စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နာမကျန်း ကလေးများရဲ့ မေတ္တာကို သိမ်းပိုက်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း နှင့် R ဇာနည်

PDF Print E-mail
Written by ဇာနည်ညိမ်း   
Saturday, 31 December 2011 16:17

ဒီဇင်ဘာလ ၅ ရက်နေ့က သြစတြေးလျ နိုင်ငံ မဲလ်ဘုန်းမြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းက Royal Children’s Hospital လို့ အမည်ရတဲ့ ကလေးဆေးရုံ သစ်ကြီးကို ရောက်ရှိ သွားခဲ့ပါတယ်။
ဒေးဗစ် ဘက်ခမ်းက နာမကျန်း ဖြစ်နေတဲ့ ကလေးများကို ကိုယ်တိုင်ယုယ နွေးထွေးမှု ပြုတာကြောင့် နာရီပိုင်း အတွင်းကမှ ခွဲစိတ် ကုသမှု ခံယူထားတဲ့ အသက် ၅ နှစ် အရွယ်ရှိ အမ်မလီယာ ဆိုတဲ့ ကလေး မလေးမှာ သူချစ်တဲ့ ဒေးဗစ် ဘက်ခမ်းကို တွေ့မြင်လိုက် ချိန်မှာ နာကျင်မှု ဝေဒနာ တွေကို ယာယီ မေ့ပျောက် သွားတယ်လို့ ဆိုပါတယ်။

ကလေးဆေးရုံ သစ်ကြီးပေါ်ကို ဒေးဗစ်ဘက်ခမ်း ရောက်ရှိ လာခြင်းကြောင့် ကလေးများ အားလုံးနီးပါး သူတို့ရဲ့ နာကျင်မှု ဝေဒနာ တွေကို ခေတ္တမျှ မေ့သွား ခဲ့ကြတာကို တွေ့ကြ ရပါတယ်။ ကလေးငယ် တွေက ဒေးဗစ်ကို တွေ့လိုက်ချိန်မှာ ငိုမဲ့မဲ့ မျက်နှာ ကလေးတွေ ကနေ ပြုံးသွားတဲ့ အထိ ပြောင်းလဲ သွားခဲ့ ကြပါတယ်။ အသက် ၁၉ လ အရွယ် ကလေးငယ် တစ်ဦးရဲ့ မိခင်ဖြစ်တဲ့ အယ်လီဂရား ဖော်ဆန်ဝပ်ဒ်က ဒေးဗစ် အနေနဲ့ အခုလို ခဏ တစ်ဖြုတ် ကလေးငယ် တွေကို လာရောက် အားပေးခြင်းက အင်မတန် ကောင်းမွန်တဲ့ လုပ်ငန်းတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံကို ဒေးဗစ် ဘက်ခမ်းက သူ့အဖွဲ့ နဲ့သူ လာရောက်စဉ် ကလေး ဆေးရုံသို့ ၀င်ရောက် လည်ပတ်ခြင်း ဖြစ်ပါတယ်။ အသက် ၃၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်းက ဘောလုံး ကစားရာမှာ ၄ ဂိုး ၃ ဂိုးနဲ့ Melbourne Victory  အသင်းကို အနိုင်ရရှိ ခဲ့တဲ့အပြင် သူ့ကို Man of the Match အဖြစ်လည်း အရွေးခံ ခဲ့ရပါတယ်။ ဒီပွဲဟာ ဒေးဗစ် အနေနဲ့ LA Galaxy  အသင်းနဲ့ နောက်ဆုံး ကစားတဲ့ပွဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့် လဲဆိုတော့ သူက ပြင်သစ်ဘောလုံး အသင်းဖြစ်တဲ့ Paris St German  အသင်းနဲ့ ဆက်ကစား ဖြစ်နိုင်သလို အမေရိကန် အသင်းကိုလည်း ပြောင်းကောင်း ပြောင်းနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
                         
