စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောင်ကြီးက အေးသာယာ စပျစ်ခြံကြီးဆီသို့

အေးသာယာ စပျစ်ခြံကြီးဆီသို့


 
     တောင်ကြီးအင်းလေးကို သွားခဲ့တုန်းက တောင်ကြီးမြို့ အတက်နားက အေးသာယာ စပျစ်ခြံကို သွားခဲ့တဲ့ အကြောင်းကို ရေးချင်ပါတယ်။ ခြံကြီးရဲ့ နာမည်က အေးသာယာဝိုင် ထုတ်လုပ်တဲ့ အေးသာယာ စပျစ်ခြံကြီးပါ။ ခြံကြီးထဲမှာ စပျစ်စိုက်ခင်း စိမ်းစိမ်းစိုစိုကို ကြည့်ရင်း အဲဒီ စပျစ်ပင်တွေကရတဲ့ အသီးကနေ ထုတ်လုပ်ထားတဲ့ ဝိုင်တွေကို သောက်သုံးနိုင်တဲ့ အရသာကို ခံစားနိုင်ပါတယ်။ ကျယ်ဝန်းလှတဲ့ ခြံကြီး ထဲက တောင်စောင်းတလျှောက် မျက်စိတစ်ဆုံး စိုက်ပျိုးထားတဲ့ စပျစ်ပင်တွေဟာ ညီညာသွယ်တန်းပြီး လှိုင်းတွေလို ဝေ့ဝိုက် လူးလွန့်နေပုံက ကြည့်လို့ မဝနိုင်လောက်အောင် ဆွဲဆောင်မှု ကောင်းလွန်း လှပါတယ်။ အင်းလေးကန်နဲ့လည်း မဝေးလှတဲ့အတွက် နိုင်ငံခြားသား ခရီးသွားများ အတော်များများဟာ အေးသာယာ စပျစ်ခြံကြီးဆီကို လာရောက်လေ့လာ စား သောက်လေ့ ရှိကြပါတယ်။ အဲဒီခြံကြီးထဲကို ကျွန်မနဲ့ အတူတူ လျှောက်သွား ကြည့်ရအောင်လားနော်။

