စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပုံထူးပုံဆန်း(ပုံကိုအရင်မကြည့်နဲ့စာအရင်ဖတ်အရေးကြီးသည်)

ဒီပုံကိုဘယ်လိုမြင်သလဲစစချင်းမြင်ရပုံမှတ်ထားပါ ပြီးတော့တအောင့်လောက်
ဆက်ကြည့်ပါ အပြောင်းအလဲလေးဖြစ်လာနိုင်ပါတယ်
မပြောင်းလဲပါဘူးလို့လည်းဖြစ်နိုင်တယ်.....

ခုလိုစာကိုအရင်ဖတ်စေခြင်တာက ပုံကိုကြည့်တဲ့ခါ ခုမြင်တာတမျိုး ခဏနေတခါ
ပြန်ကြည့်တဲ့ခါကျတမျိုး တခါနဲ့တခါမတူတတ်လို့ပါ..ဒါကြောင့်
ပထမဆုံးအကြိမ်မြင်ခဲ့တဲ့အခြေနေက ကိုယ့်ဦးနှောက်ရဲ့ တွေးခေါ်မှုတွေမှာ
ဘယ်လိုအသုံးချတယ်ဆိုတဲ့အဖြေအစစ်အမှန်ကိုသိရမှာမို့ ပုံကို ပထမဆုံး
မြင်တဲ့အချိန်ကအရေးကြီးမှတ်ထားရမှာမို့...ပုံနောက်မှကြည့်လို့ပြောထားရပါတယ်..

ပုံကတော့လှည့်ပတ်နေတဲ့ပုံပါ...ညာဘက်လှည့်သလားဘယ်ဘက်လှည့်သလား
လူတိုင်းအမြင်ချင်းမတူပါ....ပုံကိုကြည့်လို့ရပြီ ကြည့်လိုက်ပါအဖြေလဲပေးထားပါတယ်




1  လက်ယာဘက်လှည့်ပတ်တယ်လို့မြင်သူများ
( တွေးခေါ်မှုများမှာညာဘက်ခြမ်းဦးနှောက်ကိုအသုံးပြုနေသူဖြစ်ပါတယ် )


2  လက်ဝဲဘက်လှည့်ပတ်တယ်လို့မြင်သူများ
( တွေးခေါ်မှုများမှာ ဘယ်ဘက်ခြမ်းဦးနှောက်ကိုအသုံးပြုနေသူဖြစ်ပါတယ် )


3  မြင်မြင်ချင်းက ညာဘက်လှည့်နေရင်း ဘယ်ဘက်လှည့်သွားတာကိုမြင်သူများ
( IQ အတော်မြင့်တဲ့သူတွေပါ အနဲဆုံး IQ 160 အထက်မှာရှိပါတယ် )


4  မြင်မြင်ချင်းက ဘယ်ဘက်လှည့်နေရင်း ညာဘက်လှည့်သွားတာကိုမြင်သူများ
( IQ အတော်မြင့်တဲ့သူတွေပါ အနဲဆုံး IQ 150 အထက်မှာရှိပါတယ် )

အများအားဖြင့်ဘယ်ဘက်လှည့်ပတ်တယ်လိုမြင်တဲ့လူကများပါတယ် 
အမျိုးသားများထက်အမျိုးသမီးများကညာဘက်လှည့်ပတ်တယ်လို့မြင်ကြပါတယ်

သူငယ်ချင်းတို့  IQ များပါစေ...ပျော်ရွှင်ပါစေ

သူငယ်ချင်းတယောက်ရဲ့မေလ်းမှာရရှိပြီး စိတ်ဝင်စားစရာမို့ ရှဲပေးလိုက်ပါတယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...