စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ စကားပုံအလှလေးများ

"မြန်မာ စကားပုံအလှ"

အကမတက်တော့ ဖျာအပြစ်တင် = A bad workman quarrels with his tools.

ဟောင်လွန်းသောခွေး လူမလေး = A barking dog seldom bites.


... လက်ထဲတွင်ရှိသော ငှက်တစ်ကောင်သည် ချုံထဲတွင်ရှိသော ငှက်နှစ်ကောင်ထက် ပို၍ တန်ဖိုးရှိသည်။
     = A bird in the hand is worth two in the bush.


စာအုပ်ဆိုတာ အိတ်ကပ်ထဲ ယူသွားနိုင်တဲ့ ဥယျာဉ်တစ်ခုပါ = A book is like a garden in the pocket.


မီးလောင်ခံရသော ကလေးသည် မီးကိုကြောက်သည် = A burnt child dreads fire.


ရေနစ်နေသော သူသည် ကောက်ရိုးမျှင်ကိုပင် ဆွဲလိမ့်မည် = A drowning man will catch at a straw.


ထန်းရည်မူး ကျွဲခိုးပေါ် = A drunkard can never keep secrets.


ဝန်ခံသည့် အပြစ်တစ်ခုသည် တ၀က်ပြုပြင်ပြီး ဖြစ်လိမ့်မည် = A fault confessed is half redressed.

လူမိုက်နှင့်ငွေ အတူမနေ = A fool and his money are soon departed.


လူရူးလူမိုက် တစ်ဦးသည် ဥာဏ်ပညာရှိသူအား အကြံပေးကောင်း ပေးလိမ့်မည်
    = A fool may give a wise man counsel.

အရေးကြုံက မိတ်ကောင်းပ = A friend in need is a friend indeed.


မိတ်ဆွေတစ်ဦးကို ရရှိရန်ထက် ဆုံးရှုံးရန်က ပို၍လွယ်၏ = A friend is easier lose than found.


အမှီကောင်းလျှင် တစ်ချက် အနေကောင်းလျှင် တစ်သက်
 = A good aim means a sure short, and wise dealings mean perpetual success.


ခွေးလိမ္မာ တစ်ကောင်သည် အရိုးကောင်း တစ်ချောင်းနှင့် ထိုက်တန်သည်
  = A good dog deserves a good bone.


အခြေကောင်းမှ အနေကောင်းမည် = A good foundation ensures a good status.


လင်ယောက်ျားကောင်း တစ်ဦးသည် ဇနီးကောင်းတစ်ဦးကို မွေးထုတ် ပေးနိုင်သည်
= A good husband makes a good wife.


နာမည်ကောင်းတစ်ခု ရှိခြင်းသည် ချမ်းသာကြွယ်ဝခြင်းထက် ပို၍ ကောင်းသည်
= A good name is better than riches.


အပြစ်ရှိနေသဖြင့် လိပ်ပြာမသန့်ရှင်းသည် ၊ စွပ်စွဲမည့်သူမလို = A guilty conscience needs no accuser.


လေးလံနေသည့် ပိုက်ဆံအိတ် တစ်လုံးသည် စိတ်နှလုံးကို ပေါ့ပါးစေသည်
= A heavy purse makes a light heart.

ဆာလောင်မွတ်သိပ် နေသူတစ်ဦးသည် ဒေါသဖြစ်နေသူ တစ်ဦးဖြစ်သည် = A hungry man is an angry man.


ဆင်ပိန်လျှင် ကျွှဲလောက်ရှိသေး၏ = A lean elephant is still as stout as a sturdy buffalo.


ပညာရဲရင့် ပွဲလယ်တင့် = A learned man is honored by others.


ခြိမ်းခြောက်မှုများကြောင့် လူတစ်ယောက်မသေ = A man does not die of threats.


ကြွေးတင်နေသူတစ်ဦးသည် ပိုက်ကွန်တစ်ခုထဲတွင် မိနေသည် = A man in debt is caught in a net.


သေးငယ်သည့် အခက်အခဲများကို သည်းမခံနိုင်သူသည် ကြီးမားသည့် အရာများကို မည်သည့်အခါမှ ပြီးစီးအောင်
လုပ်နိုင်မည် မဟုတ် = A man who cannot tolerate small ills can never accomplish great things.


လူတစ်ယောက်၏ နေအိမ်သည် သူ၏ ရဲတိုက်ဖြစ်သည် = A man’s house is his castle.


စုဆောင်းသည့် တစ်ပဲနိသည် ရရှိသည့်တစ်ပဲနိဖြစ်သည် = A penny saved is a penny gained.


သတိရှိခြင်း တစ်ပေါင်သည် ကြွေးတစ်အောင်စကို မဆပ်နိုင် = A pound of care won’t pay and ounce of debt.


အနာမှ သွေးများထွက်ပြီး ခြောက်ခဲနေသည့် ခေါင်းသည် ဘီးကိုကြောက်သည် = A scabby head fears the comb.

ဖြတ်လမ်းတခုသည် တစ်ခါတရံ၌ မှားသည့် လမ်းတလမ်း ဖြစ်တတ်သည် = A short way is often a wrong way.


အမှိုက်ကစပြဿဒ်မီးလောင် = A small rubbish dump can burn down a tower.


ပျက်လျင်အစဉ် ပြင်လျင်ခဏ = It is never too late to mend.


အလုပ်တခုကို စခြင်းသည် တ၀က်လုပ်ပြီးဖြစ်သည် = A thing begun is half done.

ပျားတစက်ကြောင့် ပြည်ပျက်၏ = A trills can lead to a catastrophe.


အကူအညီကို လိုလိုလားလား ပေးလိုသူသည် အခေါ်ကိုမစောင့် = A willing helper does not wait to be called.


မြွေမသေတုတ်မကျိုး = A wise course of action whereby neither party suffers.


ဥာဏ်ပညာရှိသူတစ်ဦးသည် သူ၏စိတ်ကို တစ်ခါတရံ၌ ပြောင်းလဲသည်။ လူရူး လူမိုက်တစ်ဦးသည် မည်သည့်
အခါမျှမပြောင်း = A wise man changes his mind sometimes, a fool never.
Credit - Original up-loader
Royal Hero Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...