စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တောက်တဲ့ ကောလဟာလနဲ့ အမျိုးမျိုးသော တောက်တဲ့ ပုံတွေ

တောက်တဲ့ဖြင့် HIV နှင့် ကင်ဆာ ပျောက်ကင်းအောင် ကုသနိုင်သည် ဆိုသည်မှာ လှည့်ဖျားမှုသာ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်

တောက်တဲ့သည် HIV နှင့် ကင်ဆာရောဂါ ကုသရာတွင် အထောက်အကူပြုသည်ဆိုသည့် အထောက်အထားတွေ့ရှိခြင်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထုတ်ပြန်ကြေငြာသည်။


တောက်တဲ့များသည် HIV နှင့် ကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသနိုင်သည်ဆိုသည်မှာ လှည့်ဖျားမှုသာ ဖြစ်ကြောင်း၊ ထိုသတင်းကို လူအချို့က မိမိ၏ ကိုယ်ကျိုးစီးပွားအတွက် ကောလဟာလထုတ်လွှင့်ကာ တောက်တဲ့ကို ငွေ အမြောက်အမြားပေး၍ ၀ယ်ယူစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ပျောက်ကင်းသွားသည့် အထောက်အထား မတွေ့ရှိရသေးကြောင်း၊ ဤသို့သော ကောလဟာလ ထုတ်လွှင့်ခြင်းသည် ကောင်းသော လုပ်ဆောင်ချက်မဟုတ်ကြောင်း၊ တောက်တဲ့ကို ထိတွေ့ စားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို သုတေသနပြုထားသည့် သတင်း အချက်အလက်များလည်း မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က၎င်း၏ facebook page တွင် ထုတ်ပြန်ထားသည်။ အဆိုပါကြေငြာချက်တွင် HIV နှင့် ပတ်သက်၍ အမေးများသည့် မေးခွန်းများအတွက် ဖြေဆိုချက်များကို ဖော်ပြထားသည့် link ကိုပါထည့်သွင်းထားသည်။ ယခုသတင်းကိုလည်း လက်ဆင့်ကမ်းကြရန် နှိုးဆော်ထားသည်။


မူရင်း ကြေငြာချက်ကို အောက်ပါ link တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
http://www.facebook.com/WorldHealthOrganization


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...