စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
မိုးရာသီး ဖက်ရှင်
မိုးရာသီမှာ သစ်လွင်တောက်ပပြီး လန်းဆန်းမှုရှိစေမယ့် ဖက်ရှင်လေးတွေ ကို ရွေးချယ်ပေးသင့်ပါတယ် ။အုံ့မှိုင်းနေတက်တဲ့  မိုးရာသီအတွက် အလိုက်ဖက်ဆုံးဖက်ရှင်ပုစံလေးကို လေ့ လာကြည့်ပါ။
၁ မိုးရွာသီမှာလိုအပ်တဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ က တော့ထီးနဲ့ မိုးကာပါပဲ။အ၇မ်းဈေးကြီးတဲ့ ထီးနဲ့ မှ သင့်ထွက် စတိုင်ကျ လှပနေမှာမဟုတ်ပါဘူး။အရောင်လှလှနဲ့  အရွက်ဖားဖားထီးလေးတွေ က သင့်အတွက်အဆင်ပြေစေပါတယ်။မိုးရာသီနဲ့လိုက်ဖက်တဲ့ အရောင် တောက်တောက်လေးတွေနဲ့ အပွင့် အခတ်လေးတွေ ရောစပ်ထားတဲ့  အဆင်ဒီဇိုင်းလေးတွေကို ရွေးချယ်ပေးနိုင်ပါတယ်။
၂ ခဲရောင်လို အရောင်က ခပ်မှိုင်းမှိုင်းအရောင်တွေ ထဲမှာပါဝင်ပေမယ့် ဖက်ရှင်ကျတဲ့ အရောင်ဖြစ်တာကြောင့် ခဲရောင်ကို အနက်နဲ့ တွဲကာ ၀တ်ဆင်ပေးပါ။ခဲရောင်စွယ်တာအပေါ်ထပ် အကျီလေးတွေကို ထပ်ဝတ်ပါ။ခဲရောင်ကို အနက်ရောင်လည်သာဖိနပ်မျိုးတွေနဲ့တွဖက်ဝတ်ဆင်ပေးမယ်ဆိုရင် စတိုင်ကျစေပါတယ် လည်ပင်းစည်းပ၀ါကိုတော့ အပြာရောင် တောက်တောက်လေးကိုရွေးပါ။
၃ အရောင်ရောစပ်မှုအတွက် အလိုက်ဖက်ဆုံးကတော့ အနုအရင့် တွဖက်မှူမျိုးက လိုက်ဖက်မှုရှိစေပါတယ်။အ၀ါရောင် မိုးကာအင်ကျီလေးကို အစိမ်းရောင်ဖိနပ်မျိုးနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။အနီရောင်နဲ့ အနက်ရောင်ဖိနပ်မျိုးတွေက မိုးတွင်းကာလမှာအပေခံပြီးဖက်ရှင်လည်းကျစေပါတယ်
၅ လည်သာဖိနပ် အရှည်တွေ က မိုး၇ာသီးနဲ့ သင့်တော်ပါတယ် ဖော့ဖိနပ်နဲ့ ရာဘာဖိနပ်အမြင့်လေးတွေ ကမိန်းကလေးတွေအတွက် သင့်တော်ပီး ရှူးဖိနပ် အပါးလေးတွေ က ဘယ်လိုအ၀တ်အစားနဲ့ မဆို လိုက်ဖက်မှုရှိပါတယ် ဒေါက်ဖိနပ်တွေကို ဒေါက်ပါတဲ့ အမြင့တွေ အစားတစ်ပြေးတည်းဒေါက်မြင့်တွေက  မိုးရာသီမှာ သက်သောင့်သက်သာဖြစ်စေကြောင်း ဒေါက်အချိန်တွေကို မိုးရာသီမှာခစတော့သိမ်းထားလိုက်ပါ
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...