စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အေးအေးလေးနဲ.ပြုံး( ၁၆ ) -- ဟာသ

ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား?
တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။  သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။  သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။  တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။  အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။  သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး  ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။  သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။  ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။  အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင်သတဲ့။
 သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”
အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ"
<-->>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တော်တော်ရိုင်းတဲ့ ဒရိုင်ဘာ
          အမျိုးသမီးတစ်ယောက်ဟာ ဘက်စ်ကား ဒရိုင်ဘာရဲ့ ထိုင်ခုံနောက်မှာ ထိုင်ပြီးတော့ ကလေးကို ချီထားပါသတဲ့။   ဘက်စ်ကား ဒရိုင်ဘာက လှည့်ကြီးပြီးတော့ အဲ့ဒီ အမျိုးသမီးကို ပြောတယ်…
“ကျွန်တော် တစ်သက်မှာ ဒီလောက်ရုပ်ဆိုးတဲ့ ကလေးမျိုး ဒီတစ်ခါဘဲတွေ့ဖူးသေးတယ် တကယ် တကယ်”
အမျိုးသမီးက ဒီစကားကိုလဲကြားရော သူ့ကလေးကို ဒီလို စကာမျိုးပြောရပါ့မလားလို့ စိတ်ဆိုးပြီး နောက်ဆုံးတန်းက ထိုင်ခုံကို ရွှေ့ထိုင်ပါသတဲ့။  နောက်ဆုံးတန်းမှာ ထိုင်နေတဲ့လူက သူမ ဘာဖြစ်လာတာလဲလို့ သိချင်တာနဲ့ “ဘာတွေ ဖြစ်လာကြတာလဲဗျာ”
“တော်တော့်ကို ရိုင်းစိုင်းတဲ့ ကားဒရိုင်ဘာပါရှင်…  ကျွန်မကို စော်ကားတဲ့ စကားတွေပြောလိုက်တယ်ရှင့်”
“ဟင်…  ဘက်စ်ကားဒရိုင်ဘာဆိုတာ ပြည်သူ့ဝန်ထမ်းတစ်ယောက်ဘဲ။  ဒီလိုမျိုး ခရီးသွားတွေကို ရိုင်းပြတဲ့ စကားတွေကို ပြောရမလား”
“သိပ်မှန်တာပေါ့ရှင်။  နေဦး ကျွန်မပြန်သွားပြီး ဒီလို မပြောသင့်ကြောင်းကို အဲ့ဒီ ဒရိုင်ဘာကို သွားပြောဦးမယ်”
“ဟာ သိပ်ကောင်းတဲ့ အကြံပေါ့ ခင်ဗျာ၊  ကဲပေးပေး ခင်ဗျားရဲ့ မျောက်ကလေးကို ကျုပ်ထိန်းပေးထားမယ်”
< >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တွေးပုံလေးကို သဘောကျတယ်.. ဒါပေမယ့် အဖြေက မဟုတ်ဘူး
          ဆိုးပေ စာသင်ခန်းထဲတွင် ဆရာမနှင့် ငြင်းနေသည်။  ဆရာမကမေးသည်
ဆရာမ။ ။“ဆိုးပေ… သစ်ကိုင်းပေါ်မှာ ငှက် ၄ ကောင်နားနေတယ်… တစ်ကောင်ကို သေနတ်နဲ့ ပစ်လိုက်တယ်၊ အဲ့ဒါဆို ဘယ်နှစ်ကောင်ကျန်မလဲ?”
ဆိုးပေ။ ။“တစ်ကောင်မှ မကျန်ဘူး ဆရာမရဲ့”
ဆရာမ။ ။“မဟုတ်ဘူးလေ ဆိုးပေရဲ့ ၁ ကောင်ကို သေနတ်နဲ့ ပစ်လိုက်မှ တော့ ၃ ကောင်ကျန်ရမှပေါ့”
ဆိုးပေ။ ။“ဆရာမကလည်း..  ၁ကောင်ကို သေနတ်နဲ့ ပစ်မှတော့ ကျန်တဲ့ အကောင်တွေလည်း လန့်ပြီး ပျံပြေးပြီပေါ့..  ဒါ့ကြောင့် သစ်ကိုင်းပေါ်မှာ တစ်ကောင်မှ မကျန်ဘူး”
ဆရာမ။ ။“အင်း.. မင်းစဉ်းစားပုံလေးကို သဘောကျတယ်… ဒါပေမယ့် အဖြေက ၃ ကောင်ကွဲ့”
ဆိုးပေ။ ။ “ဒါနဲ့ ကျွန်တော် ဆရာမကို မေးခွန်းတစ်ခု မေးလို့ရမလား?”
