
မင်းသမီးများမှာ ပန်းဖြူ နှင့် သဇင်တို့ ဖြစ်သည်။
သရုပ်ဆောင် ပန်းဖြူသည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် အခြေချနေထိုင်သော ကိုလူမင်းနှင့်လည်းကောင်း၊ သရုပ်ဆောင် အဆိုတော် သဇင်သည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နေထိုင်သူ ကိုသက်နိုင်အောင်ဇေယျနှင့်လည်းကောင်း၊ ရန်ကုန်တွင် လက်ထပ်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်ထုတ် ဂျာနယ်များတွင် ရေးထားသည်။
ပန်းဖြူက ယခုလ ၁ ရက်နေ့တွင် စေ့စပ်ပြီး ၂ ရက်နေ့တွင် မင်္ဂလာဦးဆွမ်းကျွေး အစီအစဉ် ပြုလုပ်ခဲ့သည်ဟု 7Day သတင်းဂျာနယ်ကို ကိုးကားပြီး planet အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
သဇင်က ၁ ရက်နေ့တွင် မင်္ဂလာ လက်မှတ် ထိုးခဲ့သည်ဟု Eleven မီဒီယာအုပ်စု ၀က်ဆိုက်တွင် ရေးထားသည်။ သဇင်၏ မင်္ဂလာဧည့်ခံပွဲကို ရှေ့လ ၁၂ ရက်နေ့တွင် ကျင်းပမည်ဟု ဆိုသည်။
သဇင် ဓာတ်ပုံ Eleven မီဒီယာ
ပန်းဖြူဓာတ်ပုံများ - ပန်းဖြူ Facebook Fan Page







No comments:
Post a Comment