စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရင်ကိုထိရတဲ့ပုံတွေ အများကြီးမြင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ ဒီပုံလေးလောက် မခံစားရဘူး။


ရင်ကိုထိရတဲ့ပုံတွေ အများကြီးမြင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ ဒီပုံလေးလောက် မခံစားရဘူး။ တို.မြန်မာနိုင်ငံကြီးမှာ သက်ကြီးရွယ်အိုတွေအတွက်
လုပ်ဆောင်မှုတွေအားနည်းနေသေးတာ အမှန်ပါဘဲလားလို.စာရေးသူမြင်မိပါတယ်။ သက်ကြီးနေတဲ့အမေအိုကြီး အဖေအိုကြီးတို.ရဲ. မျက်လုံးတွေဟာ အကုန်တူတူပါဘဲ။ သူတို.မျက်ဝန်းထဲမှာ အထီးကျန်မှုတွေ အားငယ်မှုတွေပြည့်နှက်နေတာ ခံစားမိကြရဲ.လား သူငယ်ချင်းတို.။ ဒီဆောင်းပါးလေးကိုဖတ်မိသမျှ သူငယ်ချင်းတို.အပေါင်းတို.ရေ စာရေးသူတို.ပတ်ဝန်းကျင်မှာရှိတဲ့ အဘိုးအဘွားတွေကို တတ်နိုင်သလောက်ဖေးမကြပါကွာ။ ပစ်မထားကြပါနဲ.လား။ အသက်ကြီးမှတောင်းစားရ အိုဇာတာမကောင်းတဲ့ သူတွေအတွက် တတ်နိုင်တဲ့ဘက်ကကူညီဖေးပပေးကြပါ။
ပဲခူးမြို့ရဲ့ ရွှေမော်ဓောဘုရားစောင်းတန်းတစ်နေရာ တောင်းရမ်းစားသောက်နေတဲ့ အမေအိုကြီးတစ်ယောက် ..... သူမက ကျောင်းဆရာမကြီးတစ်ဦးဖြစ်ခဲ့ပါတယ် .... အငြိမ်းစားယူလိုက်တဲ့ နှစ်နှစ်ဆယ်အတွင်း သည်လိုဘဝကိုသက်ဆင်းခဲ့ရတာလို့ဘေးလူတွေကပြောပြရှာတယ် .... ကျွန်တော်ပါသမျှငွေအားလုံးနဲ့လှူဒါန်းရင်းမျက်ရည်တွေသွင်သွင်ကျ ရှိခိုးဦးတင်ကန်တော့ရင်း ဆရာရင်းတပည့်မဟုတ်သော်လည်း အာစရိယဂိုဏ်းဝင် ဆရာတစ်ယောက်လက်ကိုဖွဖွကိုင်ပြီး နဖူးနဲ့ထိခဲ့ဖူးပါတယ် .... ကျွန်တော့်ဘဝမှာ အဲဒီအချိန်တုန်းကလောက်ကြေကွဲခဲ့ရတာ မရှိပါဘူး ... ဆယ်တန်းဖြေပြီးစ အချိန်ဆိုတော့ မကြာခဏ သွားပြီးကူညီစောင့်ရှောက်ခဲ့ပါတယ် .....
အသက်ရှစ်ဆယ်ကျော် ကျောင်းဆရာမ အမေအိုကြီး ပြီးခဲ့တဲ့နှစ်က ဆုံးသွားတာကို တစ်လောကပဲခူးပြန်တဲ့အချိန် စောင်းတန်းက မှတ်မိသူအချို့စကားနဲ့ကြားခဲ့ရတယ် .... ဆရာ .... တပည့်တွေကြားမှာ ဘဝကိုမြုပ်နှံထားခဲ့ရှာတဲ့ ဆရာတစ်ယောက် ဒီလိုနိဂုံးကို ခုချိန်ထိ ရင်နာလို့မဆုံးခဲ့ပါဘူး ......
ပြောနေကြစကားလေးအတိုင်းပြောရရင်တော့
နှမ်းတစ်စေ့နဲ.ဆီမဖြစ်ပါဘူး။ ဟုတ်ပါတယ်။
သင်သာနှမ်းတစ်စေ့ဖြစ်ပါစေ။
ကိုယ်ချင်းစာစိတ်ရှိကြပါစေ။
 မော်နီကာတို. ပတ်ဝန်းကျင်မှာရှိတဲ့
အဘိုးအဘွားများစွာကို
သာယာတဲ့အေးချမ်းတဲ့ဘ၀နဲ. ဘ၀အဆုံးတိုင်ကို စိတ်အေးချမ်းသာစွာ ကျော်ဖြတ်နိုင်ရပါလို၏လို.
ဆုတောင်းပေးလိုက်ကြရအောင်နော်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...