စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိခင်နို့ရည်၏ အစွမ်းသတ္တိက ကလေးများအား အေအိုင်ဒီအက်စ် ကူးစက်မူမှ ကာကွယ်နိုင်

          မိခင်နို့ရည်သည် ကလေးများအား အေအိုင်ဒီအက်စ် ကူးစက်မူမှ ကာကွယ်ပေးနိုင်ဖွယ် ရှိသည်ဟုသုတေသနလေ့လာချက်တစ်
ရပ် က ဆိုသည်။
           အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရသည့် ကြွက်များအား သုတေသနပြုချက်အရ အဆိုပ်ကြွက်မများ၏ အကောင်ပေါက်လေးတစ်ချို့သည် နို့ရည်သောက်သုံးရာမှ ရောဂါပိုးရှိသော်လည်း မိခင်နို့ရည်တွင် သန်စွမ်းသော  ရောဂါပိုးခုခံနိုင်မူ စွမ်းရည်လဲရှိကြောင်း တွေ့ရှိသည့်အပြင်
အန္တရာယ်မကင်းသည့် နို့စို့အကောင်ပေါက်ကလေးများအနက် အများစုသည် ကာလကြာရှည် နို့ရည်သောက်သုံးသော်လည်း အိတ်ခ်ျအိုင်ဗွီ
ကူးစက်ခံရခြင်းမရှိဟာ ဆိုသည်။
        Science ပညာရှင်များက လူသားများကဲ့သို့ အိတ်ခ်ျအိုင်ဗွီပိုးရရှိအောင် လူသားဆန်ဆန် မျိုးရိုးဗီဇ ပြောင်းလဲဖန်တီးထားသည့် ကြွက်များအပေါ် သုတေသနပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါကြွက်များအား အိတ်ခ်ျအိုင်ဗွီပိုးပါရှိသည့် လူမိခင်နို့ရည်အား တိုက်ကျွေးရာတွင်
၎င်းကောင်းတို့သည် ရောဂါကူးစက်ခံရခြင်းမရှိကြောင်း တွေ့ရသည်။ယင်းတွေ့ရှိချက်များကို Public Libary of Science Pathogens အွန်
လိုင်းဂျာနယ်တွင် ဖော်ပြထားသည်။
       ယင်းတွေ့ရှိချက်အရ မိခင်နို့ရည်သည် အိတိခ်ျအိုင်ဗွီပိုး ခေမှုန်းနိုင်၊ရောဂါပိုး ကူးစက်မူများအား ဟန့်တားနိုင်သည့် အစွမ်းသတ္တိများ
ရှိသည်ဟူသော အေ၇းပါသည့် ထိုးထွင်းအမြင်ကို ရရှိသည်ဟု အမေရီကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်မှ သုတေတနခေါင်းဆောင် ဗစ်တာဂါစီယာက ပြောကြားခဲ့သည်။
ကြေးမံသတင်းစာ
သာသာပြန် - ထန်ဆွင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...