စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သမ္မတ အိုဘားမားထံသို့ စော်ကား ခြိမ်းခြောက်သော အီးမေးလ်ပို့သဖြင့် အမေရိကန်သို့ ပြည်ဝင်ခွင့် ထာဝရ ပိတ်ပင် ခံလိုက်ရသည့် ဗြိတိန် ကျောင်းသူလေး။


ဗြိတိသျှ ဆယ်ကျော်သက် မိန်းခလေးတစ်ဦးအား အမေရိကန် သမ္မတ ဘာရက်အိုဘားမားထံသို့ စော်ကားရိုင်းပျသည့် အီးမေးလ်ပို့မှုကြောင့် အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် တစ်သက်စာ ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

အသက်(၁၇)နှစ်အရွယ် လုခ်အိန်ဂျယ်လ်ဆိုသူ အင်္ဂလိပ်မလေးမှာ သောက်စားမူးယစ်နေစဉ် စက်တင်ဘာ(၁၁)ရက် ယူအက်စ်၏ အကြမ်းဖက်တိုက်ခိုက်ခံရမှု အစီအစဉ်အား ကြည့်ရှုခဲ့ပြီးနောက် မစ္စတာ အိုဘားမားဆီသို့ "p***k"ဟူသည့် စော်ကားဆဲရေးသည့် စကားလုံးသုံးစွဲပြီး အီးမေးလ်ပို့ခဲ့ခြင်း ဖြစ်သည်။

အတ္တလန္တိတ် ကမ်းနှစ်ဖက်စလုံးမှ ပုလိပ်များက အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့သော အဆိုပါစာနှင့် ပတ်သက်ပြီး အိန်ဂျယ်လ်မိသားစုကို စုံစမ်းမှုများ ပြုလုပ်ခဲ့ကာ အက်ဖ်ဘီအိုင်က ယူကေရှိ ရဲဋ္ဌာနကို အကြောင်းကြားဆက်သွယ်ပြီး ဗြိတိသျှရဲများက မစ္စတာအိန်ဂျယ်လ်အား ဘက်ဖို့ဒ်ရှိုင်းယား၊ ဆီလ်ဆိုးရှိ နေအိမ်တွင် သွားရောက်မေးမြန်း စစ်ဆေးခဲ့ကြသည်။

မစ္စတာအိန်ဂျယ်လ်၏ သမီးဖြစ်သူ ကောလိပ်ကျောင်းသူလေးမှာ အဆိုပါအီးမေးလ်ကြောင့် အမေရိကန်သို့ လည်ပတ်သွားရောက်ခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်သည်။


လုခ်အိန်ဂျယ်လ်

Bedfordshire On Sunday သတင်းစာသို့ ဆယ်ကျော်သက်ကျောင်းသူက စက်တင်ဘာ(၁၁)ရက် ဗုံးခွဲတိုက်ခိုက်မှု တီဗီအစီအစဉ်အား ကြည့်ရှုခဲ့ပြီးနောက် အီးမေးလ်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယူအက်စ်သို့ လည်ပတ်သွားရောက်ခွင့် ပိတ်ပင်ခံရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် လုခ်က "ကျွန်မ ဂရုမစိုက်ပါဘူး။ ကျွန်မရဲ့ မိဘတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်မကောင်းတော့ ဖြစ်ကြတာပေါ့။ ပုလိပ်တွေက ကျွန်မကို ဓါတ်ပုံတွေ ရိုက်ယူပြီးတော့ အမေရိကန်က ပြည်ဝင်ခွင့် ကျွန်မကို ထာဝရပိတ်ပင်လိုက်ကြောင်း ပြောခဲ့ကြပါတယ်"ဟု ပြောကြားသွားခဲ့သည်။

ဘက်ဖို့ဒ်ရှိုင်းယား ရဲဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူက "အိမ်ဖြူတော်သို့ တစ်စုံတစ်ဦးက ပုဂ္ဂိုလ်ရေးအရ သမ္မတကို စော်ကားခြိမ်းခြောက်တဲ့ အီးမေးလ်တစ်ခု ပို့ခဲ့ကြောင်းကို ကျွန်တော်တို့ဆီသို့ မက်ထရိုပိုလီတန်ရဲဋ္ဌာနက အကြောင်းကြားခဲ့လို့ သူ့ကိုသွားတွေ့ခဲ့တော့ သူပဲဟုတ်တယ်လို့ ၀န်ခံပြောခဲ့ပါတယ်"ဟု Daily Mail သို့ ပြောပြခဲ့သည်။ ရာဇ၀တ်မှု ပြစ်မှုကြောင်းအရမူ အရေးယူမည်မဟုတ်ကြောင်း သိရှိရသည်။


နာဆာနှင့် ပင်တဂွန် ကွန်ပျူတာများကို ဟတ်ခ်လုပ်ခဲ့ခြင်းကြောင့်
ထောင်ဒါဏ်နှစ်ပေါင်းများစွာ ကျခံရန် အမှုရင်ဆိုင်နေရသည့်
ဂယ်ရီမက်ကင်နွန် (၄၃နှစ်)။

ယခုဖြစ်ရပ်မှာ လန်ဒန်မြောက်ပိုင်းရှိ နေအိမ်မှနေ၍ ကွန်ပျူတာဟက်ကာ ဂယ်ရီမက်ကင်နွန်က NASA နှင့် Pentagon ကွန်ပျူတာများသို့ နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရာဇ၀တ်မှုအရ ယူအက်စ်အေရှိ အကျဉ်းထောင်တစ်ခုတွင် ဆယ်စုနှစ်များစွာ ပြစ်ဒါဏ်ကျခံရန် အမှုရင်ဆိုင်နေရသော ဖြစ်ရပ်ပြီးနောက် တစ်နှစ်အကြာ ဖြစ်ပေါ်ခဲ့သော ဗြိတိန်နှင့် အမေရိကန်အကြား ပြဿနာဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။

အမေရိကနှင့် ဥရောပယူနီယံ နိုင်ငံများမှာ ဥပဒေများအရ ဗြိတိန်နိုင်ငံသား ပြစ်မှုကျူးလွန်သူများအား ယူကေမှ စီရင်ချက်ချစရာ မလိုဘဲ နိုင်ငံရပ်ခြားတွင် အမှုရင်ဆိုင်ရန် ပို့ဆောင်ခွင့်ရှိကြောင်း သိရှိရသည်။
တရားရေးအဖွဲ့တစ်ခုက ဗြိတိန်နိုင်ငံသားများအနေဖြင့် မတရားသဖြင့် အရေးယူခံနေရသလားဟူသည်ကို ယခုအခါ ပြစ်မှုကျူးလွန်မှု အက်ဥပဒေနှင့် ဥရောပဆိုင်ရာ ဖမ်းဆီးအမိန့်ထုတ်ခြင်းများအား စစ်ဆေးစုံစမ်းမှုများ ပြုလုပ်သွားရန် စီစဉ်နေကြသည်။ သူတို့က အက်ဥပဒေပါ အချက်များအရ အမေရိကန်များကဲ့သို့ ဗြိတိန်နိုင်ငံသားများ တရားဝင်ကာကွယ်ခွင့် မရရှိထားကြောင်း အငြင်းပွားဖွယ်ရာ တွေ့ရှိနေရကြောင်း ပြောကြားနေကြသည်။

ယခုဖြစ်ရပ်နှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံ၏ လွတ်လပ်စွာပြောဆိုခွင့်၊ စကားလွတ်လပ်ခွင့်နှင့် ဆန့်ကျင်ဖက်ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေကြသည်။
 http://mmdailynews.com/index.php

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...