စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘ၀တစ်သက်တာ အမှတ်တရ မိဘကျေးဇူးပုံဖော်ပွဲ

ဘ၀ တစ်သက်တာ အမှတ်တရ မိဘကျေးဇူး ပုံဖော်ပွဲ

     အမှတ်(၁၀)ရပ်ကွက်၊ အေးသာယာစက်မှုဇုန်၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ်တောင်ပိုင်း ဂန္ထ၀ိပဿနာ သာသနာလင်္ကာရ ကျောင်းတိုက်တွင် ပထမ အကြိမ်ကြီးမှူး ဖွင့်လှစ်သော နွေရာသီ ဗုဒ္မဘာသာ ယဉ်ကျေးမှု ဓမ္မ သင်တန်းကို ၂၆ .၅ . ၂၀၁၂ နေ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်..ဒီသင်တန်းမှာ နာယက ဆရာတော် အရှင် မဟောသဓာလင်္ကာရ ဘိဝံသ(ဓမ္မစာပေ ဆယ်ဘွဲ့ရ ၊ဂန္ထ၀ါစက ပဏ္ဍိတ) ၊ MA.AM & M (Phlio)(candinate) ၊သီရီလင်္ကာ အရှင်မြတ်မှ သြ၀ါသ လမ်းညွန်မှူကို ခံယူပြီး ဖွင့်လှစ်ခဲ့ပါတယ်.. သင်တန်းမှူး အဖြစ် အကျွန်ုပ် အရှင်သြဘာသ နှင့် အရှင်ပညာဘောဂ( B.A –Eng)Thailand မှ ဗုဒ္မဘာသာ ဓမ္မ အကြောင်းနှင့် အင်္ဂလိပ်စာ အခြေခံကို တွဲဖက်၍ သင်ကြားခဲ့ပါတယ်.

. ဒီသင်တန်းမှာ သင်တန်းသား/ သူ များအား ဘာသာတရား၏ လိုက်နာကျင့်သုံးရမည့် ဓမ္မ တရားများနှင့် အင်္ဂလိပ်စာများအပြင် ပုံပြင်ဝတ္ထုများ အတွေးအခေါ် သဘောတရားများ ၊စိတ်နှလုံး ပျော်ရွှင်ကြည်နူး ဖွယ်ရာ ခေတ်ပေါ် ယဉ်ကျေးမူ ဓမ္မ တေးသီးချင်းများကို သင်ကြားပေးခဲ့ပါတယ်… ဒါ့အပြင် ကလေးများ အတွေးအခေါ် အသိဥာဏ်များ ၊ မိဘများ၏ ကျေးဇူးတရားများကို သိတတ်လားစေရန် အတွက် နိုင်ငံကျော်စာရေးဆရာ ဦးဘုန်း(ဓါတု)မန္တလေး နှင့် ဆရာဇော်ခိုင်ဦး (ရွှေ အမြူတေ စာပေဆုရှင်) တို့အား နှစ်ကြိမ် ၊၁၇ .၅. ၂၀၁၂ နေ့တွင် စာရေးဆရာ ဦးဝင်းမင်းထွန်း (မိခင်မြန်မာစာ) တို့အား ပင့်ဖိတ်၍ တစ်ကြိမ် စုစုပေါင်း သုံးကြိမ် စာပေဟောပြောပွဲများ ကျင်းပပေးခဲ့ပါတယ်..

     ဒီ ၁၇ .၅. ၂၀၁၂ နေ့တွင် နောက်ဆုံးကျင်းပ ပြုလုပ်တဲံ့စာပေဟောပြောပွဲကတော့ အရမ်းထူးခြားတယ် အကျွန်ုပ် အနေနဲ့လဲ ဘ၀ တစ်သက်တာ တစ်ခါမှ မတွေ့ဘူးတဲ့ပွဲ မလို့ အင်တာနက် စာမျက်နှာပေါ်ကနေ လက်တို့ပြီးတော့ ရင်ဖွင့်ဖေါက်သည် ချပြပါရစေ… ဒီပွဲမှာ မိဘနှစ်ပါးရဲ့ ဂုဏ်ကျေးဇူးတွေကို သိသူ ၊ ၀မ်းနည်း ပူဆွေးနေတဲ့ သားငယ်သမီးငယ်လေးများ မိဘတို့ရဲ့ ဂုဏ်ကျေးဇူးကို ဆပ်ဖို့အတွက် မျက်လုံးလေးများမှိက်ပြီး ကိုယ့်ရဲ့ အဖေအမေရဲ့ ဂုဏ်ကျေးဇူးကို ပထမ ဦးစွာ ပုံဖော်ခိုင်းပါတယ်

