စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
လူတိုင်းအတွက် အရေးပေါ်နည်းများ
       အလှအပဆိုင်ရာအရေးပေါ်ပြသနာတွေကို လူတိုင်းကြုံဖူးကြတယ်နော်။ မနက်စောစော မျက်လုံးတွေ မို့ဖောင်းအစ်နေတာမျိုးပေါ့။ ကိုယ်ကလှချင်ပါတယ်ဆိုမှ အဲ့လိုပြသနာတွေဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အထူးသဖြင့် အရေးကြီးတဲ့နေရာတွေသွားစရာရှိရင်ပေါ့။ ကိုယ့်ရဲ့အလှအပကို နှောင့်ယှက်မယ့်ပြသနာတွေပေါ်လာရင် ပြူးတူးပြာတာဖြစ်တာရော။ မမျှော်လင့်တဲ့ အခြေအနေမှာ မမျှော်လင့်တဲ့ပြသနာတွေကို စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်မယ့်နည်းလေးတွေကိုပြောပြမယ်နော်။
For Puffy Eyes
          မျက်ခွံတွေ မို့အစ်ဖောင်းကားနေရင် ကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံပေါက်နေတတ်တယ်နော်။ လင်းလက်တောက်ပတဲ့အလှပိုင်ရှင်လေး ဘယ်ဖြစ်တော့မလဲ။ ပထမဦးဆုံးနည်းကတော့ သခွားသီးကိုပါးပါးလှီးပြီး မျက်လုံးပေါ်ကပ်လိုက်ရုံပါပဲ။ အဲ့ဒီထက်ပိုကောင်းတဲ့နည်းလေး ရှိသေးတယ်နော်။ တခါသောက် လက်ဖက်ခြောက်ထုပ်လေးတွေလေ။ လက်ဖက်ခြောက်ထုပ်နှစ်ထုပ်ကို ရေနွေးပွက်ပွက်ဆူထဲ ထည့်လိုက်ပါ။ ပြီးရင် လက်ဖက်ခြောက်ထုပ်လေးတွေကိုယူပြီး အအေးခံလိုက်ပါ။ အေးသွားရင် မျက်လုံးမှိတ်ထားပြီး မျက်လုံးပေါ်ကို ၅မိနစ်လောက်ကပ်ထားလိုက်ရုံပါပဲ။ လက်ဖက်ရဲ့ ဓာတ်တိုးဆန့်ကျင်တဲ့သတ္တိတွေနဲ့ လက်ဖက်အိတ်အေးအေးလေးရဲ့ အစွမ်းကြောင့် မျက်ခွံတွေမို့အစ်နေတာသက်သာသွားပြီး လန်းဆန်းတဲ့မျက်နှာလေးဖြစ်သွားမှာနော်။ သတိပြုရမှာက ဓာတုပစ္စည်းတွေမပါတဲ့ ရိုးရိုးလက်ဖက်အိတ်လေးကို အသုံးပြုဖို့ပါပဲ။ နောက်ဆုံး အလွယ်ဆုံးနည်းကတော့ ပုဝါတထည်ကို ရေခဲသေတ္တာအအေးခန်းထဲ ထည့်ထားပါ။ ပုဝါလေးအေးသွားရင် မျက်လုံးမှိတ်ပြီး မိနစ်အနည်းငယ် ကပ်ထားလိုက်ရုံပါပဲ။ အရမ်းလွယ်သလို အရမ်းလဲအစွမ်းထက်တာမို့ လုပ်ကြည့်ဖို့မမေ့နဲ့နော်။
Powder For Oily
          မျက်နှာကအဆီတွေနဲ့ ပြောင်ဝင်းနေရင် ဘယ်ဆွဲဆောင်မှုရှိပါတော့မလဲ။ သင့်မျက်နှာကို အဆီပြန်မှုနည်းအောင် လုပ်နိုင်လေလေ ပိုလှလာလေလေပဲနော်။ အဲ့ဒီတော့ မနက်မိတ်ကပ်လိမ်းပြီးတာနဲ့ ပေါင်ဒါလိမ်းပါ။ လိုအပ်ရင် နေ့လည်တကြိမ် ထပ်လိမ်းပါ။ Mineral Loose Powder တွေက ပိုနူးညံ့ပြီးချွေးပေါက်တွေလဲ မပိတ်နိုင်တာမို့ ရွေးချယ်သင့်တယ်နော်။
Concealer
         Concealer ကတော့ သင့်ရဲ့အရေးပေါ်အရေပြားပြသနာတွေကို ဖြေရှင်းပေးနိုင်မယ့် အဖော်မွန်ကောင်းလေးပါပဲ။ သင့်ကိုအကျည်းတန်စေတဲ့ နီရဲတဲ့နေရာတွေ၊ အမာရွတ်တွေ၊ ၀က်ခြံတွေနဲ့ အမည်းစက်တွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။
Gold EyeShadow For Tired Eyes
         လင်းလက်တောက်ပတဲ့ အလှပိုင်ရှင်လေးဖြစ်ဖို့အတွက်ဆိုရင် သင်ဟာအမြဲလန်းဆန်းတဲ့ပုံဖြစ်နေရမှာပေါ့။ ဒါပေမဲ့ ပင်ပန်းနေတဲ့အချိန်ဆိုရင် သင့်မျက်လုံးတွေက ဟန်မဆောင်နိုင်တော့ဘူးလေ။ အဲ့ဒါကို လှည့်စားလို့ရမယ့်နည်းလေးကို လိုချင်မှာပေါ့။ မခက်ပါဘူး။ ရွှေရောင်အိုင်းရှဲဒိုးလေးနဲ့ သင့်ရဲ့မျက်လုံးအတွင်းထောင့်လေးတွေကို ခြယ်ပေးရုံပါပဲ။ ဒါဆိုရင် သင့်မျက်လုံးလေးတွေဟာလည်း တောက်ပလာပြီး သင့်ရဲ့ပုံစံလေးလည်း ပိုပြီးလန်းဆန်းလာမှာပဲလေ။
Blonde Hair Turns Green
         မွေးရာပါဆံပင်အရောင်ဖျော့သူတွေ ဆံပင်အရောင်ဖျော့ဆိုးထားပြီးရေကူးတဲ့သူတွေ ကြုံရတဲ့ဒုက္ခပေါ့။ ကလိုရင်းဓာတ်တွေကြောင့် အရောင်ဖျော့ဖျော့ဆံပင်လေးတွေဟာ အစိမ်းရောင် ပြောင်းသွားနိုင်တယ်လေ။ အဲ့ဒါကို ရှောင်ဖို့ ခေါင်းစွပ်စွပ်ပြီး ရေကူးပါ။ ကိုယ်ကသတိမထားလိုက်မိလို့ ဆံပင်က အစိမ်းရောင်ပြောင်းသွားရင် ခရမ်းချဉ်သီးလေးကို အားကိုးလိုက်နော်။ ခရမ်းချဉ်သီးရည်ကို ဆံပင်အနှံ့သုတ်လိမ်းပြီး မိနစ်နည်းငယ်ကြာရင် ရေဆေးချလိုက်ပါ။ ခရမ်းချဉ်သီးက အစိမ်းရောင်တွေကို ဓာတ်ပြယ်စေလို့ သင့်ဆံပင်အရောင်ဖျော့လေးကို ပြန်ရလာပါလိမ့်မယ်။
Pimples
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...