စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မလေးရှားနိုင်ငံတွင်းအလုပ်လုပ်နေသော သူငယ်ချင်းတို့အတွက်

မလေးရှားနိုင်ငံအတွင်းမှာအလုပ်လုပ်နေသောသူငယ်ချင်းတို့ရေ.နောက်တစ်ပက် ၂၀၁၂ခုနှစ်ဇန်နဝါရီလ ၂၁ရက်နှင်၂၂ရက်ဟာ တရုတ်လူမျီုးတို့ရဲ့ နစ်သစ်ကူးပွဲတော်ဖြစ်ပါတယ်။မလေးရှားနိုင်ငံအတွင်းရှိ စက်ရုံများမှာ အနည်းဆုံး ၃ ရက်နှင် တပက်ခန့် ပိတ်ကြမှာပါ။ ပိတ်ရက်တွင်းမှာ ကျွှန်တော်တို့ရွှေ မြန်မာများလည်းပဲ မရောက်ဖူးသေးသောဒေသများသို့လည်ပတ်သွားလာခြင်း၊သူငယ်ချင်းဆွေမျီုးများနှင့် တွေ့ဆုံခြင်းများပြုလုပ်ကြမှာပါ။များသောအားဖြင့် မလောရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူကို လာလည်ကြတာများပါတယ်။ပိတ်ရက်များတွင်ကြားရတဲ့သူတင်းများကတော့ နယ်မြို့ကတာက်လာသော ရွှေမြန်မာများ တက္ကစီခ မတန်တဆပေးစီးရတဲ့အကြောင်းများ၊ တက္ကစီမောင်းသမားကလုသွားရိုက်သွားတဲ့ အကြောင်းများကြားရဖတ်ရပါတယ်။
              မလးရှားနိုင်ငံတောင်ပိုင်းဒေသ(Johor,Melaka,Muar,)ကနေ ပြီး ကွာလာလမ်ပူကို အလည်လာမဲ့ Bus ကားများဟာbandar tasik selatan(ဘန်ဒါတာဆစ် စလက်တန်း) Bus Terminal ကိုရောက်မှာဖြစ်ပါတယ်။အဲဒီကနေ ကွာလာလမ်ပူ ကိုတာရာယာကုန်တိုက်အနီး မြန်မာဆိုင်များကိုသွားချင်သောသူငယ်ချင်းမျာတွက် bus၊ kt m ရထားနှင့် LRT ရထားများရှိပါတယ်။LRTရထားစီးပြီးတော့ ကွာလာလမ်ပူကိုသွားချင်ရင်ပူဒူးကားဂိတ် အပေါ်ထပ် Plaza Rakayat ဘူတာကိုလက်မှတ်ဖြတ်၍သွားနိုင်ပါတယ်။Ktmရထားစီးသွားချင်သသူများကတော့ ကွာလာလမ်ပူ ဘူတာရုံလက်မှတ်ကိုဝယ်၍ စီးနင်းသွားနိုင်ပါတယ်။
              မလေးရှားမြောက်ပိုင်း ပီနန်း၊ဘက်တာဝပ်၊Alor Setarမှလာကြမဲ့သူများကတော့ ကွာလာလမ်ပူ ကုတတာရာယာကုန်တိုက် အနီး ပူဒူးကားဂိတ်သိ့ဆိုက်ရောက်မှာဖြစ်ပါတယ်။ ကားယဉ်ကြောပိတ်တာကြာတတ်၍ ကားဂိတ်နှင့်၁၅ မိနစ်ခန့်မောင်းရသောဂိတ်ငယ်တွင် ခရီးသည်များကိုဆင်းခိုင်းတတ်ပါတယ်။
             ရပ်ဝေးကနေ ရရာကားစီးလာတဲ့သူငယ်ချင်းများဟာ ကွာလာလမ်ပူကို ညပိုင်း၁၂ ကျော်နှင့် မနက် ၆နာရီကြားရောက်လာပါက အထူးသတိထားရန်မှာကြားခြငိပါတယ်။အဲဒီအချိန်တွေမှာ ကားဌား၍ သူငယ်ချင်းများထံ မသွားကြရန် သတိပေးခြင်ပါတယ်။တချို့နေရာများတွင်နေ့ခင်းပိုင်းတောင်လုယူတာရှိပါတယ်။ ပုံမှန် တက္ကစီဌါးရင်တောင်မှ နှစ်ဆပေးရသည်အချိန်ဖြစ်ပါသည်။နီးစပ်ရာ မိုးအလင်းပေါက်ဖွင့်သည့် အိန္ဒယ မာမားဆိုင်များတွင်နား၍မိုးလင်းမှသာလိုရာခရီးကို ဆက်ကြပါ။မလွဲသာမတတ်သာ၍ ဌားမည်ဆိုပါကလည်း မလေးလူမျိုးနှင် တရုတ်လူမျိုးများမောင်းသော ကားများကိုစီးပါ။သတိတော့ထားပါ။တိုးဂိတ် ကိုကွင်းမောင်းခြင်းများရှိသော်လည်း လမ်းကြောင်းမမှန်ပါက ပြောပါ. ကားခကိုလည်း သေချားမေး၍စီးကြပါ။တက္ကစီ အဌားကောင်တာမှဌားခြငိးကပို၍စိတ်ခြရပါသည်။ဈေးများပါကလည်း၃ ကျပ်၎ကျပ်ပါ။
              ကိုတာရာယာကိုရောက်ရင်လည်း အမှိုက်များကွမ်းသွေး၊ဆေ;လိပ်တို တို့ကို အမှိုက်ပုံးထဲသေချာပြစ်ပါ။MYdin(မိုင်ဒင်း)ကုန်တိုက်ရှေ့တွေက်DBKL'စည်ပင်မှ အမှိုက်များကို စနစ်တကျမစွန့်သူများကိုဖမ်း၍ဒဏ်ရိုက်ပါတယ်။မလေး၃၀နှင့်၅၀ တခုခုရိုက်ပါတယ်.။အရပ်ဝတ်နှင့်လူများကြားတွက်ရှိပါတယ်။သင်အမှိုက်ပစ်လိုက်ပါက လက်ဆွဲ၍ ကောင်တာနသို့ခေါ်သွားပါလိမ့်မယ်။ခါပိုက်နှိုက်များလည်းရှိပါတယ်။မိမိတို့ပိုက်ဆံအိတ်များဖုန်းများကို ဘောင်းဘီရှေ့အိတ်ကပ်များတွင်ထားပါ.နောက်မှာမထားပါနှင့်ဘောက်းဘီပေါ် အင်ကျီးဖုံးဝတ်တာပို၍ကောင်းပါသည်။ခါပိုက်သွတ်များလည်းရှိပါတယ်။ထိုအဖွဲ့က ပို၍ကြောက်စရာကောင်းပါတယ
်။အဆင်မပြေလျှင် ထောင်နန်းစံနိုင်ပါတယ်။ပေးရလျှင်လည်းများပါတယ်။သူတို့ကတော့ မိမိအိတ်ထဲ ကို သူတို့ ပိုက်ဆံအိတ်ထည့်၍ ငွေညှစ်ခြင်းဖြစ်ပါသည်။
           အားလုံးသောသူငယ်ချင်းများ တရုတ်နှစ်သစ်ကူးတွင် ဘေးမသီရန်မခပဲ ပျော်ပျော်ရွင်ရွင်လည်ပတ်နိုင်ကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...