စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၁၀ မိနစ်လောက် ပြင်လိုက်ရုံဖြင့် ၁၀ နှစ်လောက် ပိုငယ် သွားစေမည့် မိတ်ကပ်ပြင်ဆင်မှု

Follow · February 18


 
လက်ရှိအသက်ထက် ၁၀ နှစ် လောက်ပိုပြီး ငယ်သွားစေတယ်လို့ ထင်ရစေတဲ့ ၁၀ မိနစ်တာ ပြင်ဆင်
မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပြင်ဆင်သင့်သည့် မျက်နှာအနေအထား
- မျက်ခုံးဟာ သေးသွယ်တဲ့ မျက်ခုံးပုံစံမျိုးဖြစ်ရပါမယ်။
- အပေါ်မျက်ခွံကို ပြည့်ပြည့်လေးဖြစ်အောင် ခြယ်သပေးဖို့လိုပါတယ်။
- အောက်မျက်ခမ်းကို နက်မှောင်နေအောင် ခြယ်သပေးပြီး မျက်တောင်ကို သဘာဝ အရောင်သာ သုံးပေးသင့်ပါတယ်။

- သင့်အရေပြားအတွက်သုံးတဲ့ အလှကုန်တွေကို အဆီပါဝင်မှု နည်းတာကိုသုံးပါ။ နေလောင်ထားတဲ့ အစက်အပြောက်တွေကို သက်သာစေတာမျိုး ရွေးချယ်ပါ။
- နှုတ်ခမ်းမှာ ဒေါင်လိုက် အရေးကြောင်းတွေ ပေါ်နေတတ်တာကြောင့် ပြည့်တင်းတဲ့ နှုတ်ခမ်းပုံစံဖြစ်အောင် နှုတ်ခမ်းဆိုးဆေး အဆီကိုသုံးပါ။

ပြင်ဆင်နည်း အဆင့်ဆင့်
အောက်ခံဖောင်ဒေးရှင်းနှင့် ပေါင်ဒါ
အောက်ခံဖောင်ဒေးရှင်းကို ရေဓာတ်ပါဝင်ပြီး၊ အရေပြားချောမွေ့စေကာ အနည်းငယ်လင်းတဲ့ အမျိုးအစားကို ရွေးချယ်ပေးပါ။ အောက်ခံမိတ်ကပ်နဲ့ ပေါင်ဒါတွေကို အများကြီးသုံးတာက သင့်မျက်နှာပေါ်က အရေးကြောင်းတွေကို ပိုပြီး ပေါ်လွင်စေတာကြောင့် မိတ်ကပ်နဲ့ ပေါင်ဒါလိမ်းချိန် ဘရပ်ရှ်ကိုသာသုံးပြီး လိမ်းခြယ်ပေးပါ။ အပြောင်သားအမှုန့်လေးတွေ ပါဝင်တဲ့ ပေါင်ဒါမှုန့်မျိုးက သင့်မျက်နှာကို ပိုမိုတောက်ပစေပြီး ငယ်ရွယ်တဲ့အသွင်ကို ဆောင်စေပါတယ်။

မျက်ဝန်းတစ်ဝိုက်ပြင်ဆင်မှု
- လက်သူကြွယ် ဒါမှမဟုတ် ဘရပ်ရှ် သေးသေးကို သုံးကာ မျက်လုံးအောက်နဲ့ အတွင်းပိုင်းနေရာတွေကို ကွန်ဆဲလ်လာ သုံးပေးပါ။ မျက်ဝန်းဘေးမှာ အရမ်းညို သူနဲ့ အစက်အပြောက်ရှိသူတွေက အပေါ်ကနေ နောက်တစ်ထပ် သုံးပေးပါ။

- အပေါ်မျက်ခွံပေါ်ကို အညိုရောင် အိုင်းလိုင်နာသုံးပြီး မျက်ရစ်ပေါ်အောင် ခြယ်သပေးပါ။ အောက်မျက်ခမ်းကိုတော့ အညိုရောင်မသုံးပါနဲ့ ပင်ပန်းနေတယ်လို့ ထင်ရစေတာကြောင့်ပါ။ မျက်ဝန်းအိမ် ကျဉ်းသူဆိုရင်တော့ အနက်ရောင် သုံးပေးနိုင်ပါတယ်။
- အိုင်းရှဲဒိုးကို အရောင်ရင့်သုံးမယ့်အ စား ရောင်ပြေးနဲ့ အနည်းငယ်လင်းတဲ့ အညိုရောင်မျိုးကို အပေါ်မျက်ခွံတစ် လျောက်ခြယ်ပါ။

- မျက်ခုံးမွေးဆွဲရာမှာ သင့်ဆံသားအရောင်နဲ့တူညီတဲ့ မျက်ခုံးမွေးဆွဲ ခဲတံအရောင်ကို ရွေးချယ်တာက သင့်မျက်နှာကို ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။
- ခရင်မ်အမျိုးအစား ပါးနီက သင့်ကို ပိုပြီး သဘာဝဆန်စေပါတယ်။ ပန်းရောင် နဲ့ အသားရောင် ခပ်ဖျော့ဖျော့ရွေးချယ်ပါ။
- ပါးနီကို ပိုပြီး ကြာရှည်ခံအောင် ပေါင်ဒါမှုန့်အနည်းငယ်ကို ဘရပ်ရှ်နဲ့ အပေါ်က ခပ်ပါးပါး ထပ်မံလိမ်းခြယ်ပေးပါ။

- သဘာဝဆန်တဲ့ ပြင်ဆင်မှု မျိုးဖြစ်စေဖို့ လည်ပင်းနေရာတစ်ဝိုက် ကိုလည်း မျက်နှာအတွက်သုံးတဲ့ ဖောင်ဒေးရှင်းထက် အနည်းငယ် အရောင်ရင့် တာကို သုံးပေးပါ။
- နှုတ်ခမ်းက အရေးကြောင်းတွေကို ဖုံးစေဖို့အတွက် သင့်အသုံးပြုမယ့် နှုတ်ခမ်းနီအရောင်ထက် အနည်းငယ်ရင့်တဲ့ lip liner ကိုသုံးကာ ပုံဖော်ပေးပါ။ နှုတ်ခမ်းနီအရောင်ကိုတော့ သင့်အသားအရေနဲ့ ကိုက်ညီတာမျိုးကိုရွေးချယ်ပေးပါ။ စိုပြည်နေတဲ့ နှုတ်ခမ်းတစ်စုံကတော့ နုပျိုမှု အသွင်ကို ဆောင်ပါတယ်။
သဲသဲ
GOOD HEALTH

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...