ဆရာမ။ ။ “အင်း မေးပါဦး ဆိုးပေရဲ့”
ဆိုးပေ။ ။ “မိန်းကလေး ၃ယောက်၊ ရေခဲမုန့်ကို စားနေတယ်။  တစ်ယောက်က ရေခဲမုန့်ကို လျှာနဲ့ လျှက်နေတယ်၊  နောက်တစ်ယောက်က ရေခဲမုန့်ကို ကိုက်စားနေတယ်၊  နောက်တစ်လျှောက်က ရေခဲမုန့်ကို ငုံထားတယ်။  ဘယ်တစ်ယောက်က အိမ်ထောင်သည် ဖြစ်မလည်း”
ဆရာမအနည်းငယ်တွေသွားသည်… ထို့နောက်
ဆရာမ။ ။ “ရေခဲမုန့်ကို ငုံထားတဲ့တစ်ယောက်”
ဆိုးပေ။ ။ “မှားတယ်။  လက်ထပ်လက်စွပ် ၀တ်ထားတဲ့တစ်ယောက်။  ဒါပေမယ့် ဆရာမစဉ်းစားပုံလေးကို ကျွန်တော် သဘောကျတယ်”
<  >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ဆရာမေးကြည့် 
          ဆိုးပေဟာ သူ့ဆရာမနှင့် အသည်းအသန်ငြင်းနေပါတယ်။
“မဟုတ်ဘူးဆိုးပေ ဝေလငါးဆိုတာဟာ လက်တွေကျတော့ လူကို မမျိုနိုင်ဘူးကွဲ့။  ဘာဖြစ်လို့လဲဆိုတော့ သူဟာ နို့တိုက်သတ္တ၀ါတွေထဲမှာ အကြီးဆုံးဖြစ်ပေမယ့် သူတို့ရဲ့ လည်မြိုတွေဟာ လူမျိုနိုင်လောက်အောင် မကြီးဘူး ကွဲ့”
“မဖြစ်နိုင်ဘူး ဆရာ သမ္မကျမ်းစာထဲမှာ ယောဟန်ကို ဝေလငါးကမျိုတာ မဖတ်ဖူးဘူးလား”
ဆရာက ဆိုးပေကို မဖြစ်နိုင်ကြောင်းထပ်ပြောပါတယ်
ဆိုးပေ။ ။ဆရာ ဒါဆိုရင် ကျွန်တော် ကောင်းကင်ဘုံရောက်တော့မှ ယောဟန်ကို မေးကြည့်မယ်။
ဆရာ။  ။ယောဟန်က ငရဲပြည်မှဆိုရင်ရော
ဆိုးပေ။ ။ အဲ့ဒါဆိုရင်တော့ ဆရာမေး
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တစ်နေ့စာအလွဲများ
          ဘား တစ်ခုတွင်ဖြစ်သည်။  လူငယ်လေးတစ်ယောက်သည် သူ၏ အရက်ခွက်ကို တွေတွေကြီးစိုက်ကြည့်နေသည်။  ထိုသို့ကြည့်နေသည်မှာ နာရီဝက်လောက်ကြာသွားပြီဖြစ်သည်။ အဲ့ဒီအချိန်မှာ ကားဒရိုင်ဘာတစ်ယောက် လူငယ်လေးဘေးနားဝင်ထိုင်ပြီးတော့ အဆိုပါလူငယ်လေးရဲ့ ခွက်ကို မော့ပစ်လိုက်ပါတယ်။  လူငယ်လေးက ဒရိုင်ဘာကိုကြည့်ပြီးတော့ ရှိုက်ကြီးတငင်ငိုပါလေရော။ 
ဒရိုင်ဘာ။        ။ “မငိုပါနဲ့ သူငယ်ရယ် ငါကမင်းကိုစတာပါ ရော့အဲ့ဒီမှာ အသစ်တစ်ခွက်၊ ယောင်္ကျားကြီး တန်မယ့် ငိုစရာလားကွ”
လူငယ်။          ။ “အဲ့ဒါကြောင့် ငိုတာမဟုတ်ဘူးဗျ၊  ဒီနေ့က ကျုပ်ဘ၀အတွက် အဆိုးဆုံးနေ့ဘဲ။  သိရဲလားဗျ၊ ဒီမနက် အိပ်ယာထနောက်ကျလို့ ရုံးသွားတာနောက်ကျ။ တစ်ခါလေးနောက်ကျတာကို သဋ္ဌေးနဲ့တိုးပြီးတော့ ကျုပ်ကို အလုပ်က ဖြုတ်ပစ်လိုက်ပါလေရော။ စိတ်ညစ်ညစ်နဲ့ရုံးကထွက်လာတော့ ကျွန်တော့်ကားက မရှိတော့ဘူး။ အခိုးခံလိုက်ရတယ်၊ ရဲကိုတိုင်တော့လဲ ဘာမှလုပ်မပေးနိုင်ဘူး ပြောလွှတ်လိုက်တယ်။ ဒါနဲ့ဘဲ တက္ကစီစီးပြီး အိမ်ပြန်လာရော။  အိမ်ရောက်မှ ကြည့်လိုက်တော့ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကဒ်တွေ တက္ကစီထဲမှာ မေ့ကျန်ခဲ့တယ်။  တက္ကစီကို ပြန်ကြည့်လိုက်တော့ ကားဆရာက မောင်းပြေးသွားပြီ”
