စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







samsung galexy android ဖုန်းများတွင်မြန်မာ font ထည့်နည်းလမ်းညွှန်


 ဇွန်လ 29, 2012 6:30amတွင်♥♥(ကြယ်ကလေး)♥♥kalaylay♥♥ မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
  • စာပို့မယ်   View Blog


  •       မသိသေးသောသူတွေအတွက်ပါ ။ကျွန်တော်ကိုယ်တိုင်လည်း ကျွမ်းကျင်လွန်း၍မဟုတ်ပါ ။ကျွန်တော့်ရဲ့ဖုန်းကိုထည့်ဖို့အိမ်မှာကြိမ်ကြိုးစားရင်းအောင်မြင်ခဲ့တာပါ။ samsung ဖုန်းများဟာ root လုပ်စရာမလိုပါ အလွန်ပဲ font သွင်းရ လွယ်ကူပါတယ် ။

    Samsung galexy ဖုန်းတွေရဲ့ setting ထဲက display ဆိုတာပါပါတယ် အဲဒီအထဲမှာ font style ဆိုတဲ့ function ပါခဲ့ရင် အဆင်ပြေပြီလို့သာ မှတ်လိုက်ပါ ။ အရင်ဆုံး Internet connection တော့ရှိရပါမယ် ။
    market or google play store ထဲမှာ fontomizer ဆိုတာကို ရိုက်ထည့်ပြီးရှာပါ ။ဒေါင်းပါ ။အဲဒါကိုဖွင့်လိုက်ရင်
    a to z font တွေပေါ်လာပါမယ်။ z အထဲက zawgyi one ttf font ကိုဒေါင်းပါ install ပါ။setting>application>unknown source ကို အမှန်ခြစ်ပေးပါ။setting>display>font style ကိုဖွင့်လိုက်ရင်စောစောကဒေါင်းထားတဲ့ဇော်ဂျီကိုမြင်ရပါပြီ ။ရွေးလိုက်ပါ။restart လုပ်မလားမေးပါမယ် လုပ်လိုက်ပါ auto ပိတ်သွားပြီးပြန်ပွင့်လာချိန်မှာ ဖုန်းဟာဇော်ဂျီ ကိုအသုးံးပပြု ထားပါပြီ။အခုစာဖတ်လို့ရပါပြီ။ရေးလို့ရအောင် keyboard သွင်းရပါမယ် ။

    ကျွန်တော်သိသမျှ keyboard အနည်းငယ်မှာ အကြိုက်ဆုံးက frozen keyboard မို့ သူ့ကိုပဲညွှန်ပါရစေ ။ Google မှာ frozen myanmar keyboard free download လို့ရိုက်ထည့်ရှာပြီး ဒေါင်းပါ installပါ ။setting>A & text ကိုဖွင့်ပါ ။
    frozenkeyboard ကိုတွေ့ရပါမယ် ။သူ့ဘေးမှာအမှန်ခြစ်ပေးပါ။ပြီးရင်ဖုန်းရဲ့search လုပ်တဲ့စာရိုက်တဲ့အကွက်လေးကို long press ဖိလိုက်ပါ Input methodဆိုတာပေါ်လာပါမယ် နှိပ်လိုက်ပါ။

    ပေါ်လာတဲ့Keyboardတွေထဲက frozen keyboard ကိုရွေးချယ်ပါ ဒါဆိုရင် စာရိုက်လို့ရသွားပါပြီ။ကျွန်တော့လက်တွေ့အနေနဲ့ galexy s, galexy ace ,galexy y တို့မှာထည့်လို့ရပါတယ်ကျန်သော model ဖုန်းတော်တော်များများ ရမယ်လို့ ထင်ပါတယ် စမ်းကြည့်ပေါ့နော်  function တူ အဆင်ပေလြိမ့်မယ်လို့ထင်ပါတယ်။ မိတ်ဆွေတို့ရဲ့ galexy ဖုန်းလေးတွေမှာ မြန်မာလိုရေးသားဖတ်ရှုပျော်ရွှင်နိုင်ကြပါစေ ခင်ဗျား ။ ။

    No comments:

    Post a Comment

    Related Posts Plugin for WordPress, Blogger...