စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ္တာလင်္ကာရဒါနမှသည် မဂ်ဥာဏ် ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ဆီသို့

         ဘုရားရှင်လက်ထက်တော်က သာဝတ္တိပြည်တွင်တရားကိုပူဇော်လိုသောပုဏ္ဏားတယောက်သည်
မြတ်စွာဘုရားအားဤသို့လျှောက်ထားလေသည်။
ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား တပည့်တော်သည် ဘုရားကိုပူဇော်ပါသည်၊ သံဃာတော်
ကိုလဲပူဇော်သကဲ့သို့တရားတော်ကိုလဲပူဇော်လိုပါသည် အဘယ်ကဲ့သို့ပူဇော်ရအံ့နည်းဟုလျှောက်တင်လေသည်။
ဘုရားရှင်က တရားဆောင်သောပုဂ္ဂိုလ်အားပူဇော်ပါ ချစ်သား ဟုမိန့်တော်မူလေသည်
ပုဏ္ဏားကတရားဆောင်သောပုဂ္ဂိုလ်သည်အဘယ်သူဖြစ်သနည်းဟုမေးလျှောက်လေသော် ဘုရားရှင်သည်
ဆိတ်ဆိတ်သာနေတော်မူလေသည်၊ သံဃာအပေါင်းတို့က တရားဆောင်သောပုဂ္ဂိုလ်သည် ရှင်အာနန္ဒာဖြစ်သည်ဟု
ဖြေကြလေ၏ထိုအခါပုဏ္ဏားသည်ရှင်အာနန္ဒာအားပင့်ဆောင်ပြီးရှင်အာနန္ဒာ၏သဏ္ဍာန်တွင်
ရှိသောတရားကိုပူဇော်သည့်အနေဖြင့်ဆွမ်း ခဲဖွယ် ဘောဇဉ် သင်္ကန်း၊ပရိက္ခရာတို့ကိုလှူဒါန်းလေသည်။ ရှင်အာနန္ဒာကငါသည်တရားဏ္ဍာစိုးတရာဘဏ္ဍာဂါရိကတော့ဟုတ်၏တရားစစ်မှူး ဓမ္မသေနာပတိဖြစ်သောအရှင်
သာရိပုတ္တရာမထေရ်မြတ်ကသာ၍ မြတ်၏ ဆိုကာ ဆွမ်း သင်္ကန်း ပရိက္ခရာတို့ကိုတဆင့်လှူဒါန်းလေ၏ အရှင်သာရိပုတ္တရာမထေရ်မြတ်ကလဲ ဓမ္မသေနာပတိထက် ဓမ္မသာမိကပို၍မြတ်၏ဟုဆိုကာဓမ္မသာမိတရားပိုင်
ရှင်ြ ဖစ်တော်မူသည့်မြတ်စွာဘုရားအားလှူဒါန်းပူဇော်လေသည်မြတ်စွာဘုရားသည်မိမိထက်သာလွန်သည့်
သူမရှိ၍အလှူခံတော်မူလေသည်။ ဤအလှူနှင့်ပတ်သက်၍ မြတ်စွာဘုရားသည်အတိတ်ကိုဆောင်သောတရားတပုဒ်ကိုဟောတော်မူလေသည်။ ဗာရာဏဿီမင်းဖြစ်သော(ရှင်အာနန္ဒာအလောင်းလျှာ)သည်တရားနှင့်အညီအုပ်ချုပ်သောမင်းတပါြး
ဖစ်၍ပြည်ထဲရေးတွင်
အလွန်သာယာဝပြောလေသည်။ မိမိနှင့်ဝေးကွာသောနေရာများတွင်လဲသာယာမှု့ရှိမရှိသိလို၍ အကြံပေးမင်းဆရာဖြစ်သောပရောဟိတ်ပုဏ္ဏား(ရှင်သာရိပုတ္တရာအလောင်းလျှာ)တို့သည်မထင်မရှားအရပ်သား