Image Hosted by PicturePush - Photo Sharing

 အေးသာယာခြံကြီးသို့ အဝင် 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

 ခြံရှေ့က ဆိုင်းဘုဒ်များ 

Image Hosted by PicturePush - Photo Sharing 
ခြံထဲ ဝင်လိုက်တော့ လမ်းညွှန်ဆိုင်းဘုဒ် လေးတွေကို တွေ့ရပါတယ်. ဘယ်ဘက်ကိုသွားရင် စပျစ်ပင်တွေ စိုက်ထားတဲ့ စိုက်ခင်းကို ရောက်မှာ ဖြစ်ပြီး ညာဘက်မှာတော့ ရုံးခန်းနဲ့ အေးသာယာ ဝိုင်တွေရောင်းချတဲ့ဘား ရှိပါတယ်။ ဟိုရှေ့မှာ တွေ့ပါပြီ။ အတန်းလိုက် စီစီညီညီ စိုက်ထားတဲ့ စပျစ်ပင်ကြီးတွေပါ။ စပျစ်ခင်းကြီးဟာ ကြည့်လို့ မဆုံးနိုင်လောက်အောင် တမျှော်တခေါ်ရှိလှပြီး လှလွန်းတဲ့အတွက် ဓာတ်ပုံတွေ အများကြီး ရိုက်ဖြစ်ခဲ့ပါတယ်။ ကြည့်ကြည့်ရအောင်လားနော်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အေးသာယာခြံကြီထဲက စပျစ်ပင်တွေဟာ ပုံထဲမှာ မြင်ရတဲ့ အတိုင်းပါဘဲ။ မြန်မာပြည် အလယ်ပိုင်းမှာ မြင်တွေ့ ခဲ့ရဖူးတဲ့ စပျစ်ပင်တွေလို စင်တွေနဲ့ စိုက်ပျိုးထားတာမျိုး မဟုတ်ဘဲ စိုက်ခင်းကြားထဲမှာ တိုင်တွေထောင်ထားပြီး တိုင်တွေကြားမှာ ကြိုးတန်းတွေ ရှိပါတယ်။ စပျစ်ပင်ရဲ့ ပင်စည်တွေက အဲဒီကြိုးတန်းတွေမှာ နွယ်နေတာဖြစ်ပါတယ်။ ဒီစပျစ်ခြံကြီးအကြောင်းကို ကျွန်မ လေ့လာစပ်စုမိခဲ့သလောက် ပြန်လည်ဖော်ပြရမယ်ဆိုရင် ခုတွေ့ရတဲ့ စိုက်ခင်းဟာ ၁ဝနှစ်သား အရွယ်ခန့်ရှိတဲ့ စပျစ်ပင်တွေဖြစ်ပါတယ်။ အေးသာယာ စပျစ်စိုက်ခင်း တည်ရှိရာနေရာဟာ ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၁၂ဝဝခန့် ( ပေ သုံးထောင့် ကိုးရာကျော်ခန့်) မြင့်တဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့ရဲ့ တောင်စောင်း တလျှောက်မှာ စိုက်ပျိုးထားပါတယ်။ ထုံးဓာတ်ပါရှိတဲ့ ရှမ်းပြည်နယ်ရဲ့ မြေမျိုးဟာ ဝိုင်ထုတ်လုပ်တဲ့ စပျစ်သီးများကို စိုက်ပျိုးဖို့ အကောင်းဆုံး မြေမျိုးဖြစ် တယ်လို့ သိရပါတယ်။ ဒီလို စပျစ်ပင်မျိုးဟာ ဝိုင်ချက်ဖို့ အလွန်ကောင်းတဲ့ စပျစ်ပင်တွေလို့ သိရပါတယ်။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ဒီစပျစ်ပင်တွေကို အီတလီ၊ ပြင်သစ်၊ စပိန် စတဲ့ ဥရောပနိုင်ငံတွေကနေ တင်သွင်းလာတာဖြစ်ပြီး ပြည်တွင်းက စပျစ် အရိုင်းမျိုးနဲ့ မျိုးစပ်ပြီး စိုက်ပျိုးထားပါတယ်။ ဒီစိုက်ခင်းကြီးနဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံးဝိုင်ကို ဖြစ်မြောက်အောင် တည်ထောင် ခဲ့သူကတော့ ဂျာမနီနိုင်ငံသား Mr Bert Morsbach နဲ့ သူငယ်ချင်းများ ဖြစ်ကြပါတယ်။ ၁၉၉၈ခုနှစ်မှာ ဥရောပ စပျစ်ပင်မျိုးပေါင်း ၃ဝဝဝ စတင် တင်သွင်းလာပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ စတင် စိုက်ပျိုး ခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်မှာတော့ စပျစ်စိုက်ခင်းကြီးကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနီးက အေးသာယာ ကို ပြောင်းရွေ့ လာပြီး နောက်ထပ် စပျစ်ပင်ပေါင်း တစ်သောင်းကို တင်သွင်းလာပြီး တိုးချဲ့ စိုက်ပျိုးလာခဲ့ပါတယ်။   ၁၉၉၈ မတိုင်မီက ဥရောပ စပျစ်မျိုးကို အရှေ့တောင်အာရှမှာ အောင်အောင်မြင်မြင် စိုက်ပျိုးဖြစ်ထွန်းနိုင်ဖို့ သုတေသနများစွာ လုပ်ခဲ့ရာမှာ ရှမ်းပြည်နယ် တောင်တန်းများဟာ အကောင်းဆုံးလို့ လေ့လာသိရှိရပြီးနောက် အပင်များစွာ စိုက်ပျိုးလာပြီး ခုချိန်မှာတော့ အဲဒီ စပျစ်စိုက်ခင်းကြီးဟာ မြန်မာပြည်မှာ ပထမဦးဆုံးဝိုင် စပျစ် စိုက်ခင်းကြီးဖြစ်သလို ၊ အေးသာယာ ဝိုင်ဟာလည်း  ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ပထမဦးဆုံး ဥရောပစတိုင် ဝိုင်လည်း ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

ခြံကြီးထဲ ကျွန်မ ရောက်သွားတဲ့အချိန်ဟာ ခုလို စပျစ်သီးတွေ သီးနေပါပြီ။ ဒီအနေအထားဟာ ဝိုင်ချက်ဖို့အတွက် ခူးဆွတ်ဖို့ မရနိုင်သေးပါဘူး။ အကောင်းဆုံးဝိုင် ချက်ဖို့အတွက်တော့ အချိန် နောက်ထပ် အနည်းငယ် လိုပါသေးတယ်။ အသီးတွေကို အမျိုးအစားအလိုက် ခူးဆွတ်ပြီး ဝိုင်ချက်လုပ်ခဲ့ရာ ၂၀၀၄ ခုနှစ်မှာ အေးသာယာ ဝိုင်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်မှာ စတင်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


Image Hosted by PicturePush - Photo Sharing
အေးသာယာဝိုင်
(အထက်က ပုံနှစ်ပုံကိုတော့ အင်တာနက်က ယူထားတာပါ) 