ဒရိုင်ဘာ။        ။ “သြော်.. ဖြစ်မှ ဖြစ်ရလေကွယ်….”
လူငယ်။          ။ “ဒါတင်ပြီးပြီလားဆိုတော့ မပြီးသေးဘူးဗျ။  အိမ်ပြန်ရောက်တော့ မိန်းမက အိပ်ရာပေါ်မှာ ဒလ၀မ်နဲ့ နှပ်နေတယ်။ ကျွန်တော်လဲ စိတ်ဓာတ်အကျကြီးကျပြီးတော့ ဘားကိုလာ ကိုယ့်ကိုယ်ကို သတ်သေမလို့ အရက်ခွက်ထဲကို အဆိပ်ထည့်ပြီးကြည့်နေတုန်း အခု အရက်ခွက်ကို ခင်ဗျားက ယူသောက်ပစ်လိုက်တယ်…”
   >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မေမေစားပစ်လိုက်ပြီ 
          တော်မီလေးဟာ သူငယ်တန်းက သူ့ဆရာမကို မကြာခဏ ကြွားလေ့ရှိပါတဲ့။  ဆရာမ ကျွန်တော်မှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ့်တယ်။
          ဒီလိုနဲ့ နောက်ထပ် ၄လလောက်ကြာလာတော့ တော်မီ မေမေက တော်မီကို သူ့ရဲ့ ညီတော်မောင်ကလေး ဗိုက်ထဲမှာ လှုပ်နေတာကို ခေါ်ပြီး ပြပါသတဲ့။  အဲ့ဒီ အချိန်ကစပြီးတော့ တော်မီဟာ သူ့ ဆရာမကို ဘယ်တော့မှ ညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်လို့ မကြွားတော့ဘူးတဲ့။
          ဒါနဲ့ဘဲ ဆရာမက နောက်ဆုံးတော့ တော်မီလေးဆီလာပြီတော့ “တော်မီ၊ မင်းပြောတော့ မင်းမှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ်ဆို၊ အခုရော ရပြီလား ဘယ်လိုလဲ”
          အဲ့ဒီမှာတင် တော်မီလေးက ရှိုက်ကြီး တငင်ငင်ကို ငိုယိုပြီးတော့ ဆရာမကို ပြောပါသတဲ့
          “ဆရာမ ကျွန်တော်ထင်တာကတော့ မေမေ ညီလေး ကို စားပစ်လိုက်ပြီ”
<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အပြန်အလှန်ပေါ့
          တစ်နေ့ မယားလုပ်သူက ယောက်ျားအတွက် မနက်စာ ပြင်ဆင်နေသည်။  ရုတ်တရက် ယောက်ျားဖြစ်သူ မီးဖိုချောင်သို့ဝင်လာသည်။ 
“မိန်းမ သတိထား… ဟင်.. အဲ့ဒီလောက်တောင် ကြော်ရလား၊  ဆီထည့်၊ ဆီထည့်၊ များနေပြီ ဆီတွေ များနေပြီ၊ တော်တော့ ရပ်တော့၊ အမလေးလေး.. အဲ့ဒီလောက်တောင် ဆီများရလား… ဟင်.. ဟိုမှာ တူးနေပြီ.. လှန် လှန် မြန်မြန်ကြော်.. သြော်.. ဆား.. ဆားထည့်ရဦးမယ်လေ.. ထည့်ထည့် ဆားထည့်…”
မိန်းမဖြစ်သူ နဲနဲ တင်းလာသည်… “ရှင်ဘယ်လိုဖြစ်နေလဲ… ဒီမနက်စာကို ကျွန်မ တစ်သက်လုံး ကြော်လာတာရှင့်”
ယောက်ျားဖြစ်သူက ပြန်ပြောသည်… “မဟုတ်ပါဘူးမိန်းမရယ်.. ငါ ကားမောင်းနေတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာကို မင်းကို သိစေချင်လို့ပါ”
