆုံး သံဃာတော်တွေရဲ့
ရှေ့တည့်တည့်မှာ သရဏဂုံချပေး၊ သီလပေးပြီး အနည်း ငယ်ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ
ဆိုတာကို ရှင်းပြတယ်၊
ပြီးတော့သူတို့ ကိုးကွယ်ရန် ဘုရားဆင်းတုတော် လေးများနှင့် ပန်းစည်းများကို လက်ဆောင်အဖြစ်ပေးကမ်းပြီး တစ်ယောက်ချင်းစီ၊ ကလေးလူကြီးပါမကျန် ပရိသတ်ကြီးရှေ့မှောက်မှာ ၀မ်းသာစကား ပြောကြားစေတယ်၊
တစ်ယောက်ပြောပြီးတိုင်း ပြောပြီးတိုင်းမှာ ပရိသတ်အားလုံးကလဲ လက်ခုတ်သြဘာသံများ တစ်ဖျောင်းဖျောင်းပေးပြီး အားပေးနေကြတဲ့ မြင်ကွင်းဟာ မိမိတသက်တာမှာ ပျော်ရွှင်ကြည်နူးစရာ မြင်ကွင်းတစ်ခုပါ၊ ဘ၀မှာ အမှတ်တရ ရှိနေစေမယ့် ခဏတစ်ခုပါပဲ။

အခမ်းအနား ပြီးခါနီး ပွဲတော်ကျင်းပခြင်း တာဝန်ခံ ဗုဒ္ဓဘာသာဝင်လူကြီးများနှင့် အားလုံးပရိသတ်များက အောင်မြင်စွာ ကြွေးကျော်ခြင်းဖြင့် လက်ရုံးများ ဆန့်တန်းကာ အားပါးတရ ဟစ်ကြွေးနေကြစဉ်

Yesterday
ဝမ်းသာစိတ်ကို
မြိုသိပ်ရင်း တခါက အင်္ဂလိပ်လိုရေးထားသော ဓမ္မပဒကို ဖတ်ကာ အီတလီလူမျိုးအဖြစ်
ရောမဘရင်ဂျီ ခရစ်ယာန်ဘာသာမှ အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာသူ၊ ထိုမျှအားမရပဲ
ရှိသမျှ စည်းစိမ်များ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ
သာသနာ့ဘောင်တက်လှမ်းလာပြီး အီတာလျံ သာသနာပြုဘုန်းတော်ကြီး
ဦးလောကနာထရယ်လို့ ကမ္ဘာမှာ ထင်ရှားကျော်ကြားခဲ့သူ ဆရာတော်ကြီးရဲ့
ဗုဒ္ဓဘာသာဝင်များအားလုံးကို ပေးခဲ့တဲ့ Messages လေးကို
ပြန်လည်မျှဝေလိုက်ပါတယ်။
“ဒကာကြီး၊ ရှင်ဘုရင်ရဲ့ သားဟာ ခမည်းတော် နတ်ရွာစံပြီး အလိုလို ဘုရင့် အရိုက်အရာကို ရရှိလာတော့ ဘုရင်ဖြစ်ရတဲ့ တန်ဖိုးကိုလည်း မသိဘူး၊
ဘုရင့် တာဝန် ဝတ္တရား ဘယ်လောက် ကြီးမှန်းလည်း မသိဘူး၊
ဒီလိုပဲ ဒကာကြီး၊ မွေးကတည်းက ဗုဒ္ဓဘာသာ ဖြစ်လာသူတွေဟာလည်း ရတနာသုံးပါးရဲ့ တန်ဖိုး၊ သိက္ခာ သုံးရပ်ရဲ့ တန်ဖိုးနှင့် အစွမ်းသတ္တိတွေကို နားမလည်ကြဘူး၊
ဆင်းရဲသားက ရှင်ဘုရင် ဖြစ်သွားတဲ့ လူကျတော့ ဘုရင်တပါးရဲ့တန်ဖိုးကို ပိုသိတာပေါ့၊ ဘဝမှာ သဒ္ဓါ၊ သတိ၊ ဝီရိယ၊ သမာဓိ၊ ပညာ စတဲ့ စိုက်ထုတ်ခဲ့ရတဲ့ တန်ဖိုးတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ ကိုယ်တိုင် သိမြင်ခဲ့ရတဲ့ အခါကျတော့ မိုက်စရာ ရှိတာတောင် မမိုက်ချင်တော့ဘူး၊ အနစ်နာ ခံခဲ့ရတာတွေ၊ ဆုံးရှုံးခဲ့ ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ ဘယ်လောက် များတယ် ဆိုတာ သူပဲ သိတယ်၊ ဒီတော့ ရတနာ သုံးပါးကို ကြည်ညိုရတိုင်းမှာ ပီတိဖြစ်ရတာပေါ့၊
ဒီလိုပဲ ဒကာကြီး၊ တစ်ခြား ဘာသာ အယူဝါဒကနေ ထေရဝါဒ ဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်း ရောက်ရှိ လာသူတိုင်းဟာ ဆင်းရဲသားက သန်းကြွယ်သူဌေး ဖြစ်ရတဲ့ လူလိုပဲ ခံစားရတယ်” …
အလွယ်တကူ ရရှိလာတဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကို တန်ဖိုးထားတတ်ကြပါစေ..
(ပန်းကမ္ဘာ)

