စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှားနိုင်ငံစမုံညှင်းစေတီတော်ထီးတော်တင်ပွဲအမှတ်တရ ပုံရိပ်များ

ရွှေမြန်မာဥယျာဉ်သူငယ်ချင်းများအားလုံးမင်္ဂလာခင်ဗျာ
ကျနော်တို့ရဲ့မလေးရှားနိုင်ငံ စမုံညှင်းစေတီတော်ထီးတော်တင်ပွဲကို
ကျနော်သွားရောက်ဖူးမျှော်ပြီးမှတ်တန်းတင်ဓာတ်ပုံများလည်းရိုက်ယူခဲ့ပါတယ်
စေတီတော်တည်ရှိရာကိုသွားရတာကတော့လေ မြန်မာပြည်ကကျိုက်ထီးရိုးဘုရားသွားရသလိုပါပဲ
တောင်ကုန်းလေးအပေါ်မှာတည်ထားကိုးကွယ်ထားပါတယ်
စေတီတော်ထီးတော်တင်ပွဲကိုလာရောက်ဖူးမျှော်တဲ့ပရိတ်သတ်ကတော့တော်တော်လေးစည်ကားလှပါတယ်
စေတီတော်ထီးတော်တင်ပွဲကိုလာရောက်ဖူးမျှော်ကတဲ့ပရိတ်သတ်တော့ဘယ်လောက်ထိရှိနိုင်မယ်တော့
မခန့်မှန်းနိုင်ပါဘူးဗျာတော်တော်လေးကိုစည်ကားလှပါတယ်
အကျွေးအမွေးကုသိုလ်ရှင်များကလည်းလာသမျှပရိတ်သတ်အားလုံးကို
ကျွေးမွေးပြုစုကုသိုလ်ယူကြပါတယ်..အမျိုးမျိုးပါပဲ
ဒဏ်ပေါက်၊၊ထမင်းဟင်း။မုန့်အမျိုးမျိုး။အအေးဖျော်ရည်အမျိုးမျိုးနဲ့လာရောက်ဘုရားဖူးပရိတ်သတ်အားလုံးကို
ကုသိုလ်ဒါနပွားများကြတာကိုမြင်တွေ့ခဲ့ရပါတယ်
ကျနော်လည်းပင်ပန်းနေလို့စာများများမရေးတတ်တော့ဘူးဗျာအားလုံးလည်း
စေတီတော်ထီးတော်တင်ပွဲကိုဖူးမျှော်ရှုစားလိုက်ကြပါအုံး..ထီတော်တင်မဲ့အချိန်မှာမစောင့်နိုင်လို့တီတော်တင်တဲ့ပုံတော့ပါဘူးဗျာ
ပထမဆုံးမြင်တွေ့ရတဲ့ပုံတွေကတော့ကျနော်တို့ရပ်ကွက်ထဲကနေစေတီတော်ထီးတော်တင်ပွဲသို့
သွားရောက်ဖူးမျှောကြဖို့လူစုနေကြတဲ့ပုံတွေပါ
ကျနော်တို့ရဲ့ရပ်ကွက်ကျင်းကျင်းလေးတောင်လူဦးရေတော်တော်များသားဗျာ
ကား၁၅စီးနဲ့သွားရတယ်..၁စီးကိုအနည်းဆုံး၄၅ ပါရှိပါတယ်ကျနော်ရဲ့အချပ်အချာနေရာမှာတောင်ဒီလောက်လူများတာလေ
ရပ်ကွက်ကြီးတွေဆိုရင်တော့မပြောနိုင်တော့ဘူးဘယ်လောက်များမယ်ဆိုတာလေ
ဒါလေးကတော့ကျနော်တို့ရပ်ကွက်လေးပါ ကားတွေကတော့အလှူရှင်များမှငှားပေးကြပါတယ်

 ဒါလေးကတော့ကားတွေအားလုံးဟာစေတီတော်ရှိရာထိဝင်လို့မရတဲ့အတွက်လမ်းလျှောက်သွားရပါတယ်
ကွာလာလန်ပူမြို့အထွက်လောက်မှာပဲကားတွေထားခဲ့ရပါတယ်ကျနော်တို့နေတဲ့ရပ်ကွက်ကနေ
မြို့ပြင်ထိတော့ တစ်နာရီလောက်မောင်းနှင်ခဲ့ရပါတယ်
နောက်တော့စေတီတော်ရှိရာကိုခြေလျှင်တော်ဖြင့်သွားရောက်ခဲ့ပါတယ်းးစေတီတော်တည်ရှိထိအသွားခရီးမှာ
၁း၁၅ နာရီကြာလမ်းလျှောက်ရပါတယ် အပြန်မှာတော့.၁း၃၅နာရီကြပါတယ်ခြေပန်းကြနေပြီလေ
ပုံလေးတွေကိုကြည့်ကြည့်ပါ မြန်မာပြည်ကျိုက်ထီးရိုးဘုရားသွားဖူးရသ်လိုပါပဲ




