စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အင်ဒိုနီးရှားမှ သက်စွန့် ကြိုးပမ်းကျောင်းတက် ကြရသည့် ကလေးငယ်များ...

အမှတ်တမဲ့ ကြည့် လိုက်ယင်တော့အခုမြင်ရတဲ့ မြင်ကွင်းဟာ နာမည်ကျော် အင်ဒီယာနာဂျူံးနှင့် 
ကျိန်စာသင့် ကျောင်းတော် ဇတ်ကားထဲက ဇတ်ဝင်ခန်းနဲ့ ခပ်ဆင်ဆင်တူနေပါလိမ့် မယ်...
ဒါပေမယ့် တစ်ကယ့် လက်တွေ့ မှာတော့ အဖြစ်မှန်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ လီဘက်ဒေသက က
လေးလူကြီးမရွေး နေ့ စဉ်အလုပ်သွားအလုပ်ပြန်၊ ကျောင်းသွားကျောင်းပြန် မဖြစ်မနေဖြတ်သန်း
သွားလာနေရတဲ့ ခရီးလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်....
အသက်၅ နှစ်အရွယ်ကလေးကစတဲ့ ကျောင်းသားကျောင်းသူလေးများဟာနေ့ စဉ်မပျက်မကွက်
ကျောင်းသွားဖို့ ဆီဘာရန်းမြစ်ကိုဖြတ်ကူးဖို့ ဆောက်လုပ်ထားတဲ့ ပျက်စီးယိုယွင်းနေပြီဖြစ်တဲ့ ကြိုး
ဆိုင်းသစ်သားတံတားပေါ်မှာ အသက်ကိုဖက်နဲ့ ထုပ်ပြီး ကွာကျနေတဲ့ ပျဉ်တွေ၊ ကြိုးတွေကိုတွယ်
ကပ် ဆုပ်ကိုင်ကာ သွားလာနေကြရပါတယ်....

သက်စွန့် ကြိုးပမ်းပညာရှာကြရပါတယ်


ရုပ်ရှင်ထဲကအတိုင်း သဲထိတ်ရင်ဖို စွန့် စားပြီးနေ့ စဉ်ကျောင်းတက်နေကြရတဲ့ ကလေးများ...
လွန်ခဲ့ သည့် ရက်သတ္တပါတ်က ရေကြီးခဲ့ ပြီး ကြိုးတံတားကြီး ထိခိုက်ပျက်စီးခဲ့ ချိန်ကစပြီး နေ့ စဉ်
မြစ်ကူးချောင်းကူးခရီးစဉ်ဟာလည်း အသက်နဲ့ ရင်းပြီးသွားရတယ်လို့ ဆိုရလောက်အောင် အန္တ
ရယ်ကြီးလာတာဖြစ်ပါတယ်...
မြစ်တစ်ဖက်ကမ်းရှိ တံတားအထောက်အကူပြုတိုင်တစ်လုံးပြိုလဲခဲ့ လို့ လမ်းလျှောက်သည့်ပျဉ်
ပြားများခင်းထားသည့် ကြမ်းပြင်တစ်ခုလုံး တစ်ဖက်စောင်းနင်းဖြစ်သွားခဲ့ ရပါတယ်...
တစ်တားရဲ့ တစ်ဖက်ခြမ်းသာ အကောင်းပကတိကျန်နေခဲ့ ပြီး ပျက်စီးသွားသည့် တစ်ခြားတစ်
ဖက်ခြမ်းမှာတော့ လှုပ်ယမ်းယိမ်းနွဲ့ နေသည့် အခြေအနေကိုပဲ သက်စွန့် ဆန်ဖျားကြိုးစားကာ
နေ့ စဉ်ဖြတ်သန်းသွားလာနေခဲ့ ကြရတာဖြစ်ပါတယ်...

တံတားကတော့ အချိန်မရွေးရေထဲပြိုကျ၊ ပြုတ်ကျသွားနိုင်ပါတယ်...

သနားစရာကျောင်းသား၊ ကျောင်းသူ ကလေးငယ်များရဲ့ အန္တရယ်ကြီးလှတဲ့ နေ့ စဉ်
ကျောင်းသွားကျောင်းပြန်ခရီး....
တံတားကြီးဟာအလျင်အမြန်ပဲယိုယွင်းပျက်စီးနေပြီး တံတားရဲ့ အစိတ်အပိုင်းတွေဟာလည်းနေ့ 
စဉ်၊ ညစဉ် ပျက်စီးပျောက်ဆုံးနေပါပြီလို့ ဒေသခံတွေကပြောကြားခဲ့ ကြပါတယ်...
မြစ်တစ်ဖက်ကမ်းမှာနေထိုင်ကြသည့် ကျောင်းသားလူငယ်လေးများကတော့ ကျောင်းတက်ဖို့ အ
ဆိုပါ တံတားပျက်ကိုမဖြစ်မနေဖြတ်သန်းနေကြရပါတယ်....
ထိုတံတားကိုမသုံးပဲ ကျောင်းကိုရောက်ဖို့ တစ်ခြားတံတားကိုသုံးမယ်ဆိုယင် နောက်ထပ်နာရီ
ဝက်ကျော်ထပ်ပြီးလမ်းလျှောက်ကြရမှာပါလို့ ထိုတံတားအားနေ့ စဉ်အသုံးပြုကာဖြတ်ကူးနေရ
သည့် ကျောင်းသူလေး ဆိုဖီယာ ကဆိုပါတယ်...
အကယ်၍တစ်ခြားတံတားအားအသုံးပြုမည်ဆိုပါက နေ့ စဉ်ပင် အိပ်ယာမှစောစောထရမည့် အ
ပြင် အိမ်ပြန်ရောက်တာလည်းနောက်ကျမှာမို့ သူကတော့ ယခုကဲ့ သို့ ပြိုကျပျက်စီးနေသည့် တံ
တားမှ ကြိုးများကိုတွဲခိုကာစွန့် စားသွားရန်အတွက် ကိုသာရွေးချယ်ခဲ့ တယ်လို့ သူမကဆိုခဲ့ ပါ
တယ်....
အဆိုပါမြစ်ဟာ အရှိန်အဟုန်ပြင်းစွာစီးဆင်းနေသောကြည်လင်အေးမြသည့် ရေအလျင်တွင်လှေ
ဖာင်စီးနိုင်ခြင်းကြောင့် အားလပ်ရက်အပန်းဖြေလာရောက်လည်ပါတ်သည့် ခရီးသွားဧည့် သည်
များအကြားနာမည်ထင်ရှားကျော်ကြားပါတယ်...
ကိုပီတာရဲ့အတွေးပုံရိပ်များမှ ကူးယူဖော်ပြသည်....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...