-----------------------------------------------------
ခမ်းမကြီး
အပြင်ဘက်မှာ ဗုဒ္ဓဘာသာနဲ့ ပက်သက်တဲ့ စာအုပ်များ၊ စီဒီခွေများ ၊
ပြက္ခဒိန်များ၊ အမှတ်တရ ပစ္စည်းများကို စိတ်ကြိုက်ရောင်းချပေးနေကြပါတယ်..
သေချာမေးကြည့်မိတော့ ဘယ်လောက်များ ၀မ်းသာသွားသလဲ ဆိုရင် အဆိုပါဒေသကို
Buddhist's Land လို့ တောင် ခေါ်တွင်ပါသတဲ့၊ မြင်မြင်သမျှ ကုလားတွေအားလုံး
ဗုဒ္ဓဘာသာဝင်တွေချည်းပဲ. တဲ့.

အိန္ဒိယနိုင်ငံမှာ
မကြာခဏ အခုလိုဗုဒ္ဓဘာသာသို့ ကူးပြောင်းပွဲတော်တွေ ကျင်းပလေ့ရှိပါတယ်၊
သို့သော် မိမိနှင့် ဆက်စပ်မှုမရှိတဲ့အတွက် မသိခဲ့ဘူး၊ ၁၀ ယောက်၊ အယောက် ၂၀၊
အယောက်(၅၀) စသဖြင့် အခွင့်ကြုံရင် ကြုံသလို၊ အုပ်ချုပ်ရေးပိုင်းက
ခွင့်ပြုချက်ရရင် ရသလို ဘာသာပြောင်းပွဲ ကျင်းပကြပါတယ်၊
ဟိန္ဒူတွေကြီးစိုးတဲ့ နိုင်ငံမှာ ဟိန္ဒူကနေ အခြားဘာသာ ပြောင်းဖို့ ကျင်းပခွင့်ပေးတယ် ဆိုတာ အစိုးရပိုင်းက တော်တော်သဘောထားကြီးလို့ပါ၊
ဟိန္ဒူတွေကြီးစိုးတဲ့ နိုင်ငံမှာ ဟိန္ဒူကနေ အခြားဘာသာ ပြောင်းဖို့ ကျင်းပခွင့်ပေးတယ် ဆိုတာ အစိုးရပိုင်းက တော်တော်သဘောထားကြီးလို့ပါ၊
.............................................................................................................
ဗဟုသုတ
တခေတ်တစ်ချိန်ကတော့ သမိုင်းတွင်စေမယ့် ဘာသာပြောင်းပွဲကြီးကို အိန္ဒိယနိုင်ငံ၊ နာဂပူရ် Nagpur မြို့မှာ ကျင်းပခဲ့တော့ တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ဖူးတယ်၊ အုတ်အုတ်ကျက်ကျက်လဲ ဖြစ်ခဲ့ဖူးတယ်၊ အဲဒီနေ့ဟာ 1956 ခုနှစ်၊ October (14th) ရက်။
ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားဆက်ဆံတတ်တဲ
အဆိုးဆုံးက အကိုးကွယ်ခံ ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏားမျိုးတွေက သူတို့သာ ဖန်ဆင်းရှင် မဟာဗြဟ္မာကြီးရဲ့ ပါးစပ်ကမွေးဖွားခဲ့တာ၊ သူတို့သာ အမြတ်ဆုံး ဆိုပြီး လူအများစုကို နှိမ့်ကွပ်ချိုးနှိမ်ထားခဲ့
ထိုကဲ့သို့သောဇာတ်နိမ့်မျို
အဲဒီကနေ ဒေါက်တာအမ်ဘေဒကာ မျိုးစေ့ချပေးခဲ့တာ လူပေါင်း(၅)သိန်းကျော်ကနေ ပွားလာလိုက်တာ ယနေ့အထိ နှစ်ပေါင်း (၅၆) နှစ်ကျော်အတွင်းမှာ အတိအကျခန့်မှန်းလို့ မရအောင်ကို တိုးပွားလာနေပါတယ်၊ နေရာတိုင်းမှာ ဘုန်းကြီးသံဃာများကို မြင်လျင်- ၀န္ဒာမိ ဘန္တေ-ရှိခိုးဦးတင်ပါတယ် အရှင်ဘုရား ဆိုပြီး လက်အုပ်ချီကာ အရိုအသေပေးလေ့ရှိကြတာ ကြည်နုးစရာပါ။

-----------------------------------------------------------------------------
ဒီလိုပွဲတော်မျိုးမှာ
ပါဝင်ဆင်နွှဲခွင့်ရတာ ဖော်ပြလို့မရနိုင်တဲ့ ကြည်နူးမှုပါ..
သံဃာတွေအများကြိးကို ဖူးမြင်ရလို့ ပီတိဖြစ်နေကြတဲ့ ပရိသတ်အားလုံးရဲ့
မျက်နှာတွေ၊ သူတို့ရင်ထဲက ပီတိတွေအတွက် ကျေနပ်မဆုံး ဖြစ်ခဲ့၇တယ်.

အားလုံဝမ်းသာပီတိ ဖြစ်ရအောင် Pann Gabar facebook ၏ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းအခမ်းအနားမှတ်တမ်းများမှ ကူးယူလာပါသည်။
သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပါတ်ကမ္ဘာတည်ပါစေ.........
လေးစားစွာဖြင့် .... မောင်မြင့်
No comments:
Post a Comment