ဒီပုံလေးကတော့စေတီတော်ကိုအဝေးမှမြင်တွေ့ရပုံတော်ပါ




 ဒီပုံလေးကတော့စေတီတော်သို့ရောက်ရှိသွားတဲ့ပုံတော်ပါ
စေတီတော်ရဲ့အောက်နားမှာပါ အဲအဆောက်ုံတွေကတော့လာရောက်ကြတဲ့ပရိသတ်ကိုကျွေးမွေးကြတဲ့
အဆောက်အုံတွေပါ


 တောင်ကုန်းလေးပေါ်မှာတည်ထားကိုးကွယ်ထားတဲ့စေတေီတော်ပုံတော်ပါ



 ဒါလေးကတော့ဘာလေးလည်းတော့သိဘူးဘုရားရင်ပြင်အောက်နားလေးမှာတည်ရှိပါတယ်



 စေတီတော်နှင့်ဗုဒ္ဓရုပ်ပွားတော်ပုံတော်ပါ



 စေတီတော်ရဲ့အောက်အတွင်းပိုင်းမှာကိုးကွယ်းထားတဲ့ ဗုဒ္ဓ ရုပ်ပွားတော်ပုံတော်ပါ







 ဒီပုံတွေကတော့စေတီတော်ဘေးနားတ၀ိုက်မှာရှိကြတဲ့ပရိတ်သတ်တွေပါ






 စေတီတော်ထီးတော်တင်ဖို့ပြင်စင်ထားပုံပါ



 ဗုဒ္ဓရုပ်ပွားတော်ပုံတော်ပါ


 ရိုက်တော့ရိုက်လိုက်တာပဲဘယ်နေရာကိုရိုက်မြန်းမသိဘူး


 ရွှေရိုးအဖွဲ့ကနေပုံပါ







 စေတီတော်နှင့်လာရောက်ဖူးမျှော်ကြတဲ့ပရိတ်သတ်တွေပါ
မြန်မာလူမျိုးဘယ်ရောက်ရောက်မြန်မာဓလေ့ကိုမမေ့ဘူးဆိုတဲ့သဘောလားတော့မသိဘူး
တောင်ကုန်းပေါ်မှာလည်းတက်ကြတာပဲ


 စေတီတော်ထီးတော်တင်ဖို့ပြင်စင်ထားပုံးများပါ













 ကဲအားလုံးပဲဒီလောက်ပါပဲဗျာကျနော်သိသလောက်အားလုံးကိုပြောပြချင်ပါတယ်
ခရီးပန်းလာလို့ဒီလောက်နဲ့ကျေနပ်ကြပါတော့နော်
ထီးတော်တင်မဲ့အချိန်ထိမစောင့်နိုင်ကြလို့ပြန်ကြတဲ့ပရိတ်သတ်တွေပါ
ကျနော်အပါဝင်ပေါ့ဘယ်အချိန်မှတင်မယ်မသိဘူးလေ ၂နာရီတင်မယ်ပြောပြီး ၃နာရီတောင်မစရသေးလို့
အတူလာတဲ့အဖွဲ့တွေပြန်တော့ကိုယ်လည်းပြန်ရတာပေါ့ဗျာ



 အပြန်လမ်းမှာ လမ်းပိတ်ပြီးသွားမရတဲ့ကားတွေပါ။ခြေလျှင်သမားတွေကမြန်တယ်လေကားတွေကထွက်မရဘူး
ဒါတောင်ကိုယ်ပိုင်ကားနဲ့လာကြတဲ့သူတွေနော်
ကျနော်တို့လိုဘတ်(စ်)ကားဆိုရင်ဝင်တောင်မရဘူး တစ်လမ်းလုံးမှာစေတီတော်ကိုလာတဲ့ကားကြီးပါပဲ



 သူလေးကတော့လေ အသွားတုန်းကတော့မင်းသားလေးပေါ့
နေပူမိပြီးဘုရားပေါ်လည်းရောက်ရောကုလားလေးဖြစ်သွားတဲ့၊၊၊အာကာမိုးနိုင်၊၊ပါ
အားလုံးသောသူငယ်ချင်းများ
ကုသိုလ်ဒါနပွားများနိုင်ကြပါစေ
ထီးတော်တင်တဲ့ပုံမပါတာစိတ်မကောင်းဘူးဗျာ
အမှားများပါခဲ့ရင်ခွင့်လွှတ်နားလည်ပေးကြပါနော်
အာကာကစာမတတ်ပေမတတ်လေးမို့
အာကာမိုးနိုင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...