စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ


ယနေ့ အိန္ဒိယနှင့် ဗုဒ္ဓဘာသာ

အိန္ဒိယ နဲ့ ဗုဒ္ဓသာသနာ တနေ့တခြား တိုးတက် ပြန့်ပွားမှုက အားတက်စရာပါ၊ ဒီ ကမ္ဘာ့ လူဦးရေ အများဆုံးနဲ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံတော်မှာ သာသနာ အဓိက ပြုတော်မူနေကြတဲ့ နိုင်ငံတွေကတော့ မြန်မာ ရဟန်းတော်တွေနဲ့ သီရိလင်္ကာ ရဟန်းတော်တွေ ဆိုတာကြားရတော့ ရှေ့ရှေ့ နောင်တော်တွေရဲ့ ပခုံးထမ်း သာသနာကို ကြည်ညိုလို့မဆုံး.....

ဒီနေ့ ကျောင်းတက်ဖော် ဟိမာချာ(ဟိမဝန္တာ) ဘက်က ကျောင်းသွားဖော် အိန္ဒိယ ကျောင်းသား ဗုဒ္ဓဘာသာဝင် ကောင်လေးနဲ့ စကားပြောဖြစ်တော့......
"ဘန္တေရဲ့ အိန္ဒိယ တနိုင်ငံလုံးမှာ ဗုဒ္ဓဘာသာဝင် သန်း ၆၀ ကျော်ရှိတယ်ဗျ" တဲ့ အိုးးးးးး ငါတို့ နိုင်ငံက လူဦးရေ ထက်တောင် များနေပါလား....... ကိုယ့်မှာ ကြည်နူးလို့ မဆုံး၊ တကယ်ဆို အိန္ဒိယလို ကမ္ဘာ့ ဂွအကျဆုံး နိုင်ငံမှာ သာသနာ ပြုဖို့ ဆိုတာ လွယ်လွယ်နဲ့ တော့မရ၊ english စကားပြောဘယ်လောက် တတ်တတ် own language ကလွဲ ဖွဲနဲ့စကွဲ ထင်တဲ့ လူတွေကြား ဘာသာ စကား အခက်ခဲ တခုတည်းနဲ့တင် မည်မျှ ခက်ခဲလိမ့်မလဲ တွေးကြည့် နိုင်သည်၊

"ရှင်တို့ ဒီလိုသာ CASTE (ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု) အရမ်း ပြင်းထန်နေမယ် ဆိုရင်၊ ခုကျမ အုပ်ချုပ်နေတဲ့ ဥတ္တရာပရာဒေဂ်ျ့ ပြည်နယ် တပြည်နယ်လုံး ဗုဒ္ဓဘာသာကို ဆည်းကပ် ခိုင်းရပါလိမ့်မယ်"

ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဝန်ကြီးချုပ် မာယာဝတီရဲ့ စကားကြောင့် လွှတ်တော် ခန်းမ တခုလုံး ငြိမ်သွားကာ သိသိသာသာ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှု လျှော့ကျ သွားခဲ့ရလေသည် ဆိုပဲ၊

ကျောင်းသွားဖော် ကောင်လေးက ဆက်ပြောသည် -
"She is the iron lady of india" တဲ့ ၊ ဗုဒ္ဓဘာသာ ရဟန်းတော် တပါး အနေနဲ့ ရော ဗုဒ္ဓဘာသာဝင် တယောက် အနေနဲ့နော် ကြားရတဲ့ စကားတွေက ကြည်နူးလို့ မဆုံး၊

(ဗုဒ္ဓသာသနံ စိရံ continue)

သာကီ လုလင်


Credit to :Royal Hero Media
https://www.facebook.com/excellencemedia

အေးချမ်းမွန်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...