စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သဘာဝအသီးအနှံများနှင့် သဘာဝအလှ


Print Friendly and PDF
လူတစ်ယောက်နဲ့တစ်ယောက်တွေ့ပြီဆိုတာနဲ့ မျက်နှာလေးကို အရင်ဆုံးတွေ့ရမှာနော်။ ကိုယ့်ရဲ့မျက်နှာလေးက ကြည်လင်ဝင်းပပြီး လှပနေတယ်ဆိုရင်ပဲ ကိုယ့်ကိုမြင်တဲ့လူက စိတ်ကြည်နူးမှုကို ပထမဆုံး ခံစားရမှာနော်။ အခုခေတ်သမီးပျိုလေးတွေက ကျောင်းတတ်ရ၊ သင်တန်းတက်ရ၊ အလုပ်လုပ်နေပြီဆိုလည်း အလုပ်တစ်ဖက်နဲ့မို့လို့ မအားရတာနဲ့ကို အလှအပကို အချိန်မပေးနိုင် ဖြစ်နေရမှာနော်။ဒါကြောင့် အလွယ်တကူ အသုံးပြုနိုင်ပြီး ငွေကုန်ကြေးကျမများတဲ့ မီးဖိုချောင်ထဲမှာလည်း အလွယ်တကူရနိုင်တဲ့ နည်းလေးတွေကို မှတ်သားဖူးထား သမျှ ဝေမျှပေးလိုက်ပါတယ်။ မိန်းကလေးများအလှသွေးကြွယ်ပြီး စိတ်ထားလေးပါ မြင့်မြတ်တဲ့ အလှပိုင်ရှင်လေးတွေ ဖြစ်ကြပါစေရှင်။
(၁) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးအတွင်းက အနှစ်သားကို အနယ်ဖြစ်သွားအောင်ချေပြီး(၄) ဇွန်းချိန်ယူလိုက်ပါ။ မုန်လာဥနီ Carrot ကိုလည်း Blender နဲ့ရိုက်ပြီး အရည်နှစ်ဇွန်းရအောင် စီစဉ်ပါ။သခွားရည်ကိုလည်း (၂)ဇွန်းရအောင် Blender နဲ့ပဲ ချေပြီးစစ်ယူပါ။ ဒီ(၃)မျိုးကို ရောပြီး မျက်မှာပေါ်ကို သုတ်လိမ်းပေးပါ။ မလိမ်းခင်မှာတော့ မျက်နှာကို Facial Foam လေးနဲ့ သန့်စင်သွားအောင် သစ်ရမှာဖြစ်တယ်။ အနည်းဆုံး (၁၅)မိနစ်လောက် ထားရမှာပါ၊ ဒီလို လိမ်းထားချိန်မှာ လုပ်စရာ တစ်ခုခုရှိရင် လုပ်နေလို့ရတဲ့အတွက် အချိန်မပုပ်ပါဘူး။ပြီးရင်တော့ ရေအေးအေးမှာ သေချာ ဆေးကြောလိုက်ပါ။အဲဒီအခါမှာ သန့်စင်သွားတဲ့ အရေပြားမှာ ဆီအစအနေတွေ မရှိတော့ဘဲ အရေပြားရဲ့ မွှေးညှင်းပေါက်လေးတွေလည်း ပွင့်သွားပါတယ်။အရေပြားကိုသာမက စိတ်ရွှင်လန်းမှုကိုပါ ခံစားရမှာ ဖြစ်ပါတယ်ရှင်။
