စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်မမြင်တို့တွက် ဘိုင်အိုးနစ်မျက်လုံးများပေါ်ပေါက်လာတော့မည်...

SweSone Media Group , 29 June 2012 --

       ဒဏ်ရာကြောင့် သို့ရောဂါကြောင့်မျက်စိကွယ်သွားသူ
များအနေဖြင့် မြင်လွာနေရာ၌ အစားထိုးနိုင်သော ဘိုင်အိုးနစ် မျက်လုံးများ မကြာမီ ပေါ်ပေါက်လာတော့မည် ဖြစ်ကြောင်း DMသတင်းဌာနက ဇွန်လ ၁၅ ရက်နေ့ တွင်ဖေါ်ပြသည်။
ယင်းကို ပစ်တာစဘတ်မြို့ရှိ ကာနစ်ဂင်မီယွန်တက္ကသိုလ်မှ ရှုန်းကီလီ ဆိုသူက တီထွင်ခဲ့ချင်းဖြစ်သည်။
ယင်းကို မျက်မှန်တွင်တပ်ထားသော အလွန်သေးငယ်သည့် ကင်မရာနှစ်လုံးဖြင့်ပြုလုပ်ထားပီး ယင်းကင်မရာများက ရိုက်ကူးထားသည့် ရုပ်ပုံများကို လူနာ၏ မျက်လုံး၌ တပ်ဆင်ထားသော ကွန်ပြူတာ ချိပ်ပြားထံ ပို့ပေးသည်။ ၄င်းချိစ်ပြား က လျှပ်စီးကြောင်းများကို ၀ါယာကြိုးငယ်တစ်ခုမှ တဆင့် မြင်လွာနောက်တွင် တပ်ဆင်ထားသောဖလင်ပြားတစ်ခုဆီသို့ ပို့ပေးသည်။ ယင်းက မြင်လွှာနာ့ဗ်ကြောများအား လှူပ်ဆော်ပေးပြီး အချက်အလက်များကို ဦးနှောက်ဆီသို့ ပို့ပေးကာ ရုပ်ပုံများကို မြင်ရစေ သည်။
မူရင်း( http://www.myanmarnewshub.com/?p=27429 )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...