အသွင်ဖြင့်တိုင်းစွန်ပြည်နားအထိလှည်လည်လေ့လာကြလေသည် သို့သော်တိုင်းသူပြည်သားတို့က ရှင်ဘုရင် အုပ်ချုပ်သူအား အပြစ်တင်ပြောစကားမရှိ ဂုဏ်ကျေးဇူးစကားသာပြောသည်ကိုကြားသိကြပြီး ၀မ်းမြောက်ဝမ်းသာ ဆရာ တပည့်(၂)ယောက်ပြန်လာကြလေ၏ နိဂုံး(ရွာကြီး)တခုသို့ရောက်သော်ဇရပ်တခုပေါ်တွင်နားနေကြလေသည် နိဂုံးသူဌေးသည်အခြွေအရံတို့နှင့်မြစ်ဆိပ်သို့ရေချိုးဆင်းလာသည် ဇရပ်ပေါ်မှရှင်ဘုရင်ကိုမြင်လေသော်အလွန်
ကြည်ညိုဘွယ်အဆင်းရှိ၍ ရှင်ဘုရင်မှန်းသိလေ၏ အရှင်မင်းကြီး ခဏစောင့်ပါဟုဆိုကာ မိမိအတွက်ပြင်ထားသောထမင်းပွဲကိုပြန်ယူလေ၏ ဘုရားအလောင်းအဘိဥာဉ်ရ ရသေ့သည်ဆွမ်းခံရန်အဘိဥာဉ်ဖြင့်ကြည့်သော်ဤဇရပ်ကိုမြင်ပြီး ဇရပ်ပေါ်သို့ကြွလာလေ၏။နန္ဒမူလိုဏ်ဂူတွင် သီတင်းသုံးတော်မူသောရှင်ပစ္စေကဗုဒ္ဓသည်လည်း နိရောဓသမာပတ်မှ ထလတ်သည်ရှိသော် ဆွမ်းခံရန်ဤဇရပ်
ကိုသာမြင်တော်မူ၍ ကောင်းကင်ခရီးဈာန်ယာဉ်စီးကြွလာတော်မူပြီးရှင်ပစ္စေကဗုဒ္ဓအိနြေ္ဒဖြင့်ထိုင်နေတော်
မူလေသည်။ နိဂုံးသူဌေးသည်ဆွမ်းပွဲကိုယူလာပြီးရိုသေစွာဖြင့်ပြည့်ရှင်မင်းကိုကပ်လေ၏ ပြည့်ရှင်မင်းကမိမိရည်ရွယ်ချက်ဖြင့်
ဆရာပရောဟိတ်အားကပ်လေ၏ ပရောဟိတ်ပုဏ္ဏားကြီးက ရသေ့အားဆက်ကပ်၏ ရသေ့ကရှင်ပစ္စေကဗုဒ္ဓအား ဆက်ကပ်လှူဒါန်းလေသည်ရှင်ပစ္စေကဗုဒ္ဓသည်ရသေ့လှူဒါန်းသောဆွမ်းကိုဘုဉ်းပေးလေသည်။ ဤသို့မိမိယူလာသောဆွမ်းအားအဆင့်ဆင့်ဆက်ကပ်သည် ကိုမြင်သော် နိဂုံးသူဌေးကပြည့်ရှင်မင်းကြီး အသင့်အားအကျွန်ုပ်ကလှူဒါန်းသောဆွမ်းအား ပရောဟိတ်ပုဏ္ဏားကို တဆင့်
လှူဒါန်းခြင်းသည် ဘယ်သဘောနည်းဟုမေး၏
ထိုအခါမင်းကြီးကအမောင်သူဌေး ပရောဟိတ်ပုဏ္ဏားကြီးသည်မင်းကျင့်တရားတို့ကို သင်ကြားပေး
သလိုငါ၏ကိစ္စကြီးငယ်တို့ကိုလဲငါ့ကိုယ်စားဆောင်ရွက်ပေးသောလေးစားထိုက်လို့ထိုဂုဏ်ကျေးဇူးကိုမှန်းပြီး
လှူပါတယ်ဟုဆို၏
