စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နေ့စဉ် ဟက်ဟက်ပက်ပက် ရယ်မောလျှင် ကျန်းမာမည်

ဟက်ဟက်ပက်ပက် ရယ်မောခြင်းဖြင့် ကျန်းမာရေး လိုက်စားသူ ထောင်ပေါင်းများ စွာကို နည်းပေး နိုင်ခဲ့သော အိန္ဒိယနိုင်ငံမှ အရယ်အမော ဆရာကြီး မာဒန်ကက်တာရီယား က သူ့ထံမှာအ လွန်ကောင်းသည့် ဟာသ ဉာဏ်မရှိပါဟု ၀န် ခံပြောဆိုသွားသည်။အိုပရာဝင်းဖရေး၊ ဂိုလ်ဒိုင်ဟွန်း အပါအ၀င် ကမ္ဘာ သိပုဂ္ဂိုလ်များပါဝင် ပြုလုပ် လာကြသည့်ရယ်မောမှုယောဂ(Laughter Yoga) လေ့ ကျင့်ခန်းကို စတင် တီထွင်သူ ကက်တာ ရီယား က"လူတွေ ကို အမိန့်ပေးပြီး ရယ်ခိုင်းလို့မရပါဘူး" ဟုလည်း အားရပါးရ ရယ်လျက်ဆို ပြန်သည်။

ယခုအခါ အိပ်ခ်ျပီ (ဟျူးလက်- ပက်ကပ်)ကဲ့သို့သော ကွန်ပျူတာကုမ္ပဏီ များမှသည်ဗော်လ်ဗိုကဲ့သို့သော ကား ကုမ္ပဏီများထိ ကမ္ဘာ့လုပ်ငန်း ကုမ္ပဏီ များကပင် ကက်တာရီယားအား ငှားရမ်း ၍ သူ၏အကြောင်းမဲ့
ရယ်မောနည်းကို သင်ယူလေ့ကျင့်နေကြရသည်။
သူကိုယ်တိုင်လည်း နာမည်မဖော် ပြလိုသော သူဌေးပေးလှူသည့် ဒေါ်လာ ၂၅၀,၀၀၀ နှင့် အိန္ဒိယနိုင် ငံ တောင်ပိုင်း မြို့ ဘန်ဂလိုရှိ အဆောက်အအုံ ကန်ထရိုက်တာတစ်ဦး လှူဒန်းသည့်မြေပေါ်တွင် ရယ်မောသံ တက္ကသိုလ် (Laughter University) ကို ထူထောင်ဖွင့်လှစ်တော့မည် ဖြစ်သည်။

၂၀၁၃ ခုနှစ်ကုန်တွင် ဖွင့်လှစ်မည့် ယင်းတက္ကသိုလ်သည် ရယ်မောမှု ယောဂ ပညာဖြန့်ဖြူးရာ ဗဟိုဌာန တစ်ခုပင်ဖြစ် သည်။ ယင်းတက္ကသိုလ်တွင် ရယ်မောမှု သင်တန်းများပို့ချပြီး ရယ်မောခြင်း ကြောင့်ရရှိမည့်
ကောင်းကျိုးများဆိုင်ရာ ကျန်းမာရေး ဆေးပညာပေးဌာနတစ်ခုကိုပါ ဖွင့်လှစ်ရန် စိတ်ကူးထားသည်။
ရယ်မောသောအခါ စိတ်ကျေနပ် နှစ်သိမ့်မှုနှင့် ဆက်နွှယ်နေသည့် အင်ဒေါ်ဖင်း (endorphins)ခေါ် ဦးနှောက်ဓာတ် ပစ္စည်းများ ထွက်လာကြောင်း လေ့လာ တွေ့ရှိထားပြီးဖြစ်သည်။

"ရယ်မောခြင်းဟာ လူတွေလုပ်နိုင်တဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ"ဟု အရပ်မြင့်မြင့် ထိပ်ပြောင်ပြောင် အသက် ၅၈ နှစ်အရွယ် မာဒန်ကက်တာရီယားက ဆိုသည်။
သူ့ကြိုးပမ်းမှုကြောင့် အိန္ဒိယနိုင်ငံနှင့် ဘေရွတ်၊ အိုင်ယာလန် စသည့် ကမ္ဘာ့ နိုင်ငံများတွင်ရယ်မော သူများအသင်း (Laughter Club) ပေါင်း ထောင်ချီ၍ ရှိနေကြပြီဖြစ်သည်။
ကက်တာရီယားသည် စာသင် ကျောင်း၊ အကျဉ်းထောင်၊ ဆေးရုံနှင့် ဘိုးဘွားရိပ်သာများတွင်လည်း ရယ်မော သည့် လေ့ကျင့်ခန်းများကို သင်ပြပေးသည်။