<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အာဂ ကြက်ဖ
          ကိုသာဗျော အိမ်က ကြက်မများ ဥ, ဥနှုန်းကျဆင်းနေသည်။  ကိုသာဗျော ကြက်ဖအသစ်တစ်ကောင်ဝယ်လာသည်။  အိမ်ရောက်ရောက်ခြင်း မနက်ပိုင်းတွင် ကြက်ဖကြီးသည် ကြက်မ ၁၅၀ ကိုမျိုးစပ် ပစ်လိုက်သည်။  ကိုသာဗျော အံသြသွားသည်။  ညနေပိုင်းတွင် နောက်ထပ် အကောင် ၁၅၀။  ပို၍ပင် အံသြသွားသည်။
           နောက်တစ်နေ့ ကိုသာဗျော ခြံထဲရှိ ကြက်မများသာမက ဘဲမတွေ၊ ကြက်ဆင်မတွေ၊ ငန်းမတွေပါ ကြက်ဖလက်က မလွတ်။  ကိုသာဗျောစိုးရိမ်စပြုလာသည်။  နောက်တစ်နေ့ မနက်တွင် ကိုသာဗျော ခြံထဲသို့ အသွား သူ့ကြက်ဖကြီး လည်ကြီးကို စန့်၊ မျက်လုံးကို မှတ်ကာ သေနေလေတော့သည်။  လင်းတများကား ကောင်းကင်တွင် ၀ဲနေကြသည်။  ကိုသာဗျော သူ့ကြက်ဖကြီးဆီ ပြေးသွားသည် “သြော်.. သနားစရာကောင်းလိုက်တဲ့ ငါ့ကြက်ဖကြီး ခုတော့ သေရှာလေပြီ” လို့ ဆိုလေသတဲ့။  အဲ့ဒီအချိန်မှာ ကြက်ဖကြီး မျက်လုံးပွင့်လာသည်
“ရှုးတိုးတိုး…. ဟိုမှာ လင်းတမတွေ ခဏနေရင် ဆင်းလာတော့မှာ”
< >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မုန့်ဖုတ်သမားမဟုတ်ဘူး
          မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။  နောက်တစ်နေ့
“မောင်ရေ…  ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”
“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”
နောက်တစ်နေ့
“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။  မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”
နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်
“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”
နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။  ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။  အိမ်ခေါင်မိုးလည်း မိုးမယိုတော့
“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”
“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”
“ဟင့်အင်း မပေးရပါဘူး။  အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”
“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”
“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”
http://blog-aunghtut.blogspot.com/2012/06/blog-post_15.html#more

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...