အေးသာယာဝိုင်ဟာ နိုင်ငံတကာ ဝိုင်အသင်းအဖွဲ့နဲ့ အရည်အသွေးစစ်ဆေသူများရဲ့ ထောက်ခံချက်တွေများစွာကို ရရှိထားပြီး ကမ္ဘာ့ထိပ်တန်း ဝိုင်ရဲ့ စံချိန်စံညွှန်း အရည်အသွေး ပြည့်မှီတယ်လို့ ဆိုပါတယ်။ အီတလီကနေ တင်သွင်းစိုက်ပျိုးထားတဲ့ Shiraz စပျစ်ကနေ ထုတ်လုပ်တဲ့ Rose' (ရိုဇေး) ဝိုင်ဟာ ခဏချင်းမှာဘဲ နာမည်ကြီးလာပါတယ်။ ရိုဇေးဝိုင်ဟာ မြန်မာ အစားအစာများနဲ့ ဥရောပ အစားအစာတို့နဲ့ တွဲဖက် သုံးဆောင်ရင်လည်း အလွန် သင့်တော်တယ်လို့ ဆိုပါတယ်။ ထုတ်လုပ်တဲ့ စပျစ်သီးရဲ့ အမျိုးအစားကိုလိုက်ပြီး ဝိုင်တွေဟာ တစ်မျိုးနဲ့တစ်မျိုး အရသာ မတူညီကြပါဘူး။ စပျစ်သီးအမျိုးအစား အမျိုးမျိုးကနေ အေးသာယာဟာ ဝိုင်အမျိုးအစား ဝိုင်ဖြူ၊ ဝိုင်နီ၊ ဆိုဗင်းညူ ဘရောင်းဝိုင်၊ ကမ္ဘောဇဝိုင်၊ မွန်တီဗီနို စသဖြင့် အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အကြိုက်ချင်း မတူညီတဲ့အတွက် ဝိုင်တွေကို အရသာခံစားရာမှာလည်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်တူမှာ မဟုတ်လို့ မိမိနှစ်သက်တဲ့ ဝိုင်အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ခြံကြီးထဲမှာ အစားအသောက်များလည်း မှာယူစားသောက်နိုင်တာမို့ Menu ကို ဓာတ်ပုံရိုက်ယူခဲ့ရာမှာ အေးသာယာက ထွက်ရှိတဲ့ ဝိုင်အမျိုးအစားနဲ့ ဈေးနှုန်းတွေကို အပေါ်က Menu ထဲမှာ ကြည့်ရှုနိုင်ပါတယ်။ ဝိုင်နဲ့တွဲဖက်စားသောက်ဖို့ အခြားသော စားသောက်ဖွယ်ရာများနဲ့ အအေးများ ၊ ကော်ဖီများကိုလည်း Menu ထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
စပျစ်ခြံကြီးထဲမှာ လှည့်လှည်ကြည့်ရှု ဓာတ်ပုံတွေရိုက်ပြီးတော့ စားသောက်ခန်းမရှိရာ အပေါ်ထပ်ကို တက်လာပြီး ကောင်း မကောင်း Taste လုပ်ကြည့်ခဲ့တဲ့ အေးသာယာ ဝိုင်နီ ပါ။ :P

Image Hosted by PicturePush - Photo Sharing


အပေါ်ထပ်မှာ နိုင်ငံခြားသားတစ်အုပ်စု ရောက်နေတာ တွေ့ခဲ့ရပြီး ဝိုင်နဲ့အခြားသော စားသောက်ဖွယ်ရာတွေကို စားသောက်နေတာ တွေ့ခဲ့ရပါတယ်။ 


Image Hosted by PicturePush - Photo Sharing 



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ခုမြင်ရတဲ့ အဆောက်အဦးရဲ့ အပေါ်ထပ်မှာ အစားအသောက်များစားသောက်ရင်း မျက်စိမဆုံးမြင်နေရတဲ့ စပျစ်ခင်းစိမ်းစိမ်းစိုစိုကို မျှော်ငေးရင်း စားသောက်နိုင်ပါတယ်။ အရှေ့မှာတော့ သာယာလှတဲ့ ရေကန်တစ်ခု ရှိနေပြီး ခြံကြီးနဲ့ ရေကန်ဘေးတစ်လျှောက်မှာတော့ ပန်းပင်များ ဖူးပွင့်နေတာကိုလည်း တွေ့မြင်ရတာ အင်မတန်မှ စိတ်ကြည်နူးဖွယ် ကောင်းလှပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing

 အပေါ်ထပ်ကနေ ခြံထဲကို လှမ်းကြည့်ရင် မြင်ရတဲ့ မြင်ကွင်းတွေပါ။

အပေါ်ထပ်မှာ စားသောက်ပြီးတာနဲ့ အေးသာယာက လုပ်သက်၅နှစ်ရှိ ဝန်ထမ်းလေးဖြစ်တဲ့ မရီရီဝင်းကို ဝိုင်ချက်တဲ့နေရာကို လိုက်ပြပေးလို့ ရမလားလို့ တောင်းဆိုတဲ့အခါ အင်မတန်မှ စိတ်ရှည်သဘောကောင်းတဲ့ မရီရီဝင်းက ဝိုင်စက်ရုံထဲကို လိုက်ပြရင်း ကျွန်မ သိချင်တာတွေကိုလည်း သေသေချာချာ ရှင်းပြပါတယ်။ အဲဒီ အတွက်တော့ ကျေးဇူးအများကြီးတင်ပါတယ်လို့ ညီမလေး မရီရီဝင်းက ဒီနေရာကနေ ပြောလိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

စက်ရုံအပြင်ဖက်မှာ ထားထားတဲ့ ဝိုင်ထည့်တဲ့ သစ်သားစည်ကြီးတွေနဲ့ ပုလင်းတွေပါ။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 ဒီ အလူမီနီယံ စည်ကြီးတွေက စပျစ်သီးတွေကို စိမ်တဲ့ စည်ကြီးတွေဖြစ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
 ဝိုင်ထုတ်လုပ်ပုံ အဆင့်ဆင့်ကိုရှင်းပြထားတဲ့ Chart ဖြစ်ပါတယ်။ စိတ်ဝင်စားရင် တစ်ဆင့်ချင်း ကြည့်လို့ရပါတယ်

အေးသာယာဝိုင်ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲသူများကတော့ ဂျာမဏီနိုင်ငံမှာ ဝိုင် အကြောင်းများကို အထူး သင်ကြားပေးတဲ့ နာမည်ကျော် Geisenheim တက္ကသိုလ်ကနေဆင်းထားကြသူများဖြစ်တယ်လို့ ဆိုပါတယ်။ ဝိုင်တွေဟာ သက်တမ်း ကြာကြာထားလေ အရသာကောင်းလေလို့ ကြားဖူးပါတယ်။ အေးသာယာ ဝိုင် ကတော့  ဈေးကွက်ရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်နိုင်ဖို့အတွက် အနည်းဆုံး ၂နှစ်လောက်သာ ထားပြီး ဈေးကွက်ထဲ ဖြန့်ပါတယ်။ ခုချိန်မှာတော့ အရည်အသွေးမြှင့် ဝိုင်အမျိုးအစားများစွာကို ထုတ်လုပ်ဖြန့်ချီနေပြီ လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီဆိုင်းဘုဒ်ကတော့ ဝိုင်ချစ်သူတွေအတွက် သတင်းကောင်းပါ။ သောကြာနေ့တိုင်း ညနေ ၃နာရီမှ ည ၇နာရီအထိ ဝိုင်များကို ၃၀% လျှော့ဈေးနဲ့ မှာယူသုံးဆောင်နိုင်ပါတယ်တဲ့။ ဘယ်လိုပင်ဖြစ်စေ ဝိုင်အကြောင်းကို စိတ် မဝင်စား ရင်တောင်မှ အေးသာယာ စပျစ်ခြံကြီးဟာ ရှုခင်းလှလှတွေ သဘောကျတတ်သူများအတွက်လည်း စိတ်ကြည်နူး ချမ်းမြေ့စရာ နေရာလေးတစ်ခု ဖြစ်မှာ မလွဲအမှန်ပဲ ဖြစ်ပါတယ်။  တကယ်လို့များ  တောင်ကြီးမြို့ ကို ရောက်ခဲ့တယ် ဆိုရင် အေးသာယာ စပျစ်ခြံကို သွားချင်တယ်လို့ ကားသမားတွေ ကို ပြောလိုက်ရင် အေးသာယာမြို့သစ် အလွန် တောင်ကြီး အတက် ကားလမ်းဘေးက ခြံကြီးကို လိုက်ပို့ကြ မှာ သေချာပါတယ်။ တောင်စောင်း တစ်လျှောက်က ကျယ်ဝန်းလှတဲ့ စပျစ်ခင်း စိမ်းစိမ်းစိုစိုကို မျှော်ငေး ကြည့်ရင်း ဝိုင်လေးများလည်း တစ်ခွက်တစ်ဖလား မြည်းစမ်းကြည့်ခဲ့ နိုင်ပါတယ်နော်။ :P


အားလုံးသော မိတ်ဆွေများ စိတ်ရောကိုယ်ပါ ကျန်းမာ ရွှင်လန်းကြပါစေရှင်..



Image Hosted by PicturePush - Photo Sharing

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...