စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







laptop ကြောင့် ဖြစ် တတ် တဲ့ အရေပြား ကင်ဆာ



     Laptop ဆိုတာကတော့ အလွယ် တကူသယ်ဆောင်သွားနိုင်တဲ့ ကွန် ပျူတာ အမျိုးအစားဖြစ် ပါတယ်။Laptop အသုံးပြုတဲ့အခါ အများစုဟာ ပေါင်ပေါ်မှာ တင်ပြီး အသုံးပြုလေ့ရှိ ကြပါတယ်။ အဲဒီလို Laptop နှင့်သင့် အရေပြားကြာရှည်စွာ ထိတွေ့ထား ခြင်းက Erythema ab igne ဆိုတဲ့ အရေပြားပြဿနာကို ဖြစ်စေနိုင်ပါ တယ်။

   Toasted Leg Syndrome လို့လည်းခေါ်ပါတယ်။ Erythema ab igne ဆိုတာကတော့ အပူဒဏ်ကို ကြာရှည်စွာခံရခြင်း သို့မဟုတ် Infrared rays များထုတ်လွှတ်တဲ့ အရာတစ်ခုခုနှင့် ကြာရှည်စွာထိတွေ့ ခြင်းကြောင့် အရေပြားနီရဲလာခြင်း သို့မဟုတ် အရောင်ပြောင်းလဲသွား ခြင်း အရေပြားပြဿနာဖြစ်ပါတယ်။ ယခင်တုန်းကတော့ ဒီပြဿနာဟာ မီးဖိုနားမှာ နေ့စဉ်အလုပ်လုပ်ရသော သူများတွင်သာ ဖြစ်လေ့ရှိပါတယ်။ ယနေ့ခေတ်မှာတော့ သုတေသီများ က Laptop များဟာလည်း ဒီအရေ ပြားပြဿနာကို ဖြစ်စေနိုင်တယ်လို့ သတိထားမိခဲ့ကြပါတယ်။

       အထက်ပါအရေပြားကျန်းမာ ရေးပြဿနာကို ကုသနည်းကတော့ Laptop ကို ပေါင်ပေါ်တင်ပြီးအသုံး ပြုမယ့်အစား ခုံပေါ်တွင်တင်ပြီးအသုံး ပြုပါ။ အရေပြားဟာ အနည်းငယ်ပဲ နီရဲတယ်ဆိုရင် လအနည်းငယ်ကြာ တဲ့အခါ သူ့ဘာသာသူ ပျောက်ကင်း သွားပါလိမ့်မယ်။ အခြေအနေဆိုးဝါး တယ်ဆိုရင်တော့ ဆေးဘက်ဆိုင်ရာ အကူအညီကို စနစ်တကျပြုလုပ်ရပါ မယ်။ အရေပြားအနာဟာ မပျောက် ကင်းသွားဘဲ အလုံးအဖုတွေထွက် လာမယ်ဆိုရင် အရေပြားအသားစ ယူစစ်ဆေးရနိုင်ပါတယ်။ အရေပြား လိမ်းဆေး Tretinoin လိမ်းခြင်း၊ လေဆာဖြင့် ကုသခြင်းဖြင့် ကျန်ရှိ နေတဲ့ အနာရွတ်ကို ဖယ်ရှားနိုင်ပါ တယ။်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...