    မြန်မာ နိုင်ငံက အောင်မြင် ထင်ရှားတဲ့ အဆိုကျော် Rဇာနည်က ဒီဇင်ဘာလ ၂ ရက်နေ့ ညက ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစား ရုံကြီးမှာ IC အဖွဲ့နဲ့ တွဲဖက်ပြီး တစ်ကိုယ်တော် သီဆို ဖျော်ဖြေပွဲ တစ်ရပ်ကျင်းပ ခဲ့ပါတယ်။ ဒီပွဲမှာ ဇနီးဖြစ်သူ ၀မ်းက Rဇာနည် အမှတ်တရ ပစ္စည်းများ ရောင်းချ ပေးခဲ့ပြီး ရောင်းရငွေ အားလုံးကို ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ မိဘမဲ့ ကလေးများကျောင်း၊ ကျိုက်ဝိုင်း လူငယ်သင်တန်း ကျောင်းတို့သို့ သွားရောက်ပြီး လှူဒါန်း ခဲ့ကြတယ်လို့ သိရပါတယ်။ Rဇာနည် တစ်ကိုယ်တော် သီဆိုပွဲမှာ ၀မ်းက တီရှပ်၊ ကော်ဖီခွက်၊ သော့ချိတ်၊ ပန်း အစရှိတဲ့ ပစ္စည်းများ ရောင်းချ ပေးခဲ့ရာ စုစုပေါင်း ကျပ် ၁၈ သိန်းကျော်ဖိုး ရောင်းခဲ့ ရတယ်လို့ သိရပါတယ်။ သွားရောက် လှူဒါန်းတဲ့ နေ့က Rဇာနည် မိသားစု အပြင် အနုပညာ မောင်နှမများ၊ The Trees တေးဂီတ အဖွဲ့သား များလည်း ပါဝင်ကြပြီး ကလေးငယ်များ အတွက်မု့န်များ၊ အရုပ်များနဲ့ ကျပ် ငွေ ၉ သိန်းကို လှူဒါန်းပေးခဲ့ ကြပါတယ်။

ကလေးငယ် များကို ပေးခဲ့ကြတဲ့ အရုပ်များ ကတော့ Rဇာနည်ရဲ့ သား ဖစ်ဖစ်တုန် မွေးနေ့မှာ ရရှိခဲ့တဲ့ အရုပ်များကို ပြန်လည် လှူဒါန်းပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ကျိုက်ဝိုင်း လူငယ် သင်တန်းကျောင်း မှာတော့ ကလေးများကို နေ့လယ်စာ ကျွေးမွေး ပြီး အလှူငွေ ကျပ် ၉ သိန်း ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်။ ကမ္ဘာကျော် ဒေးဗစ် ဘက်ခမ်းနဲ့ မြန်မာကျော် R ဇာနည်တို့ရဲ့ လူမှုရေး ဆောင်ရွက်ချက် များကို ရွှေချစ်သူ စာဖတ် ပရိသတ်များ ကြည်နူးသာဓု ခေါ်နိုင်စေဖို့ ဖော်ပြ ပေးလိုက်ပါတယ်။
ဇာနည်ညိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
 အနုပညာရှင်များ၊ကြွယ်ဝချမ်းသာသူများ အနေဖြင့်မိမိတိုပိုင်ဆိုင်သော အချိန်၊ငွေကြေးလေးများကို
တပ်နိုင်သမျှ ဖဲ့ပေးရုံဖြင့် တခြားသူတိုအပေါ်မှာ များစွာအကျုးကြီးစေပါတယ်။မိမိတို့ပေးဆပ်လိုက်သော
သူတို၏ မေတ္တာကိုသာ ရရုံတင်မက အများပြည်သူတိုက ပိုမိုချစ်ခင် ယုံကြည်မူပါ ရရှိနိုင်ပါသည်။
မောင်မြင့်(စိတ်ကူးပျော်ရာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...