စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်တိုတက်ပါသလား ?

                         သူငယ်ချင်းတို့တော့မသိဘူးဗျ၊ အဲ ကျနော်ကတော့ တကယ်စိတ်တိုလွယ်သူတစ်ယောက်ပါ၊ စိတ်တိုလာပြီဆိုရင်လည်း အသားတွေပါ တဆက်ဆက်တုန်နေတတ်ပါတယ်။ အဲဒါကြောင့်လည်း
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိုစာတဲ့ရုပ် ပေါက်လာတာဖြစ်မည်။ စိတ်ထောင်းတော့ကိုယ်ကျေ
စိတ်ပျိုတော့ကိုယ်နု လို့ ဆိုတယ်မလား။ ခုတော့ အတိုင်းအတာတစ်ခုထိ သီးခံတတ်လာပါတယ်။
အဲဒါကလည်း အသက်အရွယ်နဲ့လည်း ဆိုင်မယ်ထင်ပါတယ်၊ ပြီးတော့ မိဘတွေရဲ့သွန်သွင်ဆုံးမမှု၊
တရားတော်တွေကိုနာယူရမှုတွေနဲ့လည်းဆိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်သူကိုယ် သိသိသာသာ
ပြောင်းလဲသွားတဲ့အဖြစ်ကို သတိထားမိတာကတော့  “Chicken soup for the soul’’ ဆိုတဲ့
စာအုပ်လေးကိုဖတ်ပြီးနောက်ပိုင်း သိသိသာသာပြောင်းလဲသွားခဲ့ပါတယ်။ 

      စိတ်ဆိုးစိတ်တိုတတ်တဲ့သူဟာ ရုပ်အိုလွယ်တယ်။ ဒဏ်ရာအဖြစ် ကိုယ့်ဆီမှာပဲကျန်နေခဲ့တယ် ဆိုတာ
ကျနော်ကောင်းကောင်းသိလိုက်တဲ့ စာအုပ်လေးရဲ့ထဲမှာ Scar ဆိုတဲ့ ဆောင်းပါလေးပါပဲ။
အမြဲတမ်းစိတ်တိုတတ် စိတ်တိုလွယ်တဲ့ သားဖြစ်သူကို အဖေဖြစ်သူက သွန်သင်ဆုံးမတဲ့
ဆောင်းပါကောင်းလေးပါပဲ။ အဲဒါကြောင့် သူငယ်ချင်းတို့လည်း တစ်စုံတစ်ခုသောအသိ ရလိမ့်မယ်လို့
မျှော်လင့်မိလို့ ပြန်လည်တင်ပြပေးလိုက်ပါတယ်။
ကိုယ့်စိတ်နဲ့မတွေ့တိုင်း အမြဲတမ်း စိတ်တိုတတ်တဲ့သား၊ တစ်နေ့တစ်နေ့ကို အကြိမ်ရေ
ငါးဆယ်နီးပါးမျှ စိတ်တိုတတ်တဲ့သားကို အဖေဖြစ်သူက ပြောပါတယ်။

       မင်းစိတ်တိုတာလျော့ပါးသွားချင်ရင် တစ်ခါစိတ်တိုစရာနဲ့တွေ့တိုင်း တစ်ခါစိတ်တိုတိုင်း နံရံပေါ်မှာ
သံမှိုတစ်ချောင်းသွားရိုက်ပါ လို့ အကြံပြုခဲ့ပါတယ်။ ဒါကို သားဖြစ်သူကလည်းလက္ခံခဲ့ပါတယ်။
အဲဒါကြောင့် သူစိတ်တိုစရာနဲ့တွေတိုင်း စိတ်တိုတိုင်း နံရံကိုသံမှိုသွားရိုက်ပါတယ်။ ပထမနေ့မှာ
သူနံရံပေါ်ရိုက်တဲ့ သံမှိုအရေအတွက်ဟာ ငါးဆယ်တောင်ရှိခဲ့ပါတယ်တဲ့။ နောက်နေ့မှာတော့
လေးဆယ့်ကိုးချောင်း၊ နောက်နေ့မှာ လေးဆယ့်ရှစ်ချောင်း အဲလို တဖြေးဖြေးနဲ့လျော့ လျော့သွားတာ
နောက်ဆုံး သံမှိုသွားရိုက်စရာမလိုအောင် ကိုစိတ်ကတည်ငြိမ်သွားခဲ့ပါတယ် တဲ့။
အဲဒီအခါမှာ သားဖြစ်သူက ဖခင်ဖြစ်သူကို သူနံရံမှာ သံမှိုရိုက်စရာမလိုအောင် 
စိတ်တည်ငြိမ်သွားပြီးဖြစ်တဲ့အကြောင်း ပြောပြလိုက်ပါတယ်။ ဖခင်ဖြစ်သူက ဟုတ်ပြီ
ဒါဆို အဲဒီနံရံပေါ်က သံမှိုတွေကို ပြန်သွားနုတ်ဖို့ပြောပါတယ်။ ဒါနဲ့ သားဖြစ်သူက
သွားနုတ်လိုက်ပါတယ်။  သံမှိုတွေအားလုံးနုတ်ပြီးတော့ ဖခင်ဖြစ်သူက သားဖြစ်သူကိုမေးပါတယ်။

       သံမှိုတွေနုတ်လိုက်တော့ အောက်မှာ ဒဏ်ရာတွေ တွေ့တယ်မို့လား၊ အေး အဲဒီလိုပဲကွ 
စိတ်တိုသူရဲ့နှလုံးအိမ်ဟာ သံမှိုအရိုက်ခံရတာနဲ့အတူတူပဲ၊ စိတ်တိုနေတုန်းလည်း နာတယ်။
စိတ်တိုပြေသွားတဲ့အခါမှာလည်း ဒဏ်ရာအနေနဲ့ကျန်နေခဲ့တယ်။ အဲဒါမြဲမြဲမှတ်ထား။
ကျနော့်ကိုပြောင်းလဲသွားစေတဲ့ ဆောင်းပါလေးကတော့ဒီမျှပါပဲ။ ကျနော်စိတ်တိုစရာနဲ့ကြုံတိုင်း
စိတ်တိုမိတိုင်းကြာကြာ စိတ်မတိုမိအောင် ဒီဆောင်းပါးလေးကို ပြန်ပြန်သတိရနေမိပါတယ်။
ဟုတ်တယ်…စိတ်တိုနေတဲ့သူဟာ သွေးတွေပါပူပြီး အမှားတွေကို ပြောမိ အမှားတွေကို
ကျူးလွန်မိတတ် လွယ်တယ်ဆိုတာ ကျနော်ကောင်းကောင်းသိခဲ့ပါပြီ။ ကျနော့်သူငယ်ချင်းတွေလည်း
ဒီသုတရသဆောင်းပါးလေးကိုဖတ်မိပြီး တစ်စုံတစ်ခုသောအသိ ရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။
သူငယ်ချင်အားလုံးကို အစဉ်လေးစားလျှက်…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...