စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရှက်မရှိသော သမီးကိုခေါင်းဖြတ်သော ဖခင်



      အိန္ဒိယနိုင်ငံတွင် အဖေဖြစ်သူက ယောကျာ်းများနှင့် လိုက်အိပ်တတ်သော သူ၏သမီး၏ ဘ၀နေထိုင်မှုကြောင့် အရှက်ရကာ သမီး၏ဦးခေါင်းကို ကိုယ်တိုင်ဖြတ်လျက် သူ၏ရွာအတွင်း လှည့်လည်ပြသခဲ့ကြောင်း သိရသည်။ ကျောက်တွင်းအလုပ်သမား အိုဂက်ဆင်းသည် အသက်၂၀အရွယ်ရှိ သမီးဖြစ်သူနှင့်အတူ အိန္ဒိယနိုင်ငံ ရာဇာစတန်ပြည်နယ် ဒန်ဂါရီရွာ၌ နေထိုင်ပြီး သမီးဖြစ်သူသည် လွန်ခဲ့သည့် နှစ်နှစ်က ယောကျာ်းဖြစ်သူနှင့် ကွာရှင်းခဲ့ပြီးနောက် မိဘများနှင့်အတူ လာရောက်နေထိုင်ခြင်းဖြစ်သည်။

        အိုဂတ်ဆင်းသည် ယောကျာ်းတကာနှင့် ဇာတ်လမ်းရှုပ်နေသော သမီးဖြစ်သူကြောင့် အရှက်ရကာ ဒေါသအိုးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသ၏ ရဲဌာနအကြီးအကဲ အူမက်ရှ်အိုဂျာက ပြောပြခဲ့သည်။ ဆင်းသည် သမီးဖြစ်သူကို ဇွန်လ၁၇ ရက်နေ့က အိမ်သို့ပြန်လာရန်ပြောခဲ့ပြီး ဇွန်လ၁၈ ရက်နေ့တွင် သမီး၏ခေါင်းကိုဖြတ်ကာ ရွာတွင်လှည့်လည်ပြသပြီးနောက် ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ခြင်းဖြစ်သည်။
http://swesonemedia.org/index.php?q=2581

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...