ဗီယက်နမ်မှ ကြောက်မက်ဖွယ်ရာဟိုတယ်

ဗီယက်နမ်နိုင်ငံမှ
သစ်ပင်ပေါ်မှာတည်ဆောက်ထားတဲ့ ကြောက်မက်ဖွယ်ရာ ဟော်တယ်အောင် ထူးဆန်း
လွန်းလှပြီး လာရောက်တည်းခိုသူတွေကို နောက်တစ်ကြိမ်ထပ်လာချင်အောင်
စွဲဆောင်လေ့ရှိပါတယ် ။ Hand Nga တွေရဲ့ ဟော်တယ်ဟာ အမည်အားဖြင့်တော့
ကြောက်မက်ထိတ်လန့်ဖယ်ရာ ဟိုတယ် အသွင်ဆောင် နေပါ တယ် ။ ဒီဟိုတယ်ဟာ
ဒီနာမည်မျိုးရရှိလာတာဟာ သံသယဖြစ်စရာတော့မရှိပါဘူး ။ ဒီပုံတွေ ကိုကြည့်ခြင်း
အားဖြင့် အတွင်းပိုင်းမှာ
ဘယ်လောက်ထိတ်လန့်ဖွယ်ရာကောင်းအောင်ပြင်ဆင်ထားတယ်ဆိုတာ တွေ့မြင်နိုင် ပါတယ် ။

တကယ့်ကို ထိတ်လန့်ဖွယ်ရာကောင်းတဲ့ အပိုင်းကတော့ သစ်ပင်အဆောက်အအုံမဟုတ်ပါဘူး ။ ဒါဟာ သစ်ပင် ပေါ်မှာ ဆောက်ထားတာနဲ့ တူအောင် ဖန်တီးထားခြင်းဖြစ်ပြီး အမှန်တကယ်ကတော့ ဒီအဆောက်အအုံဟာ ပုံမှန် ဆောက်လုပ်ရေးပစ္စည်းတွေကိုပဲ သုံးစွဲထားတာဖြစ်ပါတယ် ။ ဗီယက်နမ် နိုင်ငံမှ Hand Nga ဆိုသူအမျိုးသမီးမှ ဖန်တီးခဲ့ခြင်းဖြစ်ပါတယ် ။

အသွင်သဏ္ဍာန်အားလုံးကတော့ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းလှပါတယ် ။ တကယ် လို့ အလကားပေးတည်းမယ်ဆိုရင်တောင်မှ ကျွန်တော်ကတော့စဉ်းစားရပါဦးမယ် ။ ဒါပေမယ့် ဒီဟိုတယ်ဟာ သရဲ ကား တွေ နဲ့ အခြား သရဲအိမ်ပုံစံမျိုးဖန်တီးမယ်ဆိုရင်တော့ အတော်ကို သင့်လျော်တဲ့နေရာတစ်ခုပဲ ဖြစ်ပါ တယ် ။

သက်တန့်ချို ....မှကူးယူဖော်ပြသည်။
http://www.thettantcho.com/2010/05/blog-post_15.html
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:
Post a Comment