စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







၁၈၇၅ဖုန်းနံပါတ်တွင် ကျန်းမာရေး၊ ဟိုတယ်ဝန်ဆောင်မှုနှင့် အလုပ်အကိုင် ရှာဖွေသည့် ဝန်ဆောင်မှု ရယူနိုင်

ရတနာပုံ Call Center ဝန်ဆောင်မှု များကို ထပ်မံတိုးချဲ့ ဝန်ဆောင်မှု ပေးရာ

၁၈၇၅ ဖုန်းနံ ပါတ်သို့ ဆက်၍ ကျန်းမာရေးဝန် ဆောင်မှုများ၊ ဟိုတယ် ဝန်ဆောင်မှုနှင့် အလုပ်အကိုင် ရှာဖွေသည့် ဝန်ဆောင်မှုများ ရယူ နိုင်ကြောင်း eBlueOcean ကုမ္ပဏီမှ သိရသည်။

ကျန်းမာရေးနှင့်ပတ်သက် သည့် သိလိုသည့်မေးခွန်းများ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို သိရှိ လိုပါက Call Center သို့ဖုန်း ဆက်ပြီး ၂၄ နာရီမေးမြန်းနိုင်မည် ဖြစ်သည်။

ယင်းဝန်ဆောင်မှုများကို Call Center မှ ယခုလ အတွင်း တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဖုန်းနံပါတ် ၁၈၇၅ သို့ ဖုန်းဆက်ပြီး ကျန်းမာ ရေးနှင့်ပတ်သက်သည့်မေးခွန်း များကိုမေးမြန်းနိုင်ပြီး ဆရာဝန် များမှဖြေကြား ပေးမည်ဖြစ်သည် ဟု သိရသည်။

အဆိုပါ ဝန်ဆောင်မှုနှင့် ပတ် သက်ပြီးBlue Ocean မှManaging Director ဦးထွန်းထွန်းနိုင်က “ကျွန်တော်တို့ဆီက ဆားဗစ်အ သစ်အနေနဲ့ကျန်းမာရေး ဝန် ဆောင်မှုကို ဆောင်ရွက်ပေးမှာပါ။ ၁၈၇၅ ကို ဖုန်းဆက်မယ်ဆိုရင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ မေး ခွန်းတွေကို ၂၄ နာရီလုံးမေးနိုင် ပါတယ်။MBBS ဘွဲ့ရတဲ့ ဆရာ ဝန်တွေကို ဖြေပေးမှာပါ။ ၂၄ နာရီ အိမ်တိုင်ရာရောက်စနစ်လည်း ရှိ ပါတယ်” ဟု ပြောသည်။ အဆိုပါ ဝန်ဆောင်မှုတွင် ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန်ဆေးစစ်မှုခံ ယူနိုင်ရန်member ဝင်၍လည်း ရသည်ဟု သိရသည်။

ယင်းအပြင် ၁၈၇၅ သို့ ဖုန်း ဆက်၍ ဟိုတယ်နှင့် ပတ်သက် သည့် ဝန်ဆောင်မှုများကိုလည်း ရ ယူနိုင်သည်ဟုသိရသည်။ ဟိုတယ် ဝန်ဆောင်မှုများကို ရယူရာတွင်ဟိုတယ် booking လုပ်ပေးခြင်း၊ ဘာသာစကားမျိုးစုံ Tour Guide ဌားပေးခြင်း၊ ဟိုတယ်ဖုန်းနံပါတ် များ၊ လိပ်စာများဖြေကြားပေးခြင်း များကို ၂၄ နာရီဝန်ဆောင်မှုပေး နိုင်သည် ဟုသိရသည်။

ယင်းအပြင် အဆိုပါဖုန်းနံ ပါတ်တွင် အလုပ်အကိုင် ရှာဖွေ သည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ပြီး အလုပ် ရှာဖွေလိုသူများမှလည်း ဖုန်းဆက် နိုင်ပြီး အလုပ်သမား လိုအပ်သော ကုမ္ပဏီများကလည်း ဖုန်းဆက် နိုင်သည်ဟု သိရသည်။ အလုပ် ရှာဖွေလိုသူများ အနေဖြင့် ၁၈၇၅သို့ဖုန်းဆက်ပြီး မိမိကိုယ်ရေး အ ချက်အလက်များကို ပေးထားရ မည်ဖြစ်ပြီး အလုပ်ရှင်ဘက်မှ ဖုန်း ဆက်လာပါကCall Center မှ အဆိုပါ အချက်အလက်များကို အလုပ်ရှင်သို့တင်ပေးမည် ဖြစ် သည် ဟု သိရသည်။

ယင်းအပြင် အဆိုပါ ဖုန်းနံပါတ်တွင် ဗေဒင် မေးနိုင်သည့် ဝန်ဆောင်မှုကိုလည်း ထည့်သွင်း ပေးထားသည်ဟုသိရ သည်။ ယင်းဝန်ဆောင်မှုများကို Call Center မှ ယခုလအတွင်း တွင်စတင် ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...