တဖန်ပရောဟိတ်ပုဏ္ဏားကြီးအားသူဌေးကမေးပြန်၏ ပုဏ္ဏားကြီးက ငါနှင့်ရှင်ဘုရင်တို့သည် အိုးအိမ်တိုက်တာလယ်ယာတို့နှင့်နေပြီး အာရုံငါးပါးကိုလဲခံစားတယ် ရှင်ရသေ့ကတော့ လောဘ၊ဒေါသ၊မောဟမရှိ သိမ်းဆည်းခြင်းတည်းဟူသောပရိဂဟှ တဏှာလောဘ မရှိတဲ့အတွက်ထိုဂုဏ်ကျေးဇူးကိုမှန်းပြီးလှူဒါန်းပါတယ်လို့ပြောပြန်တယ်။
ရှင်ရသေ့အားမေးပြန်လေသော် အမောင်သူဌေး ငါ ကမှ တောထဲတွင်သစ်ဥ သစ်သီးတွေ ရှာဖွေပြီး
နောင်နေ့အတွက်ဆိုတဲ့ သိမ်းဆည်းမှု့တွေရှိသေးတယ် ရှင်ပစ္စေကဗုဒ္ဓ မထေရ်မြတ်မှာ သိမ်းဆည်းမှု့လောဘ
တဏှာမရှိ ငါ့ထက်သာလွန်မြင့်မြတ်လှပေတယ်ထိုဂုဏ်ကျေးဇူးကိုမှန်းပြီးလှူပါတယ်ဟုပြောလေသည်။
ရှင်ပစ္စေကဗုဒ္ဓအား နိဂုံးသူဌေးက အရှင်ဘုရားအကျွန်ုပ်မှလွဲ၍မင်းကြီးမှစပြီးအရှင်ဘုရား
ထိအားလုံးသည် ဧည့်သည်များသာဖြစ်သည် စားပါဦးသောက်ပါဦးလို့လောကွတ်ပျူငှာမလုပ်တာ ဘယ်သဘော
လဲလို့မေးပါတယ် ထိုအခါ ရှင်ပစ္စေက ဗုဒ္ဓက ငါသည် ငါ့ဥစ္စာဆိုသော သိမ်းပိုက်မှုလောဘမရှိကြောင့်ကြမှုလဲမရှိပါ အလှူရှင်ကလှူဒါန်းသောဤဆွမ်းအားပြန်ပြီးစားပါအုံးသောက်ပါဦးခေါ်ခြင်းသည် လောကသဘောနှင့်
ဆန့်ကျင်၍လောကွတ်ပျူငှာ မလုပ်ခြင်းဖြစ်ပါသည်ဟုဖြေလေသည်။

          ဒီတော့မှ နိဂုံးသူဌေးက ပြည့်ရှင်မင်းကြီးသည် ဒီအရပ်သို့လာခြင်းသည်ငါ့အတွက်လာခြင်း
ဖြစ်ပေသည် ပြည့်ရှင်မင်းကြီး၊ပရောဟိတ်ပုဏ္ဏား၊ရသေ့၊ရှင်ပစ္စေကဗုဒ္ဓတို့၏ဂုဏ်ကျေးဇူးကိုရည်မှန်းပြီးမိမိ၏
ဆွမ်းအဆင့်ဆင့်လှူဒါန်းမှုကို ၀မ်းသာအားရဖြစ်လေသည်။
ဤဇာတ်တော်ကြီးမှ ရရှိလာသော ဥပဒေသမှာ မိမိတို့ကြိုးစားရှာဖွေ စုဆောင်းထားသောပစ္စည်း
ဥစ္စာတို့ကိုလှူဒါန်းသောအခါ အလှူခံပုဂ္ဂိုလ်၏ သီလ၊ သမာဓိ၊ပညာ တည်းဟူသောဂုဏ်ကျေးဇူးကိုရည်မှန်းလှူဒါန်း ရပါမယ်။ ဘုရားအမှူးရှိသောသံဃာတော်တို့မှာ လောဘ၊ ဒေါသ၊ မောဟတည်းဟူသောကိလေသာမှအကြွင်းမဲ့