(၂) ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အရွက်ရဲ့ လက်နှစ်ဆစ်လောက်ကို ဖြတ်ပြီး၊ အနှစ်တွေကို ဇွန်းလေးနဲ့ အသာကလေးခြစ်ယူလိုက်ရုံ ပါပဲ။အဲဒီအနှစ်ထဲကို ပျားရည်(၂)ဇွန်း၊ ဂျုံနှစ်(၁)ဇွန်း ရောလိုက်ပါ။ ဒီရောထားပြီးသားကို မျက်နှာပြင်သာမက လည်ဂုတ်သားတွေကိုပါ သုတ် လိမ်းလို့ရပါတယ်။ မိနစ်(၂၀)ကနေ နာရီဝက်လောက်အထိ ထားပြီးမှ မျက်နှာကို ရေအေးအေးနဲ့ စင်စင်လေး ဆေးပစ်လိုက်ပါ။
ဒီနည်းနဲ့ သုံးထားတဲ့ ရှားစောင်းလက်ပတ်က ဆံကေသာအတွက်ပါ ကောင်းတဲ့အတွက် ဦးရေပြားမှာလည်း လိမ်းပေးနိုင်ပါတယ်။ (၁၅)ရက် တစ်ကြိမ် လိမ်းပေးခြင်းအားဖြင့် ဆံပင်သန်စွမ် နက်မှောင်မှုကိုပါ ရရှိမှာ ဖြစ်ပါတယ်။
(၃) ငှက်ပျောသီး
ငှက်ပျောသီး မှည့်မှည့်လေးကိုတော့ ရွေးဖို့လိုအပ်ပါတယ်။ ငှက်ပျောသီးနှစ်လုံးကို ကြိတ်ချေပြီး အနှစ်ဖတ်တွေ ဖြစ်အောင် လုပ်ပြီးတဲ့အခါ နွားနို့လက်ဖက်ရည်ခွက်ရဲ့ လေးပုံတစ်ပုံ ရောလိုက်ပါ။ သံပုရာရည်နည်းနည်း၊ ဂျုံနှစ်နည်းနည်းရောပြီး နှံစပ်အောင် မွှေပေးပါ။ပျစ်ပျစ်နှစ်နှစ်လေးနဲ့ သမအောင် မွှေပြီးတဲ့နောက်မှာ မျက်နှာပြင်အနှံ လိမ်းထားလို့ ရပါပြီ။ ဒီအနှစ်တွေကို ခန္ဓာကိုယ်ရဲ့ အရေပြားအနှံ့မှာ သုတ်လိမ်းရင်လည်း ချောမွတ်တင်းရင်း စေနိုင်တယ်။ Silk ပိုးသားတွေလိုပဲ နုအိစေမယ်လို့ ဆိုထားလေရဲ့ရှင်။
ဒီဆေးကို လိမ်းထားရုံနဲ့ အားမရသေးရင်၊ ငှက်ပျောသီးပါးပါးအချပ်ကလေးတွေကို လှီးပြီးတော့လည်း ကပ်ထားလို့ ရပါတယ်။ မိနစ်(၂၀)လောက်ထားရင် အရေပြားဆဲလ်တွေထဲကို ဗီတာမင်ဓါတ်တွေ စိမ့်ဝင်သွားမှာ ဖြစ်ပါတယ်။အဓိကကတော့ အသားကို ချောမွတ်စေပါတယ်။
(၄) သင်္ဘောသီး
သင်္ဘောသီးမှည့်ကို ကြိတ်ချေပြီး အနှစ်ပျစ်ပျစ် ထုတ်ယူပါ။ မြင်းခွာရွက်ကို ကြိတ်ပြီးတော့လည်း အရည်ရအောင် စစ်ထားပါ။ အဲဒီနှစ်မျိုးကို (၂)ဇွန်းစီရောပြီး၊ ပျားရည်ကို (၁)ဇွန်း စပ်လိုက်ပါ။ မျက်နှာပေါ်မှာ လိမ်းပြီးရင် ခြောင်အောင်ထားလိုက်ပါ။ နဖူးနဲ့ မျက်နှာပြင်ပေါ်က အရေးအကြောင်းတွေကို ပျောက်စေပြီး ၊ တင်းတင်းရင်းရင်း ဖြစ်လာပါစေမယ်။သည်နည်းကတော့ နှစ်ဆယ်ကျော် အစိတ်ပိုင်းဆိုရင် သုံးသင့်နေပြီနော်။
သူငယ်ချင်းတွေ အားလုံး အဆင်ပြေ လှပနိုင်ပါစေနော်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...