ယခင်နှစ်အနည်းငယ်က အမေ ရိကန် အထက်လွှတ်တော် ကော်မတီ တစ်ခုတွင် ယောဂနည်းဖြင့် ရယ်မောပုံ ကိုပြသပြီးနိုင်ငံ၏ ကျန်းမာရေး စာင့် ရှောက်မှု ကုန်ကျစရိတ်ကို ယောဂနည်း ရယ်မောမှုဖြင့်
လျှော့ချပေးနိုင်သည်ဟု ပြောကြားခဲ့သည်။
ကက်တာရီယားသည် ဆရာဝန် ဖြစ်သည့်အလျောက် စိတ်ဖိစီးမှုနှင့် အခြား ရောဂါများအားရယ်မောခြင်းဖြင့် ကုသနိုင်သည့်သဘောကို ဆေးစာအုပ် များထဲတွင် တွေ့ရှိသွားရာမှ ရယ်မောသူများအသင်းများကို စတင်မ ဖွင့်လှစ်မီ သူ၏တွေ့ရှိချက်များကို ကွင်းဆင်း သုတေသနပြုရန် ၁၉၉၅ ခုနှစ်တွင် ဆုံးဖြတ်လိုက်သည်။

မွမ်ဘိုင်းမြို့ ပန်းခြံထဲတွင် လူစိမ်း လေးယောက်အကူအညီဖြင့် သူ့ သုတေသနကို စတင်ပြုလုပ်ခဲ့သည်။ လူလေးယောက်ကို စက်ဝိုင်းသဏ္ဌာန် မတ်တတ်ရပ်စေပြီး တောခွေးအသံမျိုးဖြင့် ရယ်စေရာ မကြာမီ လူ ၅၀ ၀န်းကျင်ထိ ပါဝင်ရယ်မောလာကြကြောင်း တွေ့ရသည်။
ရယ်စရာများကို ပြန်လည်တွေး တောစေခဲ့သော်လည်း ခွက်ထိုး ခွက်လန် ဟားတိုက်ရယ်မောခြင်းများ မပြုလုပ်ကြ တော့ပေ။ ဤတွင်ဟန်ဆောင် ရယ်ခြင်း နှင့် အမှန်တကယ်ရယ်ခြင်းတွင် စိတ် ပျော်ကျန်း မာစေသည့် ဓာတုပစ္စည်းများ ထွက်လာသော်လည်း ယင်းနှစ်မျိုးကိုလူ့ကိုယ်ခန္ဓာက ခွဲခြားမသိနိုင်ကြောင်း ကက်တာရီယား တွေ့ရှိသွားသည်။

"တမင်တကာ လုပ်ရယ်ရာက မိနစ် ပိုင်းအတွင်းမှာ တကယ်ရယ်တဲ့အဖြစ် ကို ရောက်သွားတာပါပဲ။ စမ်းပြီးရယ် ကြည့်ကြစမ်းပါ" ဟု သူကပြောသည်။
သူ့လူများကိုသူနှင့်အတူ တစ်မိနစ်ခန့် အကြောင်းမဲ့ ရယ်မောရန် ပြောသည်။ ယင်းသို့တမင်တကာ ရယ်မောခြင်း သည် ဆယ်မိနစ်ခန့်ကြာသောအခါ အဆင့်ဆင့် ကူးစက်သွားပြီးယောဂနည်း ရယ်မောသည့် အဆင့်သို့ ရောက်သွား တော့သည်။
ပုံမှန်ရယ်မောခြင်းဖြင့် ကိုယ်ခံအား ပိုကောင်းလာခြင်း၊ စိတ်ဖိစီးမှုနည်းခြင်း၊ လူမှုဆက်ဆံရေး ပိုမိုကောင်း မွန်ခြင်း မှသည် အစာကြေလွယ်ခြင်းအထိ ကောင်းကျိုးများ ရရှိနိုင်ကြောင်းအမေရိကန်နိုင်ငံ Mayo ဆေးရုံ မှ ဒေါက်တာ အေမစ်ဆွတ်ကပြောသည်။

အမြတ်အစွန်း ပဓာနမထားသော Laughter Yoga Institute ဖွင့်လှစ် ထားသောကက်တာရီယားက နေ့စဉ် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ရယ်မောပါက တကယ့် အကျိုးတရားကိုခံစားရမည် ဟုပင် ပြောသည်။
နယူးဒေလီမြို့မှ နေ့စဉ်ရယ်မောနေသော လီဆာဆင်း (၃၉ နှစ်) ကလည်း "ရယ်လို့ ကျွန်တော်အပန်းပြေသွား တယ်။ မနက်ပိုင်မှာရယ်လိုက်ရင် အဲဒီ တစ်နေ့လုံး ကျွန်တော်အဆင်ချောနေတာပါပဲ"ဟုဆိုသည်။

ဟာသဇာတ်ကားတွေမှာ စက္ကန့်ပိုင်းလောက်ပဲ ရယ်ရရုံနဲ့ မလုံလောက် သေးပါဘူး။ ကောင်းကျိုးရဖို့ဆိုရင် ဆက်တိုက် ရယ်မောရမယ့် အချိန်တစ်ခုတော့ရှိဖို့ လိုအပ်ပါတယ်။
"ရယ်မောခြင်းဟာ သမ်းဝေခြင်းလိုပဲ ကူးစက်တတ်တယ်။ အလွန်ခဲယဉ်း နိုင်တဲ့ လူမှုဘ၀ဆက်ဆံရေး မှာ ချောမွေ့ ဖို့အတွက် ကျွန်တော်တို့ ရယ်မောကြဖို့ လိုအပ်ပါတယ်"ဟုကက်တာရီယားက ဆိုသည်။

(အေအက်ဖ်ပီ)
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...