    အဲဒီ မတိုင်ခင် န၀မတန်း သင်ရိုးမှာ ပါတဲ့ မင်းကတော် ၀တ္ထုကို ကလေးတွေရဲ့ ရင်ထဲရောက်အောင် ဒိုင်ယာလော့ခ် အရင်ဆုံး ပြောပြပါတယ်.. “အမေ”၊ “အဖေ” လို့ တမ်းတမ်းတတ ရင်ထဲခေါ်ရင်း ကိုယ့်မိဘအပေါ်မှာ မှားခဲ့တာတွေ ပြစ်မှားမိခဲ့တာတွေ စိတ်ထဲမှာ ပုံဖော်မြင်ယောင်ခိုင်းပါတယ်.. အဲဒီ အချိန်မှာ သင်တန်းသား/သူတွေ အကုန်လုံးနီးပါး ငိုကြွေး မြည်တမ်းခဲ့ပါတယ် .. ဒီမြင်ကွင်းဟာ ဘ၀တစ်သက်တာ အမှတ်တရလို့ ပြောရင် လွန်နေမလား သားတွေ သမီးတွေ အပေါ် အဖေ အမေတွေရဲ့ ထားတဲ့ မေတ္တာ တရားတွေဟာ ပိုမို ပေါ်လွင်မှာဖြစ်ပါတယ်.. စာဖတ်သူတွေလည်း အခုပြောတဲ့ စကားလုံးစာသားတွေ ကို ပုံဖော်မြင်ယောင် ကြည့်ပါ မိဘ နှစ်ပါးတို့ မိမိ အပေါ်ထားတဲ့ သဘောထားတွေဟာ ကိုယ့်အပေါ်မှာ အဆိုးတွေ မဟုတ်ပဲ ကောင်းစေချင်လို့ ဖြစ်ခဲ့တာတွေဆိုတာ သဘောပေါက်မြင်ယောင် လာမယ်လို့ထင်ပါတယ်.. ဒါကြောင့် ဘ၀ တစ်သက်တာ အမှတ်တရလို့ ပြောရလောက်အောင် တစ်သက်မှာ တစ်ခါမှ မတွေ့ဖူတော့ ဒီပုံရိပ်ရဲ့ ဓါတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်

စာဖတ်သူတွေလည်း မုဒိတာ ဂရုဏာတွေကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်အောင်ဖေါ်ပြပေးလိုက် ခြင်းဖြစ်ပါတယ်.. အခုလို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ် … ဒီသင်တန်းရဲ့ ပုံရိပ်တွေကို စိတ်ပါဝင်စားသူ မည်သူမဆို လေးစားစွာဖြင့် တန်ဖိုးထား၍ ကာယကံ၊ ၀စီကံ ၊ မနောကံ စသည့် တတ်နိုင်သောအားကုသိုလ်ဖြင့် ပါဝင်နိုင်ပါကြောင်း သာသနာ အကျိုး ရည်မျှော်၍ ဖိတ်ခေါ်အပ်ပါတယ်.. ဒီ သင်တန်းဆင်းပွဲကို ၂၆ .၅ . ၂၀၁၂ နေ့မှာ ကျင်းပပြီးခဲ့ပြီ ဖြစ်ပါတယ်.. ဒါကြောင့် ဂေါတမဘုရားရှင် ဟောကြားတော်မူတဲ့ ကာလ၊ ဒေသ ၊ ပုဂ္ဂိုလ် မရွှေးပဲ မိမိတို့ရဲ့ စေတနာ သဒ္မါ နည်းများစွာဖြင့် လာရောက်၍ အလှူဒါနများကို ပညာပါရမီ အကျိုးမျှော်ကိုး၍ နောင်ဖွင့်လှစ်မည့် sun day school ဗုဒ္မဘာသာဓမ္မသင်တန်းကိုလည်း မိမိတတ်စွမ်းနိုင်သမျှ ပါဝင်လှူဒါန်း နိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်...

ဖွင့်လှစ်မည့်နေ့ လ ရက်မှာ ဇူလိုင်လထဲတွင် ရန်ကုန်မြို့ အောက်ပါကျောင်းလိပ်စာတည်နေရာတွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း ပညာပါရမီအကျိုး ရည်မျှော်စူး၍ ဖိတ်ခေါ်အပ်ပါသည်။
သင်တန်းမှူးဆရာတော်
အရှင်သြဘာသ
(ဓမ္မပီတိ)၊BA(ပါဠိ)
သာသနာ လင်္ကာရကျောင်းတိုက်
ဘွက်ကြီးလမ်း၊ ထောက်ကြန့်မြို့၊ရန်ကုန်တိုင်း ဒေသကြီး။
ဖုန်း- 09-73184690


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...