စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးလိပ်သောက်သူရှိရင်ဝေမျှပေးလိုက်ပါ

Tuesday, February 28 at 12:11pm

(သင့်သူငယ်ချင်းတွေထဲမှာ ဆေးလိပ်သောက်သူရှိရင်ဝေမျှပေးလိုက်ပါ )

 
       နှစ်စဉ်နှစ်တိုင်း ဆေးလိပ်သောက်ခြင်းကြောင့် ကမ္ဘာပေါ်မှာ လူပေါင်း 2.5 million လောက်သေဆုံးနေကြရတယ် ။ စားသောက်ဆိုင်တွေ အလုပ်နေရာတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ဖို့ လိုလာပါပြီ ။

အသက် ၁၈ နှစ်အောက်တွေကို ရောင်းချခွင့်မပေးထားပါဘူး ။ အမှန်ဆို customer တွေအနေနဲ့ ဆေးလိပ်သောက်သုံးခြင်းကြောင့် သေဆုံးနေကြရပေမယ့် ဆေးလိပ်ကုမ္မဏီတွေကတော့ အကျိုးအမြတ်တွေရရှိနေတုန်းပါပဲ ။

ဆေးလိပ်သောက်ခြင်းကို ဆန့်ကျင်တဲ့ law တွေလည်းအများကြီးပေါ်ပေါက်နေပါပြီး ။ ၁၉၉၈ ခုနှစ်မှာ ဘားတွေမှာ ဆေးလိပ်သောက်ခြင်းကို တားတဲ့ ဥပဒေတစ်ခု နိုင်ငံခြားဒေသတချို့မှာ ပေါ်ထွက်လာခဲ့တယ် ။

“ ဆေးလိပ်သောက်ခြင်းကို အတင်းအကြပ်တားဆီးခြင်းဟာ ဆေးလိပ်ကုမ္မဏတွေရဲ့ အကျိုးအမြတ်အပေါ်သက်ရောက်မှုရှိပါတယ် နှစ်စဉ် ဆေးလိပ်သောက်သူ ၃ ယောက်သို့မဟုတ် ၅ ယောက် လျော့နည်းခြင်းသွားခြင်းဟာ ဆေးလိပ်ကုမ္မဏီတွေကို နှစ်စဉ် One billion dollars လောက်ဆုံးရှုံးစေတယ် ” လို့ Internal Philip Morris Document မှာ ဖော်ပြထားပါတယ် ။

ဆေးလိပ်သောက်သုံးသူတွေကို နောက်ပိုင်းမှာ ကုမ္မဏီတွေကလည်း နည်းအမျိုးမျိုး နဲ့ ဆွဲဆောင်လာကြတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး ဆေးလိပ်သောက်သုံးခြင်းအား ဆန့်ကျင်ကြပါစို့လား ။

“ ဆေးလိပ်သောက်သုံးခြင်းကြောင့် အာခံတွင်းကင်ဆာ လည်မျိုကင်ဆာ လျှာကင်ဆာ နဲ့တကွ လေပြွန်ကင်ဆာ အဆုတ်ကင်ဆာအထိဖြစ်ပွားနိုင်ပြီး မိမိသာမက မိမိချစ်ခင်ရတဲ့ သူငယ်ချင်းမိသားစု အားလုံးကိုပါ ဒီဆိုးကျိုးကိုပေးစေပါတယ် ။

သင် သူတို့ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် ဆေးလိပ်ဖြတ်လိုက်ပါ ”

သက်တန့်ချို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...