လွတ်တော်မူပါသည် ထိုကျေးဇူးဂုဏ်တို့ကိုရည်မှန်းပြီးလှူဒါန်းပူဇော်ရပါမည် ထိုသို့လှူဒါန်းရသောအကျိုးကြောင့် စိတ်နှလုံးနူးညံ့ခြင်းပီတိ အဟုန်ကြောင့်မေတ္တာအစရှိသောအလုပ်များလုပ်သည့်အခါ သမာဓိလွယ်လွယ်ပေါ်ပါသည်
သမာဓိမှ ၀ိပဿနာဥာဏ်၏အဆင်တန်ဆာအခြံအရံ အထောက်အပံ့ဖြစ်အောင်လှူဒါန်းခြင်းဖြစ်၍ ထိုဒါနကို စိတ္တာလင်္ကာရဒါနဟုခေါ်ပါသည်။ ထိုအလှူသည်အမြတ်ဆုံးအလှူဖြစ်သည်ဟုအင်္ဂုတ္ထိုရ်ပါဌိတော်တွင်မြတ်စွာဘုရား
ဟောကြားတော်မူပါသည်။

    အဌကထာဋီကာဖွင့်ဆိုချက်အရ ကံနှင့် ကံ၏အကျိုးကိုနှစ်နှစ်ကာကာ ယုံကြည်၍အလှူခံပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူး (သို့) လိုအပ်ချက်အပေါ် စိတ်မှန်းလှူဒါန်းခြင်းသည် မိမိ၏စိတ်ကို နူးညံ့
စေပါသည် ၀မ်းမြောက်ခြင်း ပီတိမှ ပဿတိ၊သုခ၊သမာဓိ၊၀ိမုတ္တိဥာဏ်၊ ၀ိမုတ္တိဥာဏဒဿနဥာဏ်၊ မဂ်ဥာဏ်၊ဖိုလ်ဥာဏ်မြတ်နိဗ္ဗာန်ထိ ပေါက်အောင် စိတ္တာလင်္ကာရဒါန သည်အကျိုးပေးနိုင်ပါသည်။
ကုသိုလ်ဇောစိတ်တို့ဖြင့်ဆေးကြောပြီးသောခန္ဓာကိုယ်တွင် သရဏဂုံ၃ပါးတည်းဟူသောဦးစိုက်ပန်း
ငါးပါးသီလတည်းဟူသော နံ့သာကောင်း ၀တ်ကောင်းစားလှတို့ဖြင့် တရားမင်္ဂလာ သဘင်သို့ ကြွရောက် လာကြသော ဓမ္မမိတ်ဆွေအပေါင်းတို့ရှင် အလှူခံပုဂ္ဂိုလ်တို့၏ဂုဏ်ကျေးဇူး (သို့မဟုတ်)လိုအပ်ချက်အပေါ် ရည်မှန်းလှူဒါန်းပါကစိတ္တာလကာင်္ရဒါနသည်မဂ်ဥာဏ်ဖိုလ်ဥာဏ် မြတ်နိဗ္ဗာန်ထိပေါက်မြောက်အောင်ြ မင်
နိုင်သည်ဖြစ်၍ မိမိတို့၏ ချွေးနဲစာမှ ဆထက်ထမ်းပိုးတိုးလို့ အမှန်တကယ်လိုအပ်သောနေရာများတွင်
လှူဒါန်းကြပါရန် နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်ရပါတယ်ရှင်။
ဘ၀နတ်ထံပျံလွန်တော်မူသွားသော မင်းကွန်းဆရာတော်ဘုရားကြီးဟောကြားတော်မူသော ဘိက္ခာပရမ္ပရ
ဇာတ်တရားတော်အားပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။

ဤစာစုဖြင့်ဆရာတော်ဘုရားကြီးအားရည်မျှော်မှန်း၍ ပူဇော် ကန်တော့ပါ၏ဘုရား

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...