Subscribe · Saturday, June 2 at 8:28pm
အဝါရောင်လမ်းကလေး...
**************

ဒီလမ်းကလေးဟာ အင်္ဂလန်နိုင်ငံ ဝေလ်းပြည်နယ်က Bodnant ဥယျာဉ်ထဲမှာ ရှိတဲ့ ငုဝါပန်းခုံး ဖြစ်ပါတယ်။ ပေ ၈၀ခန့်ရှည်လျားတဲ့ ၄င်း ငုဝါပန်းခုံးဟာ ဘယ်ညာနှစ်ဖက်လုံးမှာ Laburnum လို့ခေါ်တဲ့ ငုဝါပန်းပင်တွေ စိုက်ပျိုးထားပြီး အပင်တွေကို အလည်မှာ ကိုင်းညွှတ်အောင် ပြုလုပ်ထားတဲ့အတွက် ပန်းပွင့်ချိန်ဖြစ်တဲ့ မေလအကုန်နဲ့ ဇွန်လအစပိုင်းတို့မှာ ဝင်းဝါနေတဲ့ ပန်းခုံးလေး အဖြစ် မြင်တွေ့ရတာ ဖြစ်ပါတယ်။ အဲဒီငုဝါပန်းခုံးလေးကို Laburnum arch လို့ လူသိများပါတယ်။ တစ်လမ်းလုံး ငုဝါပန်းတွေ ညွှတ်ကိုင်း တွဲရရွဲကျပြီး လှပဝင်းဝါနေတဲ့ ဒီငုဝါပန်းခုံး လမ်းကလေးကို ကျွန်မကတော့ “အဝါရောင်လမ်းကလေး”လို့ ခေါ်ချင်ပါတယ်။ (အထင်မကြီးပါနဲ့. ကျွန်မရိုက်ထားတဲ့ ဓာတ်ပုံ မဟုတ်ပါဘူး။ အင်တာနက်က ရှာထားတာပါ။ :P:P)
No